မီးမတယော့-က်ရဲ့ ယောင်ကြည်ရှင်းကြောန်း
21 ယေရှုဟှာ အယ်မူရပ်ဟှနေ ထွပ်ခွာတော်မူဘီးဟှာ တုရုဗြို့န ဇိဒုန်ဗြို့ရဲ့ ကျေးဝါလေဟှို ကြွဟှားလေဟှယ်။ 22 အယ်ဒေသမာနေဟှူ ခါနာန်လူမျိုးဖြစ်ဟှူ မီးမတယော့-က်ဟှာ ကိုယ်တော်နားဟှို လာဘီး "သခင်၊ ဒါဝိဒ်ရဲ့သားတော်! ကျွန်မဟှို သနားတော်မူပါ! ကျွန်မသမီးဟှာ နတ်ဆိုးဝမ်ဘီး ရရာတိုင်း နှိစစ်ခံနေရပါဟှယ်" ဆိုဘီး အော်ဟစ်လေဟှယ်။
23 အယ်ဘေမဲ့ ကိုယ်တော်ဟှာ စကားတခွန်းလည်း ပ္လန်ပြောဟှ။ တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဘီးဟှာ "အယ်မီးမဟှို ဝီးဂီးဟှို သွားစေတော်မူပါ! သူဟှာ အော်ဟစ်ဆူညံဘီး နော့-က်ဟှနေ လိုက်နေပါဟှယ်!" ဆိုဘီး တောန်းလျှော့-က်ဂေ့လေဟှယ်။
24 ကိုယ်တော်ဟှ "ငါဟှာ ဣသရေလလူမျိုးလေရဲ့ ပျော့-က်နေဟှူ သိုးလေနားဟှိုဘဲ့ စေလွတ်ရှင်းခံရဟှယ်" ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
25 အယ်မီးမဟှာ လာဘီး ကိုယ်တော်ရှေ့မာ ပျပ်ဝပ်ဘီး "သခင်၊ ကျွန်မဟှို ကယ်မတော်မူပါ!" ဆိုဘီး လျှော့-က်လေဟှယ်။
26 ယေရှုဟှ "သားမီးလေရဲ့ စားဇာဟှို ယူဘီးဟှာ ခွီးဟှို ကျွေးအပ်ဟှ" ဆိုဘီး မိန့်တော်မူလေဟှယ်။
27 အယ်မီးမဟှလည်း "မှန်ပါဟှယ်သခင်၊ ခွီးလေဟှာ သူးနို့သခင်ရဲ့ စားဗွဲဟှ က္လလာဟှူ စားကြွင်းစားကျန်လေဟှို စားရဂေ့ပါဟှယ်" ဆိုဘီး လျှော့-က်လေဟှယ်။
28 အယ်ကြောန့် ယေရှုဟှ "နန်ဟှာ ယောင်ကြည်မှုကီးမားဟှူ မီးမဖြစ်ဟှယ်! နန့်အလိုရှိဟှူတိုင်း နန့်မာဖြစ်စေ" ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။ အယ်ခီမာဘဲ့ အယ်မီးမရဲ့ သမီးဟှာ ကျန်းမာဟှားလေဟှယ်။