3 ကိုယ်တော်ဟှ "ဖြားဖြစ်ကြောန့် ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ခ္လိုးဖော့-က်ဘီးဟှာ နန်းနို့လေရဲ့ ထောင်းဒန်းစဉ်လာလေဟှို လိုက်နာကျင့်သောင်းဂေ့နူး။ 4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ပညတ်တော်ဟှ ‘မိဖဟှို ရိုသေပါ။ မိဖဟှို ကီဆဲဟှူ သူဟှာ သေဒန်က္လခံစေ’ ဆိုဘီး မိန့်တော်မူဟှားဟှယ်။ 5 အယ်ဘေမဲ့ နန်းနို့လေ သွန်သန်ဇာဟှ တဇောင်တယော့-က်ဟှာ ကိုယ့်ဖ အယ်မျိုးမှုဘဲနေဟှာ ကိုယ့်မိဟှို ပေးကမ်းထော့-က်ပံ့ဟှို့တွပ် ပစ်စီး အောက်စာလေရှိဟှူ လည်းဘဲ့ အယ်ပစ်စီး အောက်စာလေဟှာ ‘ဘုရားသခင်တွပ် လှူဝတ္ထုဖြစ်ဟှယ် ဆိုဘီး ပြောလေဟှယ်။’ 6 အယ်သူဟှာ ကိုယ့်ဖ၁၅.၆ ကိုယ့်ဖ၊ တချို့ မူရင်းလတ်ရေးမူလေမာ သူးနို့လေရဲ့ဖ အယ်မျိုးမှုဘဲနေဟှာ သူးနို့လေရဲ့မိ၊ ဆိုဘီး ပါရှိဟှယ်။ဟှို ဂေါင်ပြုဟှို့လိုအပ်ဟှ ဆိုဘီး သွန်သန်ပေးလေဟှယ်။ အယ်မျိုးဘဲ့ နန်းနို့လေဟှာ နန်းနို့ရဲ့ ထောင်းဒန်းစဉ်လာလေတွပ် ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ပယ်ဂေ့လေဟှယ်။