ဖာရိရှဲန ဇဒ္ဒုကဲလေရဲ့ တဆေးကြောန်း
5 တဗဲ့တော်လေဟှာ အိုင်ရဲ့ဟှို့ဖတ်ကမ်းဟှို ကူးဟှားခီမာ စားဇာလေဟှို ယူလာဟှို့တွပ် မေ့ဟှားဂေ့လေဟှယ်။ 6 ၁၆.၆ လု ၁၂.၁ယေရှုဟှ "နန်းနို့လေဟှာ ဖာရိရှဲန ဇဒ္ဒုကဲလေရဲ့ တဆေးဟှို ဒိထားဘီး ရှောန်ဂေ့ပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။
7 တဗဲ့တော်လေဟှာ "နို့လေဟှာ စားဇာသယ်လာဘဲဟှိကြောန့် အယ်မျိုး မိန့်တော်မူဇာဖြစ်ဟှယ်" ဆိုဘီး သူးနို့ရှင်းရှင်း ပြောဆိုဂေ့လေဟှယ်။
8 အယ်မျိုး ပြောနေဂေ့ဟှူဇာဟှို ယေရှုသိတော်မူဟှူ ခီမာ "ယောင်ကြည်ရှင်း အားနဲဟှူလူလေ! နန်းနို့လေဟှာ စားဇာပါလာဘဲဟှူ ကြောန်းဟှို ဖြားဖြစ်ကြောန့် ဆွေးနွေး ပြောဆိုနေဂေ့နူး။ 9 ၁၆.၉ မ ၁၄.၁၇–၂၁နန်းနို့လေဟှာ ခုခီထိ နားလည်သေးဟှလော။ မုငါးလောင်းဟှို လူ ��,������ စားဘီး၊ ဖယ်လော့-က်တောန်း ကော့-က်သီးရဂေ့ဟှူဇာန၊ 10 ၁၆.၁၀ မ ၁၅.၃၄–၃၈မုခွန်နစ်လောင်းဟှို လူ ��,������ စားဘီး၊ ဖယ်လော့-က်တောန်း ကော့-က်သီးရဟှူဇာဟှို မှတ်မိဂေ့ဟှမ်းလော။ 11 မုကြောန်းဟှို နန်းနို့လေဟှို ပြောနေဇာ မှုဟှ ဆိုဇာဟှို ဖြားဖြစ်ကြောန့် နန်းနို့နားလည်ဂေ့ဘဲနေနူး၊ ဖာရိရှဲန ဇဒ္ဒုကဲလေရဲ့ တဆေးဟှို ဒိနရှောန်ဂေ့!" ဆိုဘီး မိန့်တော်မူဟှယ်။
12 အယ်ဘီးန တဗဲ့တော်လေဟှာ မုမာသောင်းပြုဟှူ တဆေးဟှို ရှောန်ရဟှို့မှုဘဲန ဖာရိရှဲန ဇဒ္ဒုကဲလေရဲ့ ဩဝါဒဟှို ဒိထားဟှို့ မိန့်တော်မူကြောန်း နားလည်ဟှားဂေ့ဟှယ်။