ကောန်သားထဲဟှ နတ်ဆိုးဟှို နှန်ထုဟှူကြောန်း
14 ကိုယ်တော်န တဗဲ့တော်လေဟှာ လူအောက်ဂီးနားဟှို ရော့-က်လာခီမာ လူတယော့-က်ဟှ ယေရှုရှေ့မာ ဒူးထော့-က်ဘီး 15 "သခင်၊ ကျွန်တော်ရဲ့ သားဟှို သနားတော်မူပါ! သူဟှာ ဝပ်ရူးပ္လန်ရောဂါစွဲဘီး မီးထဲရေထဲဟှို ခါဘီးခါ လဲက္လတတ်ပါဟှယ်။ 16 ကိုယ်တော်ရဲ့ တဗဲ့တော်လေနားဟှို ခေါ်လာဘေမဲ့ သူးနို့လေဟှာ သူဟှို ကျန်းမာပေးနိုင်ဂေ့ဟှ" ဆိုဘီး လျှော့-က်လေဟှယ်။
17 ယေရှုဟှ "ယောင်ကြည်ရှင်းမှေ့ဘဲန ဖော့-က်ပ္လန်တတ်ဟှူ လူလေ! ငါဟှာ နန်းနို့လေနတူးဒူ ဖယ်မျှကြာအောန် နေရဟှို့နူး၊ နန်းနို့လေဟှို ဖယ်မျှကြာအောန် သီးခံရအူးမယ်နူး၊ ကောန်သားဟှို ငါ့နားဟှိုခေါ်လာဂေ့!" ဆိုဘီး မိန့်တော်မူလေဟှယ်။ 18 ယေရှုဟှ နတ်ဆိုးဟှို ထွပ်ဟှားဟှို့ မိန့်ပေးလိုက်ဟှူ ခီမာ နတ်ဆိုးဟှာ အယ်မူကောန်သားထဲဟှနေ ထွပ်ဟှားလေဟှယ်။ အယ်ခီမာဘဲ့ အယ်ကောန်သားလည်း ကျန်းမာဟှားလေဟှယ်။