ဗိမာန်တော် ခွန်ပေးဆောန်ဟှူကြောန်း
24 ကပေရနောင်ဗြို့ဟှို သူးနို့ရော့-က်လာဟှူ ခီမာ ဗိမာန်တော် ခွန်ကော့-က်မားလေဟှာ ပေတရုနားဟှို လာဘီး "နန့်ရဲ့ ဆရာဟှာ ဗိမာန်တော်ခွန်ဟှို ပေးဘဲ့လော" ဆိုဘီး မေးဂေ့ဟှယ်။
25 ပေတရုဟှ "ပေးပါဟှယ်" ဆိုဘီး ဖြေလေဟှယ်။
ပေတရုဟှ အီထဲဟှို ဝမ်လာခီမာ ယေရှုဟှ "ရှိမုန်၊ နန်ဖယ်မျိုးထန်နူး။ လောကမာရှိဟှူ မန်းဂီးလေဟှာ ဖယ်သူ့နားဟှနေ ခွန်ကော့-က်ဂေ့နူး။ သူးနို့သားလေ နားဟှလော။ ခြားသူလေ နားဟှလော" ဆိုဘီး မေးလေဟှယ်။
26 ပေတရုဟှ "ခြားသူလေဘဲ့ ပေးရပါဟှယ်" ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။
ယေရှုဟှ "အယ်ဆိုဟှာ သားလေဟှာ ကန်းလွတ်ခွမ့်ရဂေ့ဟှယ်။ 27 အယ်ဘေမဲ့ အယ်သူလေဟှို မှားယွင်းစေရှင်ဟှ။ အယ်ကြောန့် အိုင်ထဲဟှို သွားဘီးဟှာ ငါးဟှိုမျှားလော။ ရင်ဦးဆောင်းရလာဟှူ ငါးဟှို ယူဘီးဟှာ ဇပ်ပေါ့-က်ဟှို ဖွမ့်လိုက်ပါ။ ငွေဒင်္ဂါးတပ္လားဟှို တွိရလေ့မယ်။ အယ်ဒင်္ဂါးဟှို ယူဘီးဟှာ နန့်နငါ့တွပ် ဗိမာန်တော်ခွန်ဟှို ပေးလိုက်ပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။