23 အယ်န ယေရှုဟှ တဗဲ့တော်လေဟှို "ငါ မှန်ပြောမယ်၊ ပစ်စီးအောက်စာ ကြွယ်ဝဟှူ သူလေဟှာ ဘုရားသခင်ရဲ့ ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်နိုင်ဟှို့ ရရတိုင်း ခတ်လေဟှယ်။ 24 ငါထပ်ပြောအူးမယ်။ ပစ်စီးအောက်စာ ကြွယ်ဝဟှူ သူလေဟှာ ဘုရားသခင်ရဲ့ ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်နိုင်ဟှို့ထတ် ကုလားအုတ်ဟှာ အပ်ခေါန်းပေါ့-က်ဟှို လျှိုဟှို့ ပိုဘီး လွယ်ကူဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
25 တဗဲ့တော်လေဟှာ အယ်စကားဟှို ကြားဟှူ ခီမာ သူးနို့ဟှာ ရရာတိုင်း အံ့ဩဟှားဘီး "အယ်ဆိုဟှာ ဖယ်သူလေဟှာ ကယ်တန်ဇာဟှို ခံရနိုင်မယ်နူး" ဆိုဘီး မေးလျှော့-က်ဂေ့လေဟှယ်။
26 ယေရှုဟှ သူးနို့လေဟှို ကေ့ဘီးဟှာ "အယ်မှုဟှို လူတတ်နိုင်ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ ဂူလောင်းဟှို တတ်နိုင်တော်မူလေဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။