ရှေ့တိုင်းပြည်ဟှ ပညာရှိလေကြောန်း
1 ယုဒပြည်ဗက်လင်ဗြို့ ဟေရုဒ်မန်းဂီး လတ်ထတ်မာ ယေရှုဟှို မွီးဖွားတော်မူဟှယ်။ မာဂုပညာရှိလေဟှာ ရှေ့တိုင်းပြည်ဟှနေ ယေရုရှလင်ဗြို့ဟှို ရော့-က်လာဘီးဟှာ၊ 2 "ခုမွီးဖွားလာဟှူ ယုဒမန်းဂီးဟှာ ဖယ်မာရှိနူး။ ရှေ့တိုင်းပြည်ဟှနေဘီး သူ့ရဲ့ ကြယ်ဟှို နို့လေ ဗြင်ရဂေ့ဟှူကြောန့် ရှိခိုးပူဇော်ဟှို့တွပ် ရော့-က်လာဂေ့ဟှယ်" ဆိုဘီး မေးဂေ့လေဟှယ်။
3 အယ်မူစကားဟှို ကြားလိုက်ဟှူ ခီမာ ဟေရုဒ်မန်းဂီးန ယေရုရှလင်ဗြို့ဟှ လူလေ ဂူလောင်းဟှာ ပူပန်သောက ရော့-က်ဂေ့ဟှယ်။ 4 ယဇ်ပုရောဟိတ်ဂီးလေ၊ ဘာသာရေး ခေါန်းဆောန်လေန ကျမ်းပြုဆရာရှိမျှဟှို စုဝေးခေါ်ဘီးဟှာ "ခရစ်တော်ဟှာ ဖယ်ရပ်မာ မွီးဖွားလာမယ်နူး" ဆိုဘီး မေးလေဟှယ်။
5 ကျမ်းပြုဆရာလေဟှလည်း "ယုဒပြည်ဗက်လင်ဗြို့မာ မွီးဖွားပါလေ့မယ်။ ပရောဖက်တပါး ရေးဟှားဇာဟှ၊
6 " ‘ယုဒပြည် ဗက်လင်ဗြို့၊
စိုးရဟှူ ယုဒဗြို့လေထဲမာ နန်ဟှာ ဗြို့ငယ်မှုဟှ။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ရဲ့ဣသရေလလူမျိုးဟှို အောက်စိုးဟှို့သခင်ဟှာ
နန်းနို့ထဲမာ ပေါ်ထွပ်လေ့မယ်’ " ဆိုဘီး ပ္လန်ဖြေဂေ့လေဟှယ်။
7 အယ်ဘီးန ဟေရုဒ်မန်းဂီးဟှာ မာဂုပညာရှိလေဟှို တိတိဟှားခေါ်ဘီးဟှာ ကြယ်ပေါ်ထွပ်ဟှူ ခီကာလဟှို သေးသေချားချာဟှား သိဟှားလေဟှယ်။ 8 "နန်းနို့လေသွားဘီးဟှာ အယ်သားဂန်းဟှို သေးသေချားချာရှာဂေ့။ တွိဟှယ် ဆိုဟှာ ငါလည်း ရှိခိုးပူဇော်ရှင်ကြောန့် ပ္လန်လာဘီး ပြောဂေ့ပါ" ဆိုဘီး ဗက်လင်ဗြို့ဟှို လွှတ်လိုက်လေဟှယ်။
9 မာဂုပညာရှိလေလည်း မန်းဂီးရဲ့ စကားဟှို နားထောန်ဘီးဟှာ ထွပ်လာဂေ့ဘီးန ရှေ့ပြည်မာ ဗြင်ဟှားဟှူကြယ်ဟှာ သူးနို့ရှေ့မာသွားဘီးဟှာ သားဂန်းဟှားရှိဟှူ နေရာထတ်ဟှို ရော့-က်ဟှားခီမာ ရွေ့ဘဲန ရပ်ဘီးနေလေဟှယ်။ 10 အယ်ကြယ်ဟှို ပ္လန်ဘီးဗြင်ရခီမာ မာဂုပညာရှိလေဟှာ ရရာတိုင်းဝန်းသာဂေ့ဟှယ်! 11 သူးနို့ဟှာ အီထဲဟှို ဝမ်ဟှားဇာ မိခင်မာရိနတူးဒူ သားဂန်းဟှားဟှို ဗြင်ဟှားခီမာ ပျပ်ဝပ်ကိုးကွယ်လေဟှယ်။ သူးနို့ဟှာ ယူဆောန်လာဟှူ ဘဏ္ဍာသစ်တာလေဟှို ဖွမ့်ဘီး လောဗန်၊ မုရန်န ရွှေလေဟှို ပူဇော်ဂေ့လေဟှယ်။
12 အယ်ဘီးန ဟေရုဒ်မန်းဂီးနားဟှို ပ္လန်ဂေ့န ဆိုဘီး ဘုရားသခင်ဟှာ အိမတ်အားဖြင့် ဒိပေးဟှူကြောန့် သူးနို့ပြည်ဟှို တခြားလမ်းဟှနေဘီး ပ္လန်ဟှားဂေ့လေဟှယ်။