မိခင်တယော့-က်ရဲ့ တောန်းဆိုဟှူကြောန်း
20 အယ်ဘီးန ဇေဗေဒဲရဲ့ မီးမဟှာ သူ့သားနှေ့ယော့-က်နတူးဒူ တခုခုဟှို တောန်းဟှို့တွပ် ယေရှုနားဟှို လာဘီး ပျပ်ဝပ်လေဟှယ်။
21 ယေရှုဟှ "ဖြားဇာလိုရှင်နူး" ဆိုဘီး မေးလေဟှယ်။
အယ်မီးမဟှ "ကိုယ်တော်ရဲ့ နိုင်ငံတော်မာ ကျွန်မရဲ့ သားနှေ့ယော့-က်ဟှို ကိုယ်တော်ရဲ့ ညာဖတ်မာတယော့-က် ကိုယ်တော်ရဲ့ ဘယ်ဖတ်မာတယော့-က် ထိုင်စေတော်မူပါ" ဆိုဘီး တောန်းလျှော့-က်လေဟှယ်။
22 ယေရှုဟှ "နန်းနို့လေဟှာ ဖြားဇာလေ တောန်းလျှော့-က်နေဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့ဟှ။ ငါသော့-က်ရဟှို့ ဒေါက်ခဝေဒနာခွပ်ဟှို့ နန်းနို့သော့-က်နိုင်ဘဲ့လော" ဆိုဘီး မေးတော်မူလေဟှယ်။
သူးနို့ဟှလည်း "ကျွန်တော်ဟှားလေ သော့-က်နိုင်ပါဟှယ်" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
23 ကိုယ်တော်ဟှ "ငါ့ရဲ့ခွပ်ဟှို နန်းနို့လေဟှာ သော့-က်ရလေ့မယ်။ အယ်ဘေမဲ့ ငါ့ရဲ့ ညာဖတ်န ဘယ်ဖတ်မှာ ထိုင်ရဟှို့ခွမ့်ဟှို ငါပေးပိုင်ဟှ။ အယ်နေရာဟှာ ငါ့ရဲ့ဖ ပြင်ဆင်ဟှားဟှူ သူလေတွပ်ဘဲ့ ဖြစ်လေဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။