Pular para o conteúdo
Publicidade

မဿဲ 21

18 ယေရှုဟှာ မိုးလန်းစောစောဂီး ဗြို့ဟှို ပ္လန်ကြွလာဟှူ ခီမာ ဗိုက်ဆာတော်မူလေဟှယ်။ 19 ကိုယ်တော်ဟှာ လမ်းဘေးမာ သဖန်းဗန်တဗန်ဟှို ဗြင်ဘီး အယ်ပန်နားဟှို ကြွတော်မူလေဟှယ်။ အယ်ဘေမဲ့ ပန်ထတ်မာ ဝပ်လေဟှိုဘဲ့ တွိဟှူကြောန့် ကိုယ်တော်ဟှ "နန်ဟှာ ခုခီဟှနေစဘီး ကာလစဉ်ဆစ် လောင်းဝ သီးသီးစေန!" ဆိုဘီး အယ်ပန်ဟှို မိန့်တော်မူလေဟှယ်။ အယ်မူခီမာ သဖန်းဗန်ဟှာ တခါဒဲ သွိခြော့-က်ဟှားလေဟှယ်။

20 တဗဲ့တော်လေဟှာ အယ်မူဇာဟှို ဗြင်ဘီးဟှာ အံ့ဩဂေ့လေဟှယ်။ သူးနို့ဟှ "သဖန်းဗန်ဟှာ ဖယ်မျိုးဖြစ်ဟှူကြောန့် တခါဒဲ သွိခြော့-က်ဟှားရနူး" ဆိုဘီး သူးနို့ရှင်းရှင်း မေးဂေ့လေဟှယ်။

21 ၂၁.၂၁ မ ၁၇.၂၀; ၁ ကော ၁၃.၂ ယေရှုဟှ "ငါ မှန်ပြောမယ်၊ နန်းနို့လေဟှာ သံသယမှေ့ဘဲန ယောင်ကြည်မယ် ဆိုဟှာ သဖန်းဗန်ဟှို ငါပြုဟှူမျိုး နန်းနို့ပြုနိုင်ဘီး အယ်ထတ်မက အယ်တောန်ဟှို ‘အယ်နေရာဟှနေရွေ့ဘီး ပန်လယ်ထဲဟှို က္လစေ’ ဆိုဘီး ပြောမယ် ဆိုဟှာ ပြောဟှူတိုင်း ဖြစ်လေ့မယ်။ 22 နန်းနို့လေ ယောင်ကြည်မယ် ဆိုဟှာ တောန်းလျှော့-က်ဟှူမျှဟှို ရဂေ့လေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။

ယေရှုရဲ့ အခွမ့်အာဏာ

(မာကု ၁၁.၂၇–၃၃; လုကာ ၂၀.၁–၈)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.