23 "အယ်ဘီးဟှာ ယော့-က်ယော့-က်ဟှ နန်းနို့ဟှို အယ်မျိုးပြောမယ် ဆိုဟှာ ‘ကေ့ကေ့ပါ။ အယ်နေရာမာ ခရစ်တော်ရှိဟှယ်!’ အယ်မျိုးမှုဘဲနေဟှာ ‘ဟှိုနေရာမာ ခရစ်တော်ရှိဟှယ်!’ ဆိုဟှာ ယောင်ကြည်ဂေ့န။ 24 ဖြားဖြစ်နူးဆိုဟှာ မေရှိယ တုယောန်လေန ပရောဖက် တုယောန်လေဟှာ ပေါ်လာဘီး သူးနို့ဟှာ ဖြစ်နိုင်မယ် ဆိုဟှာ ဘုရားသခင် ဝီးကော့-က်ဟှားဟှူ လူလေဟှိုလည်း လှည့်ဇားဟှို့တွပ် ကီးမားဟှူ နိမိတ်လတ်ခဏာလေန အံ့ဩဘွယ်လေဟှို ပြဂေ့လေ့မယ်။ 25 နားထောန်ဂေ့! အယ်မူဇာလေဖြစ်ခန် နန်းနို့လေဟှို ငါပြောဟှားဘီ။"
26 ၂၄.၂၆,၂၇ လု ၁၇.၂၃,၂၄ "အယ်ကြောန့် လူလေဟှ ‘ကေ့ကေ့ပါ။ မေရှိယဟှာ တောထဲမာရှိဟှယ်!’ ဆိုဘီး ပြောမယ် ဆိုဟှာ အယ်နေရာဟှို သွားဂေ့န။ ‘အီခန်းထဲမာရှိဟှယ်!’ ဆိုဘီး ပြောမယ် ဆိုဟှာလည်း ယောင်ကြည်ဂေ့န။