ဆင်းရဲဒေါက်ခလေန ညှဉ်းဆဲနှိစစ်မှုလေကြောန်း
3 ယေရှုဟှာ သံလွင်တောန်ထတ်မာ ထိုင်နေဟှူခီ တဗဲ့တော်လေဟှာ တခြားလူလေပါဘဲန ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ သူးနို့ဟှ "အယ်မူဇာလေဟှာ ဖယ်ခီမာ ဖြစ်မယ်နူး၊ ကိုယ်တော်ကြွလာဟှူခီန ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြားနိမိတ်လေ ဖြစ်ပေါ်လာမယ်နူး၊ ကျွန်တော်ဟှားလေဟှို မိန့်တော်မူပါ" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။