သစ်စာရှိဟှူ စေခံန သစ်စာမှေ့ဘဲဟှူ စေခံကြောန်း
45 "အယ်ဆိုဟှာ သစ်စာန ပညာရှိဟှူ စေခံဟှ ဖယ်သူနူး။ တခြားစေခံလေဟှို အောက်ချောက်ဟှို့တွပ်န ခီတန်ဟှာ စားဇာလေ ထုပေးဟှို့ သူ့သခင် ခန့်ဟှားဟှူ သူဖြစ်ဟှယ်။ 46 သူ့သခင်ပ္လန်လာဟှူ ခီမာ အယ်မူတိုင်းဘဲ့ လောက်ဆောန်နေဇာဟှို သခင်တွိမယ် ဆိုဟှာ အယ်စေခံဟှာ မင်္ဂလာရှိဟှယ်! 47 ငါ မှန်ပြောမယ်၊ သခင်ဟှာ သူ့ရဲ့ ပစ်စီးအောက်စာလေ ဂူလောင်းဟှို စီမံအောက်ချောက်ဟှို့တွပ် အယ်စေခံဟှို ခန့်ဟှားလေ့မယ်။ 48 အယ်ဘေမဲ့ ဆိုးဟှူစေခံဟှ သူ့ရဲ့စိထဲမာ ‘ငါ့သခင်ဟှာ တော်တော်န လာဟှို့ မှုဟှ’ ဆိုဘီး ပြောဘီးန၊ 49 တခြားကျွန်လေဟှို ရိုက်ဘီးဟှာ ရစ်သမားလေန သော့-က်စားနေလေဟှယ်။ 50 အယ်ကျွန်ရဲ့ သခင်ဟှာ သူမျှော်လင့်ဘဲဟှူ နေ့ရစ်၊ ကြားသိဘဲဟှူ ခီနာရီမာ ရော့-က်လာလေ့မယ်။ 51 အယ်စေခံဟှို ကီးမားဟှူ ပြစ်ဒန်ပေးဘီးဟှာ၂၄.၅၁ ကီးမားဟှူ ပြစ်ဒန်ပေးဘီးဟှာ၊ အယ်မျိုးမှုဘဲနေဟှာ သူ့ဟှို နှန်ထုပါ။ သူတော်ကောန်း ယောန်ဆောန်ဟှူ သူလေနတူးဒူ နေရလေ့မယ်။ အယ်နေရာမာ သူဟှာ ငိုကြွေးဘီး၊ အံသွားခဲက္လိဘီးဟှာ နေရလေ့မယ်။"