ယေရှုဟှို သတ်ဟှို့တွပ် ကြံစည်ဟှူကြောန်း
1 အယ်မူဇာလေဂူလောင်းဟှို သွန်သန်တော်မူဘီးန ယေရှုဟှ တဗဲ့တော်လေဟှို၊ 2 "ပသခါပွဲတော်ကျင်းပဟှို့ နှေ့ရစ်ဘဲ့လိုဘီ ဆိုဇာဟှို နန်းနို့ သိဂေ့လေဟှယ်။ အယ်ခီမာ လူ့ရဲ့သားဟှို လတ်ဝါးကပ်တိုင်မာ ရိုက်သတ်ဟှို့တွပ် အပ်ဂေ့လေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
3 အယ်ခီမာ ယဇ်ပုရောဟိတ်ဂီးလေန ဘာသာရေးခေါန်းဆောန်လေဟှာ ကယာဖဆိုဘီး နာမယ်ရှိဟှူ ယဇ်ပုရောဟိတ်မန်းရဲ့ အီဝမ်းထဲမာ စုဝီးဂေ့ဟှယ်။ 4 အယ်ဘီးဟှာ သူးနို့လေဟှ ယေရှုဟှို တိတိဆိဆိဟှား ဖမ်းဘီး သတ်ဟှို့တွပ် တိုင်ဗန်ဂေ့ဟှယ်။ 5 သူးနို့လေဟှ "အယ်ဘေမဲ့ ပွဲတော်ရစ်မာ ဖမ်းနအူး။ လူလေထဲမာ ရုန်းရင်းဆန်ခတ် ဖြစ်ဂေ့လေ့မယ်" ဆိုဘီး ပြောဂေ့ဟှယ်။
ဘိသိခံဟှူကြောန်း
6 ယေရှုဟှာ ဗေသနိဝါ နူနာသယ်ရှိမုန်ရဲ့ အီမာ ရှိနေဘီး၊ 7 ၂၆.၇ လု ၇.၃၇,၃၈စားဇာသောင်းဆောန်နေဒူးမာ ဖိုးကီးဟှူ ဆီမွှီးန ပ္လဲ့နေဟှူ က္လော့-က်ဖ္လူဖူးဟှို ယူလာဟှူ မီးမတယော့-က်ဟှာ ကိုယ်တော်နားဟှို ရော့-က်လာဘီး သူဟှာ ကိုယ်တော်ရဲ့ ခေါန်းထတ်ဟှို လောန်းခ္လလေဟှယ်။ 8 အယ်မူဇာဟှို တဗဲ့တော်လေဗြင်ဟှားဘီး စိဆိုးဂေ့လေဟှယ်။ "ဖြားဖြစ်ကြောန့် အယ်မျိုးဖ္လူးပစ်ရနူး။ 9 အယ်ဆီမွှီးဟှို ဆေးဂီးဂီးန ရောန်းဘီးဟှာ ဆင်းရဲသားလေဟှို ပေးကမ်းနိုင်ဟှယ်!" ဆိုဘီး ပြောလေဟှယ်။
10 ယေရှုဟှာ သူးနို့ပြောနေဇာဟှို သိဟှူ ခီမာ သူးနို့လေဟှို "ဖြားဖြစ်ကြောန့် အယ်မီးမဟှို နှော့-က်ယှစ်ဂေ့နူး။ သူဟှာ ငါ့တွပ်ကောန်းဟှူမှုဟှို ပြုလေဟှယ်။ 11 ဆင်းရဲသားလေဟှာ နန်းနို့လေနတူးဒူ မြဲဒမ်း ရှိနေလေ့မယ်။ အယ်ဘေမဲ့ ငါဟှ နန်းနို့နတူးဒူ မြဲဒမ်း ရှိနေဟှို့ မှုဟှ။ 12 အယ်မီးမဟှာ ငါ့ကိုယ်ထတ်ဟှို ဆီမွှီးလောန်းဇာဟှာ ငါ့ဟှို သင်္ဂြိုဟ်ဟှို့တွပ် ပြင်ဆင်ဟှူဇာဖြစ်လေဟှယ်။ 13 ငါ မှန်ပြောမယ်၊ ဒန်းကောန်းဟှို ကမ္ဘာရပ်ရပ်မာ ဟောပြောဟှူ ခီတိုင်း အယ်မီးမဟှို အော့-က်မေ့စေဟှို့တွပ် သူပြုဟှားဟှူ အယ်မျိုးမှုရာဟှို ပြောဂေ့လေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
သစ်စာဖော့-က်ဟှို့ ယုဒကြံစည်ဟှူကြောန်း
14 အယ်ဘီးန တဗဲ့တော် ဆယ်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒရှကာရုတ်ဟှာ ယဇ်ပုရောဟိတ်ဂီးလေနားဟှို သွားဘီး၊ 15 "ယေရှုဟှို နန်းနို့လေရဲ့ လတ်ထဲဟှို အပ်ပေးမယ် ဆိုဟှာ ကျွန်တော်ဟှို ကပ်ဖယ်လော့-က် ပေးဟှို့နူး" ဆိုဘီး မေးလေဟှယ်။ အယ်ကြောန့် အယ်သူလေဟှ ငွေဒန်းဂါး သောင်းဆယ်ဟှို ရေတွပ်ဘီးဟှာ သူ့ဟှို ပေးလေဟှယ်။ 16 အယ်ခီဟှနေဘီး ယုဒဟှာ ယေရှုဟှို သစ်စာဖော့-က်ဟှို့တွပ် ခွမ့်ရေးကောန်းဟှို ရှာကြံလေဟှယ်။
တဗဲ့တော်လေနတူးဒူ ပသခါ စားဗွဲစားဟှူကြောန်း
17 တဆေးပါဘဲဟှူ မုပွဲတော်ရဲ့ ဦးဆောင်းနေ့မာ တဗဲ့တော်လေဟှာ ယေရှုနားဟှို လာဘီး "ပသခါ စားဗွဲဟှို ကိုယ်တော် သောင်းဆောန်ဟှို့တွပ် ကျွန်တော်ဟှားလေ ဖယ်နေရာမာ ပြင်ရမယ်နူး" ဆိုဘီး မေးလျှော့-က်ဂေ့လေဟှယ်။
18 ကိုယ်တော်ဟှ "ဗြို့ထဲဟှ လူတယော့-က်နားဟှို သွားဘီးပြောဂေ့။ ဆရာမှာလိုက်ဟှယ်။ ‘ငါ့ခီနီးဘီ။ ငါ့တဗဲ့လေနတူးဒူ ပသခါပွဲဟှို နန့်အီမာ ကျင်းပမယ်’ " ဆိုဘီး မိန့်တော်မူလေဟှယ်။
19 တဗဲ့တော်လေဟှ ယေရှုပြောလိုက်ဟှူတိုင်း လောက်ဘီးဟှာ ပသခါစားဗွဲဟှို ပြင်ဆင်ဂေ့လေဟှယ်။
20 ညဉ့်ခန်းဖတ် ရော့-က်ဟှူ ခီမာ ယေရှုဟှာ တဗဲ့တော် ဆယ့်နှေ့ပါးလေနတူးဒူ ညဉ့်ဇာစားဟှို့ ဗွဲမာ ထိုင်လေဟှယ်။ 21 သူးနို့စားနေဒူးမာဘဲ့ ယေရှုဟှ "ငါ မှန်ပြောမယ်၊ နန်းနို့ထဲမာ တယော့-က်ဟှာ ငါ့ဟှို သစ်စာဖော့-က်လေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
22 တဗဲ့တော်လေဟှာ ရရာတိုင်း စိကောန်းဘဲဖြစ်ဂေ့ဘီး "သခင်၊ အယ်သူဟှ ဖယ်သူနူး။ ကျွန်တော်လော" ဆိုဘီး ယော့-က်ဘီးယော့-က် မေးလျှော့-က်ဂေ့လေဟှယ်။
23 ယေရှုဟှ "ငါ့နတူးဒူ စံထဲမာ နှိုက်ဟှူ သူဟှာ ငါ့ဟှို သစ်စာဖော့-က်လေ့မယ်။ 24 ကျမ်းစာဟှ ပြောဟှားတိုင်း လူ့ရဲ့သားဟှာ သေခံရလေ့မယ်။ အယ်ဘေမဲ့ လူ့ရဲ့သားဟှို သစ်စာဖော့-က်ဟှူ သူဟှာ အမင်္ဂလာရှိဟှယ်! အယ်သူဟှာ လောင်းဝ မွီးလာဘဲနနေဟှာ သူ့တွပ် ပိုကောန်းလေ့မယ်!" ဆိုဘီး မိန့်တော်မူလေဟှယ်။
25 ကိုယ်တော့်ဟှို သစ်စာဖော့-က်မယ့် ယုဒဟှ "ဆရာ၊ ကျွန်တော်လော" ဆိုဘီး မေးလျှော့-က်လေဟှယ်။
ယေရှုဟှ "နန်မေးဟှူတိုင်းဘဲ့ မှန်ဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
ပွဲတော်မင်္ဂလာကြောန်း
26 သူးနို့ဟှာ စားနေဒူးမာ ယေရှုဟှ မုဟှိုယူဘီး ကျေးဇူးတော်ဟှို ချီးမွမ်းဘီးမှ မုဟှိုဖဲ့ဘီးဟှာ "အယ်မုဟှ ငါ့ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှယ်။ ယူဘီးစားဂေ့ပါ" ဆိုဘီး မိန့်တော်မူဘီးဟှာ တဗဲ့တော်လေဟှို ပေးတော်မူလေဟှယ်။
27 ခွပ်ဟှိုလည်း ယူဘီးဟှာ ကျေးဇူးတော် ချီးမွမ်းဘီးမှ တဗဲ့တော်လေဟှို ပေးလေဟှယ်။ ကိုယ်တော်ဟှ "နန်းနို့အားလောင်း သော့-က်ဂေ့ပါ။ 28 အယ်ခွပ်ဟှာ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟှို ဇိခတ်ဟှားဟှူ လူလေရဲ့ပြစ်ဟှို ဖြေလွှတ်ပေးဟှို့တွပ် သွန်းလောန်းဟှူ ငါ့ရဲ့သွီး ဖြစ်လေဟှယ်။