ယုဒရှကာရုတ် သေဆောင်းဟှူကြောန်း
3 ၂၇.၃–၈ တ ၁.၁၈,၁၉ သစ်စာဖော့-က် ယုဒဟှာ ယေရှသေဒန်ပေးခံရဟှယ် ဆိုဇာဟှို သိရဟှူ ခီမာ သူဟှာ နောန်ဒရဟှားဘီး ငွေဒန်းဂါးသောင်းဆယ်ဟှို ယဇ်ပုရောဟိတ်ဂီးလေန သတ်ကီးဝါဂီးလေဟှို ပ္လန်ပေးလိုက်ဘီး၊ 4 "ကျွန်တော်ဟှာ ပြစ်မှေ့ဘဲဟှူ သူ့ရဲ့သွီးဟှို အပ်ဘီး ပြစ်လောက်မိဟှားဘီ!" ပြောလေဟှယ်။
အယ်ဘေမဲ့ သူးနို့လေဟှ "နို့လေန ဖြားဇာဆိုင်နူး။ နန့်ကိစဘဲ့ ဖြစ်ဟှယ်!" ဆိုဘီး ပ္လန်ပြောဂေ့လေဟှယ်။