59 အယ်ကြောန့် ယောသပ်ဟှာ လောန်းဟှို ယူဘီး ဖ္လူစင်ဟှူ ပိဖ္လူန လိလေဟှယ်။ 60 က္လော့-က်တောင်းမာ ထွမ်းဟှားဟှူ သူ့ရဲ့ကိုယ်ပိုင် သန်းခ္လိုင်းဂူသစ်ထဲမာ သင်္ဂြိုဟ်လေဟှယ်။ အယ်ဘီးမှ သူဟှာ ကီးမားဟှူ က္လော့-က်တောင်းဟှို သန်းခ္လိုင်းဂူဝမ်ဝရဲ့ ရှေ့မာ ပိဟှားဘီးန ပ္လန်ဟှားလေဟှယ်။