Pular para o conteúdo
Publicidade

မဿဲ 3

ဗတ္တိဇံယောဟန်ရဲ့ ဟောပြောဟှူကြောန်း

1 အယ်ကာလမာ ဗတ္တိဇံယောဟန်ဟှာ ပေါ်လာဘီး ယုဒပြည် ကန္တာရမာ စဘီး ဟောပြောလေဟှယ်။ 2 ၃.၂ မ ၄.၁၇; မာ ၁.၁၅"နောန်ဒရဂေ့ပါ။ ကောန်းဂန်နိုင်ငံတော်ဟှာ တည်ခါနီးနေဘီ!" ဆိုဘီး ကြေညာဟှယ်။ 3 ပရောဖက်ဟေရှာယ ဟောပြောဟှားဇာဟှ

" ‘ဘုရားသခင်ရဲ့ လမ်းဟှို ပြင်ဆင်ဟှားဂေ့!

လမ်းခရီးတော်ဟှို ဖ္လောန့်တန်းအောန် လောက်ဂေ့ပါ’

တောကန္တာရထဲမာ လူတယော့-က် ကြွေးကြော်နေဟှယ်" ဆိုဇာဟှာ အယ်မူယောဟန်ဟှို ပြောနေဇာဖြစ်ဟှယ်။

4 ယောဟန်ဟှာ ကုလားအုတ်ရဲ့ မွီးန လောက်ဟှားဟှူဝတ်န သားရေခါးဗတ်ဟှို ခါးမာပတ်ဟှားဘီး ကျိုင်းကောန်န တောပျားရယ်ဟှို စားလေဟှယ်။ 5 အယ်ခီမာ ယေရုရှလင်ဗြို့၊ ယုဒပြည် တပြည်လောင်းန ယော်ဒန်မ္လစ်နားဟှ လူလေဟှာ ယောဟန်နားဟှို ရော့-က်လာဂေ့ဘီး 6 သူးနို့ရဲ့ ပြစ်လေဟှို ဝန်ခံဂေ့ဟှိကြောန့် ယော်ဒန်မ္လစ်မာ ယောဟန်အားဖြင့် ဗတ္တိဇံခံဂေ့ဟှယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.