စောင်ဇမ်းသွီးဆောန်ဟှူကြောန်း
1 ၄.၁ ဟေ ၂.၁၈; ၄.၁၅ အယ်ဘီးန မာရ်နတ်ရဲ့ စောင်ဇမ်းသွီးဆောန်ရှင်းဟှို ခံဟှို့တွပ် ဝိညာဉ်တော်ဟှာ ယေရှုဟှို တောကန္တာရထဲဟှို ပို့ဆောန်လေဟှယ်။ 2 ယေရှုဟှာ နေ့ရောညဉ့်ပါ ရစ်လေးဆယ် လောင်းလောင်း စာရှောန်ဘီးန ရရာတိုင်း ဗိုက်ဆာတော်မူဟှယ်။ 3 အယ်ခီမာ မာရ်နတ်ဟှ ယေရှုနားဟှို ချဉ်းကပ်လာဘီး "သင်ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ် ဆိုဟှာ အယ်က္လော့-က်ခဲလေဟှို မုဖြစ်လာအောန် မိန့်ပေးကေ့" ဆိုဘီး ပြောလေဟှယ်။
4 အယ်ဘေမဲ့ ယေရှုဟှ "‘လူဟှာ စားဇာတခုဒဲန သတ်ရှင်ရဟှို့ မှုဟှ။ ဘုရားသခင်ရဲ့ စကားတော်အားဖြင့်ဘဲ့ သတ်ရှင်ရမယ်’ ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်" ဆိုဘီး မိန့်တော်မူဟှယ်။
5 အယ်ဘီးန မာရ်နတ်ဟှာ ယေရှုဟှို သန့်ရှင်းဟှူ ယေရုရှလင်ဗြို့ဟှို ခေါ်ဆောန်ဘီးဟှာ ကိုယ်တော့်ဟှို ဗိမာန်တော်ရဲ့ ထိဖျားမာ တန်ဟှားလိုက်ဘီး 6 "ဘုရားသခင်ဟှ ကိုယ်တော့်ဟှို စောန့်ရှော့-က်ဟှို့တွပ် ကောန်းဂန်တမန်လေဟှို
" ‘မိန့်မှာဟှားကြောန့် သူးနို့လေဟှာ
ကိုယ်တော်ရဲ့ ခေဟှို က္လော့-က်န ထိခိုက်ဘဲနနေအောန်
ကိုယ်တော့်ဟှို လတ်န ခီမဟှားလေ့မယ် ဆိုဘီး ကျမ်းစာဟှ ပြောဟှားဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားမှန်ဟှယ် ဆိုဟှာ အော့-က်ဟှို ခူခ္လလိုက်’ " ဆိုဘီး ပြောလေဟှယ်။
7 ယေရှုဟှ "နန့်ရဲ့သခင်၊ ဘုရားသခင်ဟှို စောင်ဇမ်းန ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
8 နော့-က်တခါ မာရ်နတ်ဟှာ ကိုယ်တော့်ဟှို ရရာတိုင်း ဗြစ်ဟှူ တောန်ထတ်ဟှို ခေါ်ဆောန်ဟှားဘီး အယ်လောကမာရှိဟှူ တိုင်းနိုင်ငံလေရှိဟှူမျှန အယ်တိုင်းနိုင်ငံလေမာရှိဟှူ ဖောင်းစည်းဇိမ်လေဟှို ပြလေဟှယ်။ 9 မာရ်နတ်ဟှ "ကိုယ်တော်ဟှာ ငါ့ဟှို ပျတ်ဝပ်ဘီး ကိုးကွယ်မယ် ဆိုဟှာ အယ်မူဇာလေ ဂူလောင်းဟှို ငါပေးမယ်" ဆိုဘီး ပြောလေဟှယ်။
10 ယေရှုဟှလည်း "ဝှေ့ စာတန် ငါ့နားဟှထွပ်ဟှား! ‘နန့်ရဲ့ဘုရားသခင် တပါးဒဲဟှိုဘဲ့ ကိုးကွယ်ရမယ်! အယ်မူ ဘုရားသခင် တပါးဒဲဟှိုဘဲ့ စေခံရမယ်’ ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
11 အယ်ဘီးန မာရ်နတ်ဟှာ ယေရှုနားဟှနေဘီး ထွပ်ဟှားလေဟှယ်။ အယ်ခီမာ ကောန်းဂန်တမန်လေဟှာ ရော့-က်လာဘီးဟှာ ကိုယ်တော့်ဟှို လောက်ကျွေးဂေ့ဟှယ်။