ငါးဖမ်းမား လေးယော့-က်ဟှို ခေါ်ဟှူကြောန်း
18 ယေရှုဟှာ ဂါလိလဲအိုင်နား ဖြတ်ဘီး သွားဟှူ ခီမာ ညီကိုနှေ့ယော့-က်ဖြစ်ဟှူ၊ ပေတရု ဆိုဘီး နာမယ်ခေါ်ဟှူ ရှိမုန်န သူ့ညီအန္ဒြေလေဟှာ ပိုက်ကွန်ပစ်နေဇာဟှို ဗြင်လေဟှယ်။ 19 ယေရှုဟှ အယ်သူလေဟှို "ငါ့နော့-က်လိုက်ဂေ့။ နန်းနို့လေဟှို လူလေဟှိုဖမ်းဟှူ ငါးဖမ်းမားဖြစ်စေမယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။ 20 သူးနို့လေလည်း တခါဒဲဘဲ့ ပိုက်ကွန်လေဟှို ထားရစ်ဘီးန နော့-က်တော်ဟှို လိုက်ဂေ့ဟှယ်။
21 ကိုယ်တော်ဟှာ ဆစ်ဘီးသွားခီမာ တခြားညီကို နှေ့ယော့-က်ဖြစ်ဟှူ ဇေဗေဒဲရဲ့သား ယာကုပ်န သူ့ညီယောဟန်ဟှို သူ့ဖနတူးဒူ လှေထတ်မာ ပိုက်ကွန်လေ ဖာနေဇာဟှို ဗြင်တော်မူလေဟှယ်။ ကိုယ်တော်ဟှ အယ်သူလေဟှို ခေါ်ဟှူ ခီမာ 22 သူးနို့လေလည်း လှေန သူးနို့ဖဟှို ထားရစ်ဘီးဟှာ ယေရှုနော့-က်ဟှို တခါဒဲ လိုက်ဟှားဂေ့လေဟှယ်။