မင်္ဂလာတရားတော်ကြောန်း
3 "စိနှလောင်းနှိခ္လဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။
ကောန်းဂန်နိုင်ငံတော်ဟှာ အယ်သူလေရဲ့ နိုင်ငံဖြစ်ဟှယ်!
4 ဝန်းနဲပူဆွေးဘီး သောကရော့-က်နေဟှူသူလေဟှာ မင်္ဂလာရှိလေဟှယ်။
ဘုရားသခင်ဟှာ အယ်သူလေဟှို အားပေးနှစ်သိမ့်မှုလေ ပေးလေ့မယ်!
5 စိနူးညံ့သိမ်မွေ့ဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။
အယ်သူလေဟှာ ဘုရားသခင် ဂဒိထားတော်မူဟှူ လောကရဲ့ မွီဟှို လတ်ခံရလေ့မယ်!
6 ဖြောန့်မတ်ရှင်းဟှို ငတ်ပြတ်နေဟှူ သူလေဟှာ မင်္ဂလာရှိဟှယ်။
ဖြားဖြစ်ကြောန်းနူးဆိုဟှာ သူးနို့လေဟှာ ဗိုက်ပ္လဲ့ရဂေ့လေ့မယ်!
7 သနားကြင်နာတတ်ဟှူ သူလေဟှာ မင်္ဂလာရှိဟှယ်။
ဘုရားသခင်ဟှာ အယ်သူလေဟှို သနားကြင်နာတော်မူလေ့မယ်!
8 စိနှလောင်းဖ္လူစင်ဂေ့ဟှူ သူလေဟှာ မင်္ဂလာရှိဂေ့ဟှယ်။
အယ်သူလေဟှာ ဘုရားသခင်ဟှို ဗြင်ရဂေ့လေ့မယ်!
9 ယော့-က်နယော့-က်ဟှို သင့်မြတ်အောန် လောက်ပေးဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။
အယ်သူလေဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဆိုဘီး ခေါ်ခံရလေ့မယ်!
10 ၅.၁၀ ၁ ပေ ၃.၁၄ ဘုရားသခင်ရဲ့ လိုတော်တိုင်း လောက်ဆောန်ဟှူကြောန့် နှိစစ်ညှဉ်းဆဲခံရသူလေဟှာ မင်္ဂလာရှိဟှယ်။
ကောန်းဂန်နိုင်ငံတော်ဟှာ အယ်သူလေရဲ့ နိုင်ငံဖြစ်ဟှယ်!
11 ၅.၁၁ ၁ ပေ ၄.၁၄ "ငါ့ကြောန့် ညှဉ်းဆဲကဲ့ရဲ့ခံရဘီး မှန်ဘဲန စွပ်စွဲခံရခီမာ နန်းနို့ဟှာ မင်္ဂလာရှိဟှယ်။ 12 ၅.၁၂ တ ၇.၅၂ဝန်းသာအားရဖြစ်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ဘောင်မာ နန်းနို့တွပ် ရရာတိုင်း ကီးဟှူဆုလာဘ် ရှိဟှယ်။ နန်းနို့ရှေ့ဟှ ပရောဖက်လေလည်း အယ်မျိုးဘဲ့ ညှဉ်းဆဲခံရဂေ့ဟှယ်။"