28 "နန်းနို့လေ ဖြားဖြစ်ကြောန့် ဝတ်တွပ် စိုးရိမ်နေဂေ့နူး။ တောပန်းလေဟှာ ဖယ်မျိုးရှင်ဘီး ဖယ်မျိုး ကီးလာဇာဟှို ကေ့ဘီးဟှာ ဆင်ခြင်ဂေ့ပါ။ အယ်တောပန်းလေဟှာ လောက်လည်းလောက်ဟှ။ ခယ်ဖြစ်အောန်လည်း တတ်နိုင်ဟှ။ 29 အယ်ဘေမဲ့ ရှောလမုန်မန်းဂီးရဲ့ ဖောင်းစည်းဇိမ်လေ ဂူလောင်းဟှို ဆင်ဟှယ်ဟှိုမှ အယ်တောပန်းလေထဲဟှ တဗန်မျိုး လှပတင့်တယ်ဟှ ဆိုဘီး နန်းနို့လေဟှို ငါပြောဟှယ်။ 30 ယောင်ကြည်ရှင်း အားနဲဟှူလူလေ! အယ်နေ့သတ်ရှင်ဘီး နတ်ကီးတိုင်ဟှာ မီးဖိုထဲဟှို ရော့-က်ရဟှူ တောဗြစ်ပန်လေဟှို ဘုရားသခင်ဟှာ အယ်မျိုးဆင်ပေးဟှယ် ဆိုဟှာ နန်းနို့လေဟှို အယ်ထတ်မက ဆင်ပေးမယ် မှုဟှလော။