သူများလေဟှို စစ်ကြောစီရင်ဟှူကြောန်း
1 "နန်းနို့လေဟှာ ကိုယ်ကိုယ်တိုင် စစ်ကြောစီရင်ရှင်းဟှနေ လွတ်ရှင်ဟှယ် ဆိုဟှာ သူများလေဟှိုလည်း စစ်ကြောစီရင်ဂေ့န။ 2 ၇.၂ မာ ၄.၂၄ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ သူများလေဟှို စစ်ကြောစီရင်ဟှူတိုင်းဘဲ့ နန်းနို့လည်းဘဲ့ ဘုရားသခင်ဟှ စစ်ကြောစီရင်လေ့မယ်။ နန်းနို့ဟှာ သူများလေဟှို ပေးဟှူ ပမာဏတိုင်း ဘုရားသခင်ဟှ နန်းနို့ဟှို ပေးလေ့မယ်။ 3 နန်ဟှာ ကိုယ့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုရဲ့ မျစ်စိထဲဟှ သစ်မုဟှို ဖြားဖြစ်ကြောန့် ဗြင်ရနူး။ 4 နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုဟှို ‘နန့်မျစ်စိထဲဟှ သစ်မုဟှားဟှို ထုပစ်ပေးပါရစေ’ ဆိုဘီး ဖြားဖြစ်ကြောန့် ပြောရနူး။ 5 သူတော်ကောန်းယောန်ဆောန်ဟှူသူ! နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ရင်ဦးဆောင်းထုပစ်လိုက်ပါ။ အယ်ဆိုဟှာ ညီကိုမျစ်စိထဲဟှ သစ်မုဟှို ထုပစ်ပေးဟှို့တွပ် ရှင်းရှင်းလန်းလန်းဟှား ဗြင်ရလေ့မယ်။