ယေရှုရဲ့ ခွမ့်အာဏာကြောန်း
28 ၇.၂၈,၂၉ မာ ၁.၂၂; လု ၄.၃၂ ယေရှုဟှာ အယ်မျိုးဟောပြောဘီးဟှူ ခီမာ လူလေဟှ ကိုယ်တော်ရဲ့ သွန်သန်ဟှူဇာလေဟှို ရရာတိုင်း အံ့ဩဟှားဂေ့ဟှယ်။ 29 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းတတ်ဆရာလေမျိုးမှုဘဲန ခွမ့်အာဏာရှိဟှူသူမျိုး သွန်သန်ဟှူကြောန့် ဖြစ်ဟှယ်။