3 နန်ဟှာ ကိုယ့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုရဲ့ မျစ်စိထဲဟှ သစ်မုဟှို ဖြားဖြစ်ကြောန့် ဗြင်ရနူး။ 4 နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုဟှို ‘နန့်မျစ်စိထဲဟှ သစ်မုဟှားဟှို ထုပစ်ပေးပါရစေ’ ဆိုဘီး ဖြားဖြစ်ကြောန့် ပြောရနူး။ 5 သူတော်ကောန်းယောန်ဆောန်ဟှူသူ! နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ရင်ဦးဆောင်းထုပစ်လိုက်ပါ။ အယ်ဆိုဟှာ ညီကိုမျစ်စိထဲဟှ သစ်မုဟှို ထုပစ်ပေးဟှို့တွပ် ရှင်းရှင်းလန်းလန်းဟှား ဗြင်ရလေ့မယ်။