လေမှောန်ဒိုင်းဟှို ဆောင်းမဟှူကြောန်း
23 ယေရှုဟှာ လှေထဲဟှို ဝမ်တော်မူဘီး တဗဲ့တော်လေလည်း ကိုယ်တော်နတူးဒူ လိုက်ဂေ့လေဟှယ်။ 24 ရောက်တရစ် အိုင်ထဲမာ ကြမ်းတမ်းဟှူ လေမှောန်ဒိုင်းတိုက်လာဘီး လှေဟှာ နစ်မ္လောက်ခါနီး ဖြစ်ဟှားလေဟှယ်။ အယ်ခီမာ ကိုယ်တော်ဟှ လှေထဲမာ အိနေတော်မူဟှယ်။ 25 တဗဲ့တော်လေလည်း ကိုယ်တော့်ဟှို နှိုးဘီးဟှာ "သခင်၊ ကယ်တန်တော်မူပါ! ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဘီ!" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
26 ကိုယ်တော်ဟှလည်း "ယောင်ကြည်ရှင်း အားနဲဟှူလူလေ! ဖြားဖြစ်ကြောန့် ကြော့-က်နေဂေ့နူး" ဆိုဘီး ထလာဘီးန လေနလှိုင်းဟှို ဆောင်းမဟှူ ခီမာ လေနလှိုင်းလည်း ငြီဟှားဘီး သာယာဟှားလေဟှယ်။
27 တဗဲ့တော်လေလည်း ရရာတိုင်း အံ့ဩဘီး "အယ်လူဟှ ဖယ်သူနူး။ လေနလှိုင်းလေတောန်မှ သူ့ဟှို နားထောန်ဂေ့ဟှယ်!" ဆိုဘီး ပြောဂေ့လေဟှယ်။