တပ်မှူးရဲ့ ယောင်ကြည်ဇာကြောန်း
5 ယေရှုဟှာ ကပေရနောင်ဗြို့ဟှို ဝမ်လာဟှူ ခီမာ ရောမတပ်မှူးတယော့-က်ဟှ ကိုယ်တော်နားဟှို လာဘီး တောန်းဗန်ဇာဟှ 6 "သခင်၊ ကျွန်တော်ရဲ့ စေခံတယော့-က်ဟှာ လတ်ခေသေဟှူရောဂါန ရရာတိုင်း နာကျင်ဘီးဟှာ အီမာ ထနိုင်ဘဲ ဖြစ်နေပါဟှယ်။ ကယ်မတော်မူပါ" ဆိုဘီး ဖြစ်ဟှယ်။
7 ယေရှုဟှ "ငါလာဘီးဟှာ ရောဂါဟှို ပျော့-က်ကင်းစေမယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
8 တပ်မှူးဟှ "သခင်၊ ကျွန်တော်ရဲ့ အီးခေါန်မိုးအော့-က်ဟှို ကိုယ်တော်ဝမ်ရှင်း ကျေးဇူးဟှို ကျွန်တော်ခံထိုက်ဟှ။ မိန့်ပေးလိုက်န ကျွန်တော်ရဲ့ စေခံဟှာ ကျန်းမာရပါလေ့မယ်။ 9 ဥပမာ ကျွန်တော် ကိုယ်တိုင်လည်း အာဏာပိုင် လတ်အော့-က်မာ ရာရှိတယော့-က်ဖြစ်ဘီး ကျွန်တော်ရဲ့ လတ်အော့-က်မာရှိဟှူ စစ်သားလေဟှို အောက်ချောက်ရပါဟှယ်။ တယော့-က်ဟှို ‘သွား!’ ဆိုဟှာ သွားပါဟှယ်။ တယော့-က်ဟှို ‘လာ!’ ဆိုဟှာ လာပါဟှယ်။ အယ်ဘီးဟှာ ကျွန်တော်ဟှာ ကျွန်တော့်ရဲ့ ကျွန်ဟှို မိန့်ပေးလိုက်ဟှယ် ‘အယ်မူဇာဟှို လောက်လိုက်!’ ဆိုဟှာ လောက်လေဟှယ်" ဆိုဘီး လျှော့-က်လေဟှယ်။
10 အယ်စကားဟှို ယေရှုကြားဟှူ ခီမာ အံ့ဩဟှားဘီး "ငါ မှန်ပြောမယ်၊ အယ်မျှလော့-က်ကီးဟှူ ယောင်ကြည်ရှင်းမျိုး ဣသရေလ လူမျိုးထဲမှာဟှို ငါတွိဖူးဟှ။ 11 ၈.၁၁ လု ၁၃.၂၉ငါပြောမယ်။ လူလေဘောင်ဂီးဟှာ ရှေ့ရပ်၊ နော့-က်ရပ်ဟှလာဘီး ကောန်းဂန်နိုင်ငံတော်မာ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်လေနတူးဒူ စားသော့-က်ဗွဲမာ လာဘီးထိုင်လေ့မယ်။ 12 ၈.၁၂ မ ၂၂.၁၃; ၂၅.၃၀; လု ၁၃.၂၈အယ်ဘေမဲ့ နိုင်ငံတော်သားလေလည်း ငိုကြွေးဘီး အံသွားခဲက္လိဟှူ နေရာ ပ္လန်ရပ် မှောန်မိုက်ထဲမာ နေရလေ့မယ်" ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။ 13 အယ်ဘီးမှ ယေရှုဟှ "နန်သွားဝေါ့။ နန်ယောင်ကြည်တိုင်း ဖြစ်လေ့မယ်" ဆိုဘီး ပြောလိုက်ခီမာဘဲ့ တပ်မှူးရဲ့စေခံလည်း ရောဂါပျော့-က်ဟှားလေဟှယ်။