2 အယ်နေရာမာ လေဖြတ်နေဟှူ လူတယော့-က်ဟှို ထမ်းစင်ထတ်မာ တန်ဘီးဟှာ ကိုယ်တော်နားဟှို ထမ်းလာဂေ့လေဟှယ်။ ယေရှုဟှာ အယ်သူလေရဲ့ ယောင်ကြည်ရှင်းဟှို ဗြင်ရဟှူ ခီမာ လေဖြတ်နေဟှူသူဟှို "ငါ့သား၊ စိုးရိမ်န! နန့်ရဲ့ ပြစ်ဟှို ငါလွတ်စေဘီ" ဆိုဘီး မိန့်တော်မူလေဟှယ်။
3 ကျမ်းပြုဆရာတချို့ဟှ "အယ်သူဟှာ ဘုရားသခင်ဟှို ပြစ်မှားစော်ကားဘီး ပြောနေဟှယ်!" ဆိုဘီးဟှာ သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
4 ယေရှုဟှာ အယ်သူလေရဲ့ စိဟှို သိနေကြောန့် "နန်းနို့လေ ဖြားဖြစ်ကြောန့် ကောန်းဘဲဟှူဇာလေဟှို စဉ်းစားနေဂေ့နူး။ 5 ‘နန့်ရဲ့ ပြစ်ဟှို လွတ်စေဘီ’ အယ်မျိုးမှုဘဲနေဟှာ ‘နန်ထဘီးဟှာ လမ်းသွားဝေါ့’ ဆိုဘီး ပြောဟှို့ပိုလွယ်ကြောန့်လော။ 6 လူ့ရဲ့သားဟှာ အယ်လောကမာ ပြစ်ဖြေလွှတ်ဟှို့ ခွမ့်အာဏာရှိဟှယ် ဆိုဇာဟှို နန်းနို့လေသိရအောန်" လေဖြတ်နေသူဟှို "ထဒန်၊ ထမ်းစင်ဟှို ကော့-က်ဘီး နန့်အီဟှို သွားဝေါ့!" ဆိုဘီး မိန့်တော်မူလေဟှယ်။
7 အယ်သူဟှာ ထဘီး သူ့အီဟှို သွားလေဟှယ်။