မျစ်စိဗြင်ဘဲဟှူ လူနှေ့ယော့-က်ဟှို ဗြင်စေဟှူကြောန်း
27 အယ်ရပ်ဟှနေဘီး ယေရှုကြွဟှားဟှူ ခီမာ မျစ်စိဗြင်ဘဲဟှူ လူနှေ့ယော့-က်ဟှ ကိုယ်တော်နော့-က်ဟှို လိုက်ဘီးဟှာ "ဒါဝိဒ်ရဲ့ သားတော်! ကျွန်တော်ဟှားလေဟှို သနားတော်မူပါ" ဆိုဘီး အော်ဟစ်ဂေ့လေဟှယ်။
28 အီတအီဟှို ဝမ်ခီမာ မျစ်စိကန်းနေသူလေဟှာ ယေရှုနားဟှို လာဂေ့လေဟှယ်။ ကိုယ်တော်ဟှလည်း "နန်းနို့မျစ်စိဟှို ငါဗြင်စေနိုင်ဟှယ် ဆိုဇာဟှို ယောင်ဘဲ့လော" ဆိုဘီး မေးလိုက်ဇာ "ယောင်ကြည်ပါဟှယ် သခင်!" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
29 ယေရှုဟှာ သူးနို့လေရဲ့ မျစ်စိဟှို တို့ဘီးဟှာ "နန်းနို့ယောင်ကြည်ဟှူတိုင်း နန်းနို့မာဖြစ်စေ!" ဆိုဘီး မိန့်တော်မူဘီးန၊ 30 အယ်သူလေဟှာ မျစ်စိပွမ့်လန်းလာဘီးဟှာ ဗြင်ရဂေ့လေဟှယ်။ ယေရှုဟှ "အယ်ကြောန်းရာလေဟှို ဖယ်သူဟှိုလည်း သိစေန!" ဆိုဘီး ကျပ်ကျပ်တဲတဲဟှား ဒိပေးလေဟှယ်။
31 အယ်ဘေမဲ့ သူးနို့လေ ထွပ်ဟှားဘီးဟှာ ယေရှုရဲ့ဒန်းဟှာ တပြည်လောင်းဟှို ပ္လံ့နှံ့ဟှားလေဟှယ်။