Pular para o conteúdo
Publicidade Remover anúncios

2 Samuel 5

WLC · Westminster Leningrad Codex

1 וַיָּבֹ֜אוּ כָּל־שִׁבְטֵ֧י יִשְׂרָאֵ֛ל אֶל־דָּוִ֖ד חֶבְר֑וֹנָה וַיֹּאמְר֣וּ לֵאמֹ֔ר הִנְנ֛וּ עַצְמְךָ֥ וּֽבְשָׂרְךָ֖ אֲנָֽחְנוּ׃ 2 גַּם־אֶתְמ֣וֹל גַּם־שִׁלְשׁ֗וֹם בִּהְי֨וֹת שָׁא֥וּל מֶ֨לֶךְ֙ עָלֵ֔ינוּ אַתָּ֗ה הייתה מוציא והמבי אֶת־יִשְׂרָאֵ֑ל וַיֹּ֨אמֶר יְהוָ֜ה לְךָ֗ אַתָּ֨ה תִרְעֶ֤ה אֶת־עַמִּי֙ אֶת־יִשְׂרָאֵ֔ל וְאַתָּ֛ה תִּהְיֶ֥ה לְנָגִ֖יד עַל־יִשְׂרָאֵֽל׃ 3 וַ֠יָּבֹאוּ כָּל־זִקְנֵ֨י יִשְׂרָאֵ֤ל אֶל־הַמֶּ֨לֶךְ֙ חֶבְר֔וֹנָה וַיִּכְרֹ֣ת לָהֶם֩ הַמֶּ֨לֶךְ דָּוִ֥ד בְּרִ֛ית בְּחֶבְר֖וֹן לִפְנֵ֣י יְהוָ֑ה וַיִּמְשְׁח֧וּ אֶת־דָּוִ֛ד לְמֶ֖לֶךְ עַל־יִשְׂרָאֵֽל׃ פ 4 בֶּן־שְׁלֹשִׁ֥ים שָׁנָ֛ה דָּוִ֖ד בְּמָלְכ֑וֹ אַרְבָּעִ֥ים שָׁנָ֖ה מָלָֽךְ׃ 5 בְּחֶבְרוֹן֙ מָלַ֣ךְ עַל־יְהוּדָ֔ה שֶׁ֥בַע שָׁנִ֖ים וְשִׁשָּׁ֣ה חֳדָשִׁ֑ים וּבִירוּשָׁלִַ֣ם מָלַ֗ךְ שְׁלֹשִׁ֤ים וְשָׁלֹשׁ֙ שָׁנָ֔ה עַ֥ל כָּל־יִשְׂרָאֵ֖ל וִיהוּדָֽה׃ 6 וַיֵּ֨לֶךְ הַמֶּ֤לֶךְ וַֽאֲנָשָׁיו֙ יְר֣וּשָׁלִַ֔ם אֶל־הַיְבֻסִ֖י יוֹשֵׁ֣ב הָאָ֑רֶץ וַיֹּ֨אמֶר לְדָוִ֤ד לֵאמֹר֙ לֹא־תָב֣וֹא הֵ֔נָּה כִּ֣י אִם־הֱסִֽירְךָ֗ הַעִוְרִ֤ים וְהַפִּסְחִים֙ לֵאמֹ֔ר לֹֽא־יָב֥וֹא דָוִ֖ד הֵֽנָּה׃ 7 וַיִּלְכֹּ֣ד דָּוִ֔ד אֵ֖ת מְצֻדַ֣ת צִיּ֑וֹן הִ֖יא עִ֥יר דָּוִֽד׃ 8 וַיֹּ֨אמֶר דָּוִ֜ד בַּיּ֣וֹם הַה֗וּא כָּל־מַכֵּ֤ה יְבֻסִי֙ וְיִגַּ֣ע בַּצִּנּ֔וֹר וְאֶת־הַפִּסְחִים֙ וְאֶת־הַ֣עִוְרִ֔ים שנאו נֶ֣פֶשׁ דָּוִ֑ד עַל־כֵּן֙ יֹֽאמְר֔וּ עִוֵּ֣ר וּפִסֵּ֔חַ לֹ֥א יָב֖וֹא אֶל־הַבָּֽיִת׃ 9 וַיֵּ֤שֶׁב דָּוִד֙ בַּמְּצֻדָ֔ה וַיִּקְרָא־לָ֖הּ עִ֣יר דָּוִ֑ד וַיִּ֤בֶן דָּוִד֙ סָבִ֔יב מִן־הַמִּלּ֖וֹא וָבָֽיְתָה׃ 10 וַיֵּ֥לֶךְ דָּוִ֖ד הָל֣וֹךְ וְגָד֑וֹל וַיהוָ֛ה אֱלֹהֵ֥י צְבָא֖וֹת עִמּֽוֹ׃ פ 11 וַ֠יִּשְׁלַח חִירָ֨ם מֶֽלֶךְ־צֹ֥ר מַלְאָכִים֮ אֶל־דָּוִד֒ וַעֲצֵ֣י אֲרָזִ֔ים וְחָרָשֵׁ֣י עֵ֔ץ וְחָֽרָשֵׁ֖י אֶ֣בֶן קִ֑יר וַיִּבְנֽוּ־בַ֖יִת לְדָוִֽד׃ 12 וַיֵּ֣דַע דָּוִ֔ד כִּֽי־הֱכִינ֧וֹ יְהוָ֛ה לְמֶ֖לֶךְ עַל־יִשְׂרָאֵ֑ל וְכִי֙ נִשֵּׂ֣א מַמְלַכְתּ֔וֹ בַּעֲב֖וּר עַמּ֥וֹ יִשְׂרָאֵֽל׃ ס 13 וַיִּקַּח֩ דָּוִ֨ד ע֜וֹד פִּֽלַגְשִׁ֤ים וְנָשִׁים֙ מִיר֣וּשָׁלִַ֔ם אַחֲרֵ֖י בֹּא֣וֹ מֵחֶבְר֑וֹן וַיִּוָּ֥לְדוּ ע֛וֹד לְדָוִ֖ד בָּנִ֥ים וּבָנֽוֹת׃ 14 וְאֵ֗לֶּה שְׁמ֛וֹת הַיִּלֹּדִ֥ים ל֖וֹ בִּירוּשָׁלִָ֑ם שַׁמּ֣וּעַ וְשׁוֹבָ֔ב וְנָתָ֖ן וּשְׁלֹמֹֽה׃ 15 וְיִבְחָ֥ר וֶאֱלִישׁ֖וּעַ וְנֶ֥פֶג וְיָפִֽיעַ׃ 16 וֶאֱלִישָׁמָ֥ע וְאֶלְיָדָ֖ע וֶאֱלִיפָֽלֶט׃ פ 17 וַיִּשְׁמְע֣וּ פְלִשְׁתִּ֗ים כִּי־מָשְׁח֨וּ אֶת־דָּוִ֤ד לְמֶ֨לֶךְ֙ עַל־יִשְׂרָאֵ֔ל וַיַּעֲל֥וּ כָל־פְּלִשְׁתִּ֖ים לְבַקֵּ֣שׁ אֶת־דָּוִ֑ד וַיִּשְׁמַ֣ע דָּוִ֔ד וַיֵּ֖רֶד אֶל־הַמְּצוּדָֽה׃ 18 וּפְלִשְׁתִּ֖ים בָּ֑אוּ וַיִּנָּטְשׁ֖וּ בְּעֵ֥מֶק רְפָאִֽים׃ 19 וַיִּשְׁאַ֨ל דָּוִ֤ד בַּֽיהוָה֙ לֵאמֹ֔ר הַאֶֽעֱלֶה֙ אֶל־פְּלִשְׁתִּ֔ים הֲתִתְּנֵ֖ם בְּיָדִ֑י וַיֹּ֨אמֶר יְהוָ֤ה אֶל־דָּוִד֙ עֲלֵ֔ה כִּֽי־נָתֹ֥ן אֶתֵּ֛ן אֶת־הַפְּלִשְׁתִּ֖ים בְּיָדֶֽךָ׃ 20 וַיָּבֹ֨א דָוִ֥ד בְּבַֽעַל־פְּרָצִים֮ וַיַּכֵּ֣ם שָׁ֣ם דָּוִד֒ וַיֹּ֕אמֶר פָּרַ֨ץ יְהוָ֧ה אֶת־אֹיְבַ֛י לְפָנַ֖י כְּפֶ֣רֶץ מָ֑יִם עַל־כֵּ֗ן קָרָ֛א שֵֽׁם־הַמָּק֥וֹם הַה֖וּא בַּ֥עַל פְּרָצִֽים׃ 21 וַיַּעַזְבוּ־שָׁ֖ם אֶת־עֲצַבֵּיהֶ֑ם וַיִּשָּׂאֵ֥ם דָּוִ֖ד וַאֲנָשָֽׁיו׃ פ 22 וַיֹּסִ֥פוּ ע֛וֹד פְּלִשְׁתִּ֖ים לַֽעֲל֑וֹת וַיִּנָּֽטְשׁ֖וּ בְּעֵ֥מֶק רְפָאִֽים׃ 23 וַיִּשְׁאַ֤ל דָּוִד֙ בַּֽיהוָ֔ה וַיֹּ֖אמֶר לֹ֣א תַעֲלֶ֑ה הָסֵב֙ אֶל־אַ֣חֲרֵיהֶ֔ם וּבָ֥אתָ לָהֶ֖ם מִמּ֥וּל בְּכָאִֽים׃ 24 וִ֠יהִי בשמעך אֶת־ק֧וֹל צְעָדָ֛ה בְּרָאשֵׁ֥י הַבְּכָאִ֖ים אָ֣ז תֶּחֱרָ֑ץ כִּ֣י אָ֗ז יָצָ֤א יְהוָה֙ לְפָנֶ֔יךָ לְהַכּ֖וֹת בְּמַחֲנֵ֥ה פְלִשְׁתִּֽים׃ 25 וַיַּ֤עַשׂ דָּוִד֙ כֵּ֔ן כַּאֲשֶׁ֥ר צִוָּ֖הוּ יְהוָ֑ה וַיַּךְ֙ אֶת־פְּלִשְׁתִּ֔ים מִגֶּ֖בַע עַד־בֹּאֲךָ֥ גָֽזֶר׃ פ

JBMLE · Judson Bible

ဣ​သ​ရေ​လ​တစ်​ပြည်​ကို​ဒါ​ဝိဒ်​အုပ်​စိုး​ခြင်း

(၅​ရာ၊ ၁၁:၁-၉၊ ၁၄:၁-၇)

1 ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​လာ၍၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​အ​ရိုး၊ ကိုယ်​တော်​အ​သား​ဖြစ်​ကြ​ပါ၏။ 2 အ​ထက်​က ရှော​လု​သည် ကျွန်​တော်​တို့၌ ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည်​ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။ 3 ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ဟေ​ဗြုန်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ 4 ဒါ​ဝိဒ်​သည် နန်း​ထိုင်​သော​အ​ခါ အ​သက်​သုံး​ဆယ်​ရှိ၏။ အ​နှစ်​လေး​ဆယ် စိုး​စံ​လေ၏။ 5 ဟေ​ဗြုန်​မြို့၌​နေ၍ ယု​ဒ​ပြည်​ကို ခု​နစ်​နှစ်​နှင့်​ခြောက်​လ မင်း​ပြု၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​ကို အ​နှစ်​သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၏။၃​ရာ၊ ၂:၁၁။ ၅​ရာ၊၃:၄၊ ၂၉:၂၇။

6 တစ်​ဖန် ရှင်​ဘု​ရင်​သည် မိ​မိ​လူ​တို့​ကို​ခေါ်၍၊ ပြည်​သား​ရင်း ယေ​ဗု​သိ​လူ​တို့​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​သွား​လျှင်၊ သူ​တို့​က သင်​သည် ဤ​မြို့​ထဲ​သို့​မ​ဝင်​ရ။ မျက်​စိ​ကန်း​သော​သူ​နှင့် ခြေ​ဆွံ့​သော​သူ​တို့​က​လည်း၊ ဒါ​ဝိဒ်​သည် ဤ​မြို့​ထဲ​သို့​မ​ဝင်​ရ​ဟု ဆို​ကာ​မျှ​နှင့် သင့်​ကို​ဆီး​တား​လိမ့်​မည်​ဟု ဆို​ကြ၏။ယောရှု၊ ၁၅:၆၃၊သူကြီး၊ ၁:၂၁။7 သို့​ရာ​တွင် ဒါ​ဝိဒ်​သည် ဒါ​ဝိဒ်​မြို့​တည်း​ဟူ​သော ဇိ​အုန်​ရဲ​တိုက်​ကို တိုက်​ယူ​လေ၏။ 8 ထို​နေ့၌ ဒါ​ဝိဒ်​က၊ အ​ကြင်​သူ​သည် ယေ​ဗု​သိ​လူ​တို့​ကို တိုက်​ဖျက်​ပြီး​မှ ကျုံး​ကို​လွန်၍၊ ဒါ​ဝိဒ်​သည် ဤ​နေ​ရာ​သို့​မ​ဝင်​ရ​ဟု ဒါ​ဝိဒ်​အ​သက်​ကို​မုန်း​လျက် ပြော​ဆို​သော မျက်​စိ​ကန်း​နှင့် ခြေ​ဆွံ့​သော​သူ​တို့​ကို လုပ်​ကြံ၏။ ထို​သူ​သည် ဗိုလ်​ချုပ်​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် အ​ဦး​တက်၍ ဗိုလ်​ချုပ်​အ​ရာ​ကို​ခံ​ရ၏။ 9 ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ၍ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​လေ၏။ မိ​လ္လော​အ​ရပ် ပတ်​လည်၌​လည်း​ကောင်း၊ အ​တွင်း​ဘက်၌​လည်း​ကောင်း တည်​ဆောက်​လေ၏။ 10 ဒါ​ဝိဒ်​သည်တိုး​ပွား၍ အား​ကြီး​သ​ဖြင့် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏။

11 တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် သံ​တ​မန်​နှင့်​တ​ကွ အာ​ရဇ်​သစ်​သား၊ လက်​သ​မား၊ ပန်း​ရန်​သ​မား​တို့​ကို ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်၍ သူ​တို့​သည် နန်း​တော်​ကို​တည်​ဆောက်​ကြ၏။ 12 ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ကြောင်း​နှင့် မိ​မိ​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ အ​လို​ငှာ၊ နိုင်​ငံ​ကို​ချီး​မြှောက်​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​သိ​မြင်၏။

13 ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့​မှ​ပြောင်း​သော​နောက်၊ ယေ​ရု​ရှ​လင်​မြို့​သူ မ​ယား​ကြီး​မ​ယား​ငယ်​တို့​ကို ထပ်၍​သိမ်း​ယူ​သ​ဖြင့် သား​သ​မီး​များ​တို့​ကို မြင်​လေ၏။ 14 ယေ​ရု​ရှ​လင်​မြို့၌ ဒါ​ဝိဒ်​မြင်​သော သား​တို့​အ​မည်​ကား၊ ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊ 15 ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ နေ​ဖက်၊ ယာ​ဖျာ၊ 16 ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်​တည်း။

ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို​အောင်​မြင်​ခြင်း

(၅ ရာ၊ ၁၄:၈-၁၇)

17 ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အ​ရာ၌​ခန့်​ထား​ကြောင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​သည် ကြား​လျှင်၊ ထို​လူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို​ရှာ၍ လာ​ကြ၏။ ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည်​ကြား​သော​အ​ခါ ရဲ​တိုက်​သို့​သွား၏။ 18 ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍​ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။ 19 ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ ငါ​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်​သို့ ဆက်​ဆက်​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 20 ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့​သွား၍ သူ​တို့​ကို​လုပ်​ကြံ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ရေ​ထ၍ ဖြို​ဖျက်​သ​ကဲ့​သို့၊ ငါ့​ရန်​သူ​တို့​ကို ငါ့​ရှေ့​မှာ ဖြို​ဖျက်​တော်​မူ​ပြီ​ဟု ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။ 21 ထို​အ​ရပ်၌ ဖိ​လိ​တ္တိ​လူ​များ​ပစ်​ထား​သော ရုပ်​တု​များ​ကို၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။ 22 တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍ ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။ 23 ဒါ​ဝိဒ်​သည်​လည်း​မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ တည့်​တည့်​မ​တက်​ရ။ သူ​တို့​နောက်​သို့​ဝိုင်း၍ ပိုး​စာ​တော​တစ်​ဖက်၌ ချီ​ရ​မည်။ 24 ပိုး​စာ​ပင်​ဖျား၌ စစ်​ချီ​သံ​ကို​ကြား​သော​အ​ခါ ကြိုး​စား​လော့။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ခြင်း​ငှာ သင့်​ရှေ့​မှာ ကြွ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 25 ဒါ​ဝိဒ်​သည်​ပြု၍ ဖိ​လိ​တ္တိ​လူ​တို့​ကို ဂေ​ဗ​မြို့​မှ​သည် ဂါ​ဇေ​ရ​မြို့​တိုင်​အောင် လုပ်​ကြံ​လေ၏။

Todos os capítulos de 2 Samuel 24
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.