Pular para o conteúdo
Publicidade Remover anúncios

The Song of Songs 1

WLC · Westminster Leningrad Codex

1 שִׁ֥יר הַשִּׁירִ֖ים אֲשֶׁ֥ר לִשְׁלֹמֹֽה׃ 2 יִשָּׁקֵ֨נִי֙ מִנְּשִׁיק֣וֹת פִּ֔יהוּ כִּֽי־טוֹבִ֥ים דֹּדֶ֖יךָ מִיָּֽיִן׃ 3 לְרֵ֨יחַ֙ שְׁמָנֶ֣יךָ טוֹבִ֔ים שֶׁ֖מֶן תּוּרַ֣ק שְׁמֶ֑ךָ עַל־כֵּ֖ן עֲלָמ֥וֹת אֲהֵבֽוּךָ׃ 4 מָשְׁכֵ֖נִי אַחֲרֶ֣יךָ נָּר֑וּצָה הֱבִיאַ֨נִי הַמֶּ֜לֶךְ חֲדָרָ֗יו נָגִ֤ילָה וְנִשְׂמְחָה֙ בָּ֔ךְ נַזְכִּ֤ירָה דֹדֶ֨יךָ֙ מִיַּ֔יִן מֵישָׁרִ֖ים אֲהֵבֽוּךָ׃ ס 5 שְׁחוֹרָ֤ה אֲנִי֙ וְֽנָאוָ֔ה בְּנ֖וֹת יְרוּשָׁלִָ֑ם כְּאָהֳלֵ֣י קֵדָ֔ר כִּירִיע֖וֹת שְׁלֹמֹֽה׃ 6 אַל־תִּרְא֨וּנִי֙ שֶׁאֲנִ֣י שְׁחַרְחֹ֔רֶת שֶׁשֱּׁזָפַ֖תְנִי הַשָּׁ֑מֶשׁ בְּנֵ֧י אִמִּ֣י נִֽחֲרוּ־בִ֗י שָׂמֻ֨נִי֙ נֹטֵרָ֣ה אֶת־הַכְּרָמִ֔ים כַּרְמִ֥י שֶׁלִּ֖י לֹ֥א נָטָֽרְתִּי׃ 7 הַגִּ֣ידָה לִּ֗י שֶׁ֤אָהֲבָה֙ נַפְשִׁ֔י אֵיכָ֣ה תִרְעֶ֔ה אֵיכָ֖ה תַּרְבִּ֣יץ בַּֽצָּהֳרָ֑יִם שַׁלָּמָ֤ה אֶֽהְיֶה֙ כְּעֹ֣טְיָ֔ה עַ֖ל עֶדְרֵ֥י חֲבֵרֶֽיךָ׃ 8 אִם־לֹ֤א תֵדְעִי֙ לָ֔ךְ הַיָּפָ֖ה בַּנָּשִׁ֑ים צְֽאִי־לָ֞ךְ בְּעִקְבֵ֣י הַצֹּ֗אן וּרְעִי֙ אֶת־גְּדִיֹּתַ֔יִךְ עַ֖ל מִשְׁכְּנ֥וֹת הָרֹעִֽים׃ ס 9 לְסֻסָתִי֙ בְּרִכְבֵ֣י פַרְעֹ֔ה דִּמִּיתִ֖יךְ רַעְיָתִֽי׃ 10 נָאו֤וּ לְחָיַ֨יִךְ֙ בַּתֹּרִ֔ים צַוָּארֵ֖ךְ בַּחֲרוּזִֽים׃ 11 תּוֹרֵ֤י זָהָב֙ נַעֲשֶׂה־לָּ֔ךְ עִ֖ם נְקֻדּ֥וֹת הַכָּֽסֶף׃ 12 עַד־שֶׁ֤הַמֶּ֨לֶךְ֙ בִּמְסִבּ֔וֹ נִרְדִּ֖י נָתַ֥ן רֵיחֽוֹ׃ 13 צְר֨וֹר הַמֹּ֤ר ׀ דּוֹדִי֙ לִ֔י בֵּ֥ין שָׁדַ֖י יָלִֽין׃ 14 אֶשְׁכֹּ֨ל הַכֹּ֤פֶר ׀ דּוֹדִי֙ לִ֔י בְּכַרְמֵ֖י עֵ֥ין גֶּֽדִי׃ ס 15 הִנָּ֤ךְ יָפָה֙ רַעְיָתִ֔י הִנָּ֥ךְ יָפָ֖ה עֵינַ֥יִךְ יוֹנִֽים׃ 16 הִנְּךָ֨ יָפֶ֤ה דוֹדִי֙ אַ֣ף נָעִ֔ים אַף־עַרְשֵׂ֖נוּ רַעֲנָנָֽה׃ 17 קֹר֤וֹת בָּתֵּ֨ינוּ֙ אֲרָזִ֔ים רחיטנו בְּרוֹתִֽים׃

JBMLE · Judson Bible

သီ​ချင်း​တ​ကာ​တို့​တွင် အ​ထွတ်ဖြစ်​သော ရှော​လ​မုန်​သီ​ချင်း

1 သီ​ချင်း​တ​ကာ​တို့​တွင် အထွတ်​ဖြစ်​သော ရှော​လ​မုန်​သီ​ချင်း။

သ​တို့​သ​မီး​နှင့်​မိတ်​ဆွေ​များ

2 သ​ခင်​နှုတ်​ဆက်​သော နမ်း​ခြင်း​ဖြင့် ကျွန်​မ​ကို​နမ်း​ပါ​စေ။ ကိုယ်​တော်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် သာ၍​ကောင်း​ပါ၏။ 3 ကိုယ်​တော်၌ မွှေး​ကြိုင်​သော နံ့​သာ​ဆီ​ကဲ့​သို့၊ နာ​မ​တော်​သည် သွန်း​လောင်း​သော နံ့​သာ​ဆီ​ဖြစ်​ပါ၏။ ထို​ကြောင့် သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို ချစ်​ကြ​ပါ၏။ 4 ကျွန်​မ​ကို သွေး​ဆောင်​တော်​မူ​ပါ။ ကျွန်​မ​တို့​သည် နောက်​တော်​သို့ ပြေး၍​လိုက်​ကြ​ပါ​မည်။ အ​ရှင်​မင်း​ကြီး​သည် အိမ်​တော်​အ​တွင်း​ခန်း​ထဲ​သို့ ကျွန်​မ​ကို ဆောင်​ခဲ့​တော်​မူ​ပြီ။ ကျွန်​မ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​မည်။ မေ​တ္တာ​တော်​ကို စ​ပျစ်​ရည်​ထက် သာ၍​ချီး​မွမ်း​ကြ​မည်။ သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို မှန်​ကန်​စွာ ချစ်​ကြ​ပါ၏။

5 အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​သည် ကေ​ဒ​တဲ​ကဲ့​သို့ မည်း​သော​အ​ဆင်း​ရှိ​သော်​လည်း၊ ရှော​လ​မုန်​မင်း၏​ကု​လား​ကာ​ကဲ့​သို့ တင့်​တယ်​သေး၏။ 6 ငါ​သည် နေ​ပူ​ကို​ခံ၍ မည်း​သော​အ​ဆင်း​ရှိ​သော​ကြောင့်၊ ငါ့​ကို မ​ကြည့်​ရှု​ကြ​ပါ​နှင့်။ ငါ့​မိ​ခင်၏​သား​သ​မီး​တို့​သည် ငါ့​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို စောင့်​စေ​ကြ၏။ ကိုယ်​ဥ​ယျာဉ်​ကို မ​စောင့်​ရ​ပါ။

7 ကျွန်​မ နှစ်​သက်​နှစ်​လို​ရာ​အ​ရှင်၊ ကိုယ်​တော်​သည် သိုး​များ​ကို အ​ဘယ်​မှာ ထိန်း​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မွန်း​တည့်​ချိန်၌ အ​ဘယ်​မှာ အ​ရိပ်​ခို​စေ​တော်​မူ​သည်​ကို​လည်း​ကောင်း ပြ​တော်​မူ​ပါ။ ကျွန်​မ​သည် အ​ခြား​တစ်​ပါး​သော သိုး​ထိန်း​နောက်​သို့ အ​ဘယ်​ကြောင့် လမ်း​လွဲ၍​လိုက်​ရ​ပါ​အံ့​နည်း။

8 မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​သည်​မ​သိ​လျှင်၊ သိုး​များ​ခြေ​ရာ​သို့ လိုက်​သွား၍၊ သိုး​ထိန်း​တဲ​များ​အ​နား​မှာ သင်၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​ပါ​လော့။

သ​တို့​သား​နှင့်​သ​တို့​သ​မီး

9 ငါ​ချစ်​သော​နှ​မ၊ သင့်​ကို ဖာ​ရော​မင်း​ရ​ထား၌ က​သော​မြင်း​နှင့် ငါ​ပုံ​ပြ​မည်။ 10 သင်၏​ပါး​သွယ်၌ မုတ်​ပု​တီး တန်​ဆာ​ဆင်​လျက်၊ လည်​ပင်း၌ ပု​လဲ​အ​သွယ်​သွယ်​ဆွဲ​လျက်၊ သင်​သည် တင့်​တယ်​လှ၏။ 11 ငွေ​နှင့် အ​ပြောက်​ချယ်​သော ရွှေ​ပု​တီး​အ​သွယ်​သွယ်​ကို​လည်း လုပ်၍​ပေး​ဦး​မည်။

12 အ​ရှင်​မင်း​ကြီး​သည် စား​ပွဲ​တော်​နား​မှာ​ထိုင်​နေ​စဉ်၊ ငါ​ထုံ​သော နာ​ဒု​ဆီ​မွှေး​အ​နံ့​သည် တ​ပျံ့​ပျံ့​တ​လှိုင်​လှိုင် ဖြစ်​လေ၏။ 13 ငါ​ချစ်​ရာ​သ​ခင်​သည် ငါ၌ မု​ရန်​နံ့​သာ​ပုံ​ဖြစ်၍၊ ငါ့​ရင်​အုံ​ကြား​မှာ တစ်​ည​လုံး အိပ်​ရ​မည်။ 14 ငါ​ချစ်​ရာ​သ​ခင်​သည် အင်္ဂေ​ဒိ​ဥ​ယျာဉ်​မှ ဖြစ်​သော ဟင်္နာ​ခက်​ရွက်​စည်း​ကဲ့​သို့ ဖြစ်​ပါ၏။

15 ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ဆင်း​လှ​ပေ၏။ အ​လွန်​လှ​ပေ၏။ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။

16 ငါ​ချစ်​ရာ​သ​ခင်​သည် အ​ဆင်း​လှ၍၊ ချစ်​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​တော်​မူ၏။ ငါ​တို့​အိပ်​ရာ​ခင်း​သည် စိမ်း​သော​အ​ဆင်း​ရှိ၏။ 17 ငါ​တို့​ဗိ​မာန်​တိုင်​တို့​သည် အာ​ရဇ်​ပင်၊ အ​မိုး​သည် ထင်း​ရှူး​ပင်​ဖြင့် ပြီး​သ​တည်း။

Todos os capítulos de The Song of Songs 8
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.