Pular para o conteúdo
Publicidade Remover anúncios

The Song of Songs 3

WLC · Westminster Leningrad Codex

1 עַל־מִשְׁכָּבִי֙ בַּלֵּיל֔וֹת בִּקַּ֕שְׁתִּי אֵ֥ת שֶׁאָהֲבָ֖ה נַפְשִׁ֑י בִּקַּשְׁתִּ֖יו וְלֹ֥א מְצָאתִֽיו׃ 2 אָק֨וּמָה נָּ֜א וַאֲסוֹבְבָ֣ה בָעִ֗יר בַּשְּׁוָקִים֙ וּבָ֣רְחֹב֔וֹת אֲבַקְשָׁ֕ה אֵ֥ת שֶׁאָהֲבָ֖ה נַפְשִׁ֑י בִּקַּשְׁתִּ֖יו וְלֹ֥א מְצָאתִֽיו׃ 3 מְצָא֨וּנִי֙ הַשֹּׁ֣מְרִ֔ים הַסֹּבְבִ֖ים בָּעִ֑יר אֵ֛ת שֶׁאָהֲבָ֥ה נַפְשִׁ֖י רְאִיתֶֽם׃ 4 כִּמְעַט֙ שֶׁעָבַ֣רְתִּי מֵהֶ֔ם עַ֣ד שֶֽׁמָּצָ֔אתִי אֵ֥ת שֶׁאָהֲבָ֖ה נַפְשִׁ֑י אֲחַזְתִּיו֙ וְלֹ֣א אַרְפֶּ֔נּוּ עַד־שֶׁ֤הֲבֵיאתִיו֙ אֶל־בֵּ֣ית אִמִּ֔י וְאֶל־חֶ֖דֶר הוֹרָתִֽי׃ 5 הִשְׁבַּ֨עְתִּי אֶתְכֶ֜ם בְּנ֤וֹת יְרוּשָׁלִַ֨ם֙ בִּצְבָא֔וֹת א֖וֹ בְּאַיְל֣וֹת הַשָּׂדֶ֑ה אִם־תָּעִ֧ירוּ ׀ וְֽאִם־תְּעֽוֹרְר֛וּ אֶת־הָאַהֲבָ֖ה עַ֥ד שֶׁתֶּחְפָּֽץ׃ ס 6 מִ֣י זֹ֗את עֹלָה֙ מִן־הַמִּדְבָּ֔ר כְּתִֽימֲר֖וֹת עָשָׁ֑ן מְקֻטֶּ֤רֶת מוֹר֙ וּלְבוֹנָ֔ה מִכֹּ֖ל אַבְקַ֥ת רוֹכֵֽל׃ 7 הִנֵּ֗ה מִטָּתוֹ֙ שֶׁלִּשְׁלֹמֹ֔ה שִׁשִּׁ֥ים גִּבֹּרִ֖ים סָבִ֣יב לָ֑הּ מִגִּבֹּרֵ֖י יִשְׂרָאֵֽל׃ 8 כֻּלָּם֙ אֲחֻ֣זֵי חֶ֔רֶב מְלֻמְּדֵ֖י מִלְחָמָ֑ה אִ֤ישׁ חַרְבּוֹ֙ עַל־יְרֵכ֔וֹ מִפַּ֖חַד בַּלֵּילּֽוֹת׃ ס 9 אַפִּרְי֗וֹן עָ֤שָׂה לוֹ֙ הַמֶּ֣לֶךְ שְׁלֹמֹ֔ה מֵעֲצֵ֖י הַלְּבָנֽוֹן׃ 10 עַמּוּדָיו֙ עָ֣שָׂה כֶ֔סֶף רְפִידָת֣וֹ זָהָ֔ב מֶרְכָּב֖וֹ אַרְגָּמָ֑ן תּוֹכוֹ֙ רָצ֣וּף אַהֲבָ֔ה מִבְּנ֖וֹת יְרוּשָׁלִָֽם׃ 11 צְאֶ֧ינָה ׀ וּֽרְאֶ֛ינָה בְּנ֥וֹת צִיּ֖וֹן בַּמֶּ֣לֶךְ שְׁלֹמֹ֑ה בָּעֲטָרָ֗ה שֶׁעִטְּרָה־לּ֤וֹ אִמּוֹ֙ בְּי֣וֹם חֲתֻנָּת֔וֹ וּבְי֖וֹם שִׂמְחַ֥ת לִבּֽוֹ׃ ס

JBMLE · Judson Bible

သ​တို့​သ​မီး​အိပ်​မက်

1 ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို ည​အ​ခါ အိပ်​ရာ​ပေါ်​မှာ ငါ​ရှာ၏။ ရှာ​သော်​လည်း မ​တွေ့။ 2 ငါ​ထ​မည်။ မြို့​လမ်း​တို့​တွင်​လည်​မည်။ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို လမ်း​မ​တို့​တွင် ရှာ​မည်​ဟု​ဆို​လျက် ရှာ​သော်​လည်း မ​တွေ့။ 3 မြို့​ကို​လည်​သော ကင်း​စောင့်​တို့​သည် ငါ့​ကို​တွေ့​ကြ​သော်၊ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို မြင်​ကြ​သ​လော​ဟု ငါ​မေး၏။ 4 သူ​တို့​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင်၊ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို​တွေ့၏။ ငါ​သည် သူ့​ကို​မ​လွှတ်။ အ​မြဲ​ကိုင်၍ ငါ့​ကို​ဖွား​မြင်​သော မိ​ခင်၏​အိမ်၌ အိပ်​ရာ​အ​ခန်း​ထဲ​သို့ ဆောင်​ခဲ့၏။

5 ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော​သ​တို့​သ​မီး​သည် အ​လို​လို မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌ ကျင်​လည်​သော​သ​မင်​ဒ​ရယ်​များ​ကို တိုင်​တည်၍၊ သင်​တို့​ကို​ငါ​မှာ​ထား၏။

သ​တို့​သား​ရောက်​လာ​ပြီ

6 မု​ရန်၊ လော​ဗန်​အ​စ​ရှိ​သော ကုန်​သည်​ရောင်း​တတ်​သော နံ့​သာ​မှုန့်​မျိုး​ကို​မီး​ရှို့၍၊ ထ​သော မီး​ခိုး​တိုင်​သ​ဏ္ဌာန်​ရှိ​လျက် တော​ထဲ​က​လာ​သော ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​ပါ​လိမ့်​မည်​နည်း။

ရှော​လ​မုန်​မင်း၏ ယာဉ်​ပျံ​တော်​ကို ကြ​ည့်​ကြ​လော့။ သူ​ရဲ​ခြောက်​ကျိပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​သူ​ရဲ အ​ခြွေ​အ​ရံ​ရှိ​ကြ၏။ 7 ထို​သူ​အ​ပေါင်း​တို့​သည် ဓား​ကိုင်​လျက်၊ စစ်​မှု​စစ်​ရေး၌ လေ့​ကျက်​သော​သူ ဖြစ်​ကြ၏။ 8 ည​အ​ခါ​စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ လူ​တိုင်း မိ​မိ​ပေါင်၌ မိ​မိ​ဓား​ကို မြှောင်​ထား​လျက်​ရှိ၏။ 9 လေ​ဗ​နုန်​သစ်​သား​ဖြင့် ရှော​လ​မုန်​မင်း​ကြီး လုပ်​တော်​မူ​သော ယာဉ်​ပျံ​တော်​ဖြစ်၏။ 10 ကွန်း​စင်​တိုင်​တို့​ကို ငွေ​ဖြင့်​လည်း​ကောင်း၊ အောက်​ပိုင်း​ကို ရွှေ​ဖြင့်​လည်း​ကောင်း၊ ထိုင်​ရန်​ဖုံ​ကို နီ​မောင်း​သော က​မ္ဗ​လာ​ဖြင့်​လည်း​ကောင်း ပြီး​စေ​တော်​မူ၏။ အ​တွင်း​ကို​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့​သည် မေ​တ္တာ​နှင့် ချယ်​လှယ်​ကြ​ပြီ။

11 ဇိ​အုန်​သ​တို့​သ​မီး​တို့၊ လက်​ထပ်​မင်္ဂ​လာ​ဆောင်​သော​နေ့၊ နှ​လုံး​တော်​ရွှင်​လန်း​သော​နေ့၌ မယ်​တော်​တင်​သော ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​တော်​မူ​သော ရှော​လ​မုန်​မင်း​ကြီး​ကို သွား၍​ဖူး​မြင်​ကြ​လော့။

Todos os capítulos de The Song of Songs 8
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.