Pular para o conteúdo
Publicidade Remover anúncios

Deuteronomy 32

WLC · Westminster Leningrad Codex

1 הַאֲזִ֥ינוּ הַשָּׁמַ֖יִם וַאֲדַבֵּ֑רָה וְתִשְׁמַ֥ע הָאָ֖רֶץ אִמְרֵי־פִֽי׃ 2 יַעֲרֹ֤ף כַּמָּטָר֙ לִקְחִ֔י תִּזַּ֥ל כַּטַּ֖ל אִמְרָתִ֑י כִּשְׂעִירִ֣ם עֲלֵי־דֶ֔שֶׁא וְכִרְבִיבִ֖ים עֲלֵי־עֵֽשֶׂב׃ 3 כִּ֛י שֵׁ֥ם יְהוָ֖ה אֶקְרָ֑א הָב֥וּ גֹ֖דֶל לֵאלֹהֵֽינוּ׃ 4 הַצּוּר֙ תָּמִ֣ים פָּעֳל֔וֹ כִּ֥י כָל־דְּרָכָ֖יו מִשְׁפָּ֑ט אֵ֤ל אֱמוּנָה֙ וְאֵ֣ין עָ֔וֶל צַדִּ֥יק וְיָשָׁ֖ר הֽוּא׃ 5 שִׁחֵ֥ת ל֛וֹ לֹ֖א בָּנָ֣יו מוּמָ֑ם דּ֥וֹר עִקֵּ֖שׁ וּפְתַלְתֹּֽל׃ 6 הֲ־לַיְהוָה֙ תִּגְמְלוּ־זֹ֔את עַ֥ם נָבָ֖ל וְלֹ֣א חָכָ֑ם הֲלוֹא־הוּא֙ אָבִ֣יךָ קָּנֶ֔ךָ ה֥וּא עָֽשְׂךָ֖ וַֽיְכֹנְנֶֽךָ׃ 7 זְכֹר֙ יְמ֣וֹת עוֹלָ֔ם בִּ֖ינוּ שְׁנ֣וֹת דּוֹר־וָד֑וֹר שְׁאַ֤ל אָבִ֨יךָ֙ וְיַגֵּ֔דְךָ זְקֵנֶ֖יךָ וְיֹ֥אמְרוּ לָֽךְ׃ 8 בְּהַנְחֵ֤ל עֶלְיוֹן֙ גּוֹיִ֔ם בְּהַפְרִיד֖וֹ בְּנֵ֣י אָדָ֑ם יַצֵּב֙ גְּבֻלֹ֣ת עַמִּ֔ים לְמִסְפַּ֖ר בְּנֵ֥י יִשְׂרָאֵֽל׃ 9 כִּ֛י חֵ֥לֶק יְהֹוָ֖ה עַמּ֑וֹ יַעֲקֹ֖ב חֶ֥בֶל נַחֲלָתֽוֹ׃ 10 יִמְצָאֵ֨הוּ֙ בְּאֶ֣רֶץ מִדְבָּ֔ר וּבְתֹ֖הוּ יְלֵ֣ל יְשִׁמֹ֑ן יְסֹֽבְבֶ֨נְהוּ֙ יְב֣וֹנְנֵ֔הוּ יִצְּרֶ֖נְהוּ כְּאִישׁ֥וֹן עֵינֽוֹ׃ 11 כְּנֶ֨שֶׁר֙ יָעִ֣יר קִנּ֔וֹ עַל־גּוֹזָלָ֖יו יְרַחֵ֑ף יִפְרֹ֤שׂ כְּנָפָיו֙ יִקָּחֵ֔הוּ יִשָּׂאֵ֖הוּ עַל־אֶבְרָתֽוֹ׃ 12 יְהוָ֖ה בָּדָ֣ד יַנְחֶ֑נּוּ וְאֵ֥ין עִמּ֖וֹ אֵ֥ל נֵכָֽר׃ 13 יַרְכִּבֵ֨הוּ֙ עַל־במותי אָ֔רֶץ וַיֹּאכַ֖ל תְּנוּבֹ֣ת שָׂדָ֑י וַיֵּנִקֵ֤הֽוּ דְבַשׁ֙ מִסֶּ֔לַע וְשֶׁ֖מֶן מֵחַלְמִ֥ישׁ צֽוּר׃ 14 חֶמְאַ֨ת בָּקָ֜ר וַחֲלֵ֣ב צֹ֗אן עִם־חֵ֨לֶב כָּרִ֜ים וְאֵילִ֤ים בְּנֵֽי־בָשָׁן֙ וְעַתּוּדִ֔ים עִם־חֵ֖לֶב כִּלְי֣וֹת חִטָּ֑ה וְדַם־עֵנָ֖ב תִּשְׁתֶּה־חָֽמֶר׃ 15 וַיִּשְׁמַ֤ן יְשֻׁרוּן֙ וַיִּבְעָ֔ט שָׁמַ֖נְתָּ עָבִ֣יתָ כָּשִׂ֑יתָ וַיִּטֹּשׁ֙ אֱל֣וֹהַ עָשָׂ֔הוּ וַיְנַבֵּ֖ל צ֥וּר יְשֻׁעָתֽוֹ׃ 16 יַקְנִאֻ֖הוּ בְּזָרִ֑ים בְּתוֹעֵבֹ֖ת יַכְעִיסֻֽהוּ׃ 17 יִזְבְּח֗וּ לַשֵּׁדִים֙ לֹ֣א אֱלֹ֔הַ אֱלֹהִ֖ים לֹ֣א יְדָע֑וּם חֲדָשִׁים֙ מִקָּרֹ֣ב בָּ֔אוּ לֹ֥א שְׂעָר֖וּם אֲבֹתֵיכֶֽם׃ 18 צ֥וּר יְלָדְךָ֖ תֶּ֑שִׁי וַתִּשְׁכַּ֖ח אֵ֥ל מְחֹלְלֶֽךָ׃ 19 וַיַּ֥רְא יְהוָ֖ה וַיִּנְאָ֑ץ מִכַּ֥עַס בָּנָ֖יו וּבְנֹתָֽיו׃ 20 וַיֹּ֗אמֶר אַסְתִּ֤ירָה פָנַי֙ מֵהֶ֔ם אֶרְאֶ֖ה מָ֣ה אַחֲרִיתָ֑ם כִּ֣י ד֤וֹר תַּהְפֻּכֹת֙ הֵ֔מָּה בָּנִ֖ים לֹא־אֵמֻ֥ן בָּֽם׃ 21 הֵ֚ם קִנְא֣וּנִי בְלֹא־אֵ֔ל כִּעֲס֖וּנִי בְּהַבְלֵיהֶ֑ם וַאֲנִי֙ אַקְנִיאֵ֣ם בְּלֹא־עָ֔ם בְּג֥וֹי נָבָ֖ל אַכְעִיסֵֽם׃ 22 כִּי־אֵשׁ֙ קָדְחָ֣ה בְאַפִּ֔י וַתִּיקַ֖ד עַד־שְׁא֣וֹל תַּחְתִּ֑ית וַתֹּ֤אכַל אֶ֨רֶץ֙ וִֽיבֻלָ֔הּ וַתְּלַהֵ֖ט מוֹסְדֵ֥י הָרִֽים׃ 23 אַסְפֶּ֥ה עָלֵ֖ימוֹ רָע֑וֹת חִצַּ֖י אֲכַלֶּה־בָּֽם׃ 24 מְזֵ֥י רָעָ֛ב וּלְחֻ֥מֵי רֶ֖שֶׁף וְקֶ֣טֶב מְרִירִ֑י וְשֶׁן־בְּהֵמוֹת֙ אֲשַׁלַּח־בָּ֔ם עִם־חֲמַ֖ת זֹחֲלֵ֥י עָפָֽר׃ 25 מִחוּץ֙ תְּשַׁכֶּל־חֶ֔רֶב וּמֵחֲדָרִ֖ים אֵימָ֑ה גַּם־בָּחוּר֙ גַּם־בְּתוּלָ֔ה יוֹנֵ֖ק עִם־אִ֥ישׁ שֵׂיבָֽה׃ 26 אָמַ֖רְתִּי אַפְאֵיהֶ֑ם אַשְׁבִּ֥יתָה מֵאֱנ֖וֹשׁ זִכְרָֽם׃ 27 לוּלֵ֗י כַּ֤עַס אוֹיֵב֙ אָג֔וּר פֶּֽן־יְנַכְּר֖וּ צָרֵ֑ימוֹ פֶּן־יֹֽאמְרוּ֙ יָדֵ֣ינוּ רָ֔מָה וְלֹ֥א יְהוָ֖ה פָּעַ֥ל כָּל־זֹֽאת׃ 28 כִּי־ג֛וֹי אֹבַ֥ד עֵצ֖וֹת הֵ֑מָּה וְאֵ֥ין בָּהֶ֖ם תְּבוּנָֽה׃ 29 ל֥וּ חָכְמ֖וּ יַשְׂכִּ֣ילוּ זֹ֑את יָבִ֖ינוּ לְאַחֲרִיתָֽם׃ 30 אֵיכָ֞ה יִרְדֹּ֤ף אֶחָד֙ אֶ֔לֶף וּשְׁנַ֖יִם יָנִ֣יסוּ רְבָבָ֑ה אִם־לֹא֙ כִּי־צוּרָ֣ם מְכָרָ֔ם וַֽיהוָ֖ה הִסְגִּירָֽם׃ 31 כִּ֛י לֹ֥א כְצוּרֵ֖נוּ צוּרָ֑ם וְאֹיְבֵ֖ינוּ פְּלִילִֽים׃ 32 כִּֽי־מִגֶּ֤פֶן סְדֹם֙ גַּפְנָ֔ם וּמִשַּׁדְמֹ֖ת עֲמֹרָ֑ה עֲנָבֵ֨מוֹ֙ עִנְּבֵי־ר֔וֹשׁ אַשְׁכְּלֹ֥ת מְרֹרֹ֖ת לָֽמוֹ׃ 33 חֲמַ֥ת תַּנִּינִ֖ם יֵינָ֑ם וְרֹ֥אשׁ פְּתָנִ֖ים אַכְזָֽר׃ 34 הֲלֹא־ה֖וּא כָּמֻ֣ס עִמָּדִ֑י חָתֻ֖ם בְּאוֹצְרֹתָֽי׃ 35 לִ֤י נָקָם֙ וְשִׁלֵּ֔ם לְעֵ֖ת תָּמ֣וּט רַגְלָ֑ם כִּ֤י קָרוֹב֙ י֣וֹם אֵידָ֔ם וְחָ֖שׁ עֲתִדֹ֥ת לָֽמוֹ׃ 36 כִּֽי־יָדִ֤ין יְהוָה֙ עַמּ֔וֹ וְעַל־עֲבָדָ֖יו יִתְנֶחָ֑ם כִּ֤י יִרְאֶה֙ כִּי־אָ֣זְלַת יָ֔ד וְאֶ֖פֶס עָצ֥וּר וְעָזֽוּב׃ 37 וְאָמַ֖ר אֵ֣י אֱלֹהֵ֑ימוֹ צ֖וּר חָסָ֥יוּ בֽוֹ׃ 38 אֲשֶׁ֨ר חֵ֤לֶב זְבָחֵ֨ימוֹ֙ יֹאכֵ֔לוּ יִשְׁתּ֖וּ יֵ֣ין נְסִיכָ֑ם יָק֨וּמוּ֙ וְיַעְזְרֻכֶ֔ם יְהִ֥י עֲלֵיכֶ֖ם סִתְרָֽה׃ 39 רְא֣וּ ׀ עַתָּ֗ה כִּ֣י אֲנִ֤י אֲנִי֙ ה֔וּא וְאֵ֥ין אֱלֹהִ֖ים עִמָּדִ֑י אֲנִ֧י אָמִ֣ית וַאֲחַיֶּ֗ה מָחַ֨צְתִּי֙ וַאֲנִ֣י אֶרְפָּ֔א וְאֵ֥ין מִיָּדִ֖י מַצִּֽיל׃ 40 כִּֽי־אֶשָּׂ֥א אֶל־שָׁמַ֖יִם יָדִ֑י וְאָמַ֕רְתִּי חַ֥י אָנֹכִ֖י לְעֹלָֽם׃ 41 אִם־שַׁנּוֹתִי֙ בְּרַ֣ק חַרְבִּ֔י וְתֹאחֵ֥ז בְּמִשְׁפָּ֖ט יָדִ֑י אָשִׁ֤יב נָקָם֙ לְצָרָ֔י וְלִמְשַׂנְאַ֖י אֲשַׁלֵּֽם׃ 42 אַשְׁכִּ֤יר חִצַּי֙ מִדָּ֔ם וְחַרְבִּ֖י תֹּאכַ֣ל בָּשָׂ֑ר מִדַּ֤ם חָלָל֙ וְשִׁבְיָ֔ה מֵרֹ֖אשׁ פַּרְע֥וֹת אוֹיֵֽב׃ 43 הַרְנִ֤ינוּ גוֹיִם֙ עַמּ֔וֹ כִּ֥י דַם־עֲבָדָ֖יו יִקּ֑וֹם וְנָקָם֙ יָשִׁ֣יב לְצָרָ֔יו וְכִפֶּ֥ר אַדְמָת֖וֹ עַמּֽוֹ׃ פ 44 וַיָּבֹ֣א מֹשֶׁ֗ה וַיְדַבֵּ֛ר אֶת־כָּל־דִּבְרֵ֥י הַשִּׁירָֽה־הַזֹּ֖את בְּאָזְנֵ֣י הָעָ֑ם ה֖וּא וְהוֹשֵׁ֥עַ בִּן־נֽוּן׃ 45 וַיְכַ֣ל מֹשֶׁ֗ה לְדַבֵּ֛ר אֶת־כָּל־הַדְּבָרִ֥ים הָאֵ֖לֶּה אֶל־כָּל־יִשְׂרָאֵֽל׃ 46 וַיֹּ֤אמֶר אֲלֵהֶם֙ שִׂ֣ימוּ לְבַבְכֶ֔ם לְכָל־הַדְּבָרִ֔ים אֲשֶׁ֧ר אָנֹכִ֛י מֵעִ֥יד בָּכֶ֖ם הַיּ֑וֹם אֲשֶׁ֤ר תְּצַוֻּם֙ אֶת־בְּנֵיכֶ֔ם לִשְׁמֹ֣ר לַעֲשׂ֔וֹת אֶת־כָּל־דִּבְרֵ֖י הַתּוֹרָ֥ה הַזֹּֽאת׃ 47 כִּ֠י לֹֽא־דָבָ֨ר רֵ֥ק הוּא֙ מִכֶּ֔ם כִּי־ה֖וּא חַיֵּיכֶ֑ם וּבַדָּבָ֣ר הַזֶּ֗ה תַּאֲרִ֤יכוּ יָמִים֙ עַל־הָ֣אֲדָמָ֔ה אֲשֶׁ֨ר אַתֶּ֜ם עֹבְרִ֧ים אֶת־הַיַּרְדֵּ֛ן שָׁ֖מָּה לְרִשְׁתָּֽהּ׃ פ 48 וַיְדַבֵּ֤ר יְהוָה֙ אֶל־מֹשֶׁ֔ה בְּעֶ֛צֶם הַיּ֥וֹם הַזֶּ֖ה לֵאמֹֽר׃ 49 עֲלֵ֡ה אֶל־הַר֩ הָעֲבָרִ֨ים הַזֶּ֜ה הַר־נְב֗וֹ אֲשֶׁר֙ בְּאֶ֣רֶץ מוֹאָ֔ב אֲשֶׁ֖ר עַל־פְּנֵ֣י יְרֵח֑וֹ וּרְאֵה֙ אֶת־אֶ֣רֶץ כְּנַ֔עַן אֲשֶׁ֨ר אֲנִ֥י נֹתֵ֛ן לִבְנֵ֥י יִשְׂרָאֵ֖ל לַאֲחֻזָּֽה׃ 50 וּמֻ֗ת בָּהָר֙ אֲשֶׁ֤ר אַתָּה֙ עֹלֶ֣ה שָׁ֔מָּה וְהֵאָסֵ֖ף אֶל־עַמֶּ֑יךָ כַּֽאֲשֶׁר־מֵ֞ת אַהֲרֹ֤ן אָחִ֨יךָ֙ בְּהֹ֣ר הָהָ֔ר וַיֵּאָ֖סֶף אֶל־עַמָּֽיו׃ 51 עַל֩ אֲשֶׁ֨ר מְעַלְתֶּ֜ם בִּ֗י בְּתוֹךְ֙ בְּנֵ֣י יִשְׂרָאֵ֔ל בְּמֵֽי־מְרִיבַ֥ת קָדֵ֖שׁ מִדְבַּר־צִ֑ן עַ֣ל אֲשֶׁ֤ר לֹֽא־קִדַּשְׁתֶּם֙ אוֹתִ֔י בְּת֖וֹךְ בְּנֵ֥י יִשְׂרָאֵֽל׃ 52 כִּ֥י מִנֶּ֖גֶד תִּרְאֶ֣ה אֶת־הָאָ֑רֶץ וְשָׁ֨מָּה֙ לֹ֣א תָב֔וֹא אֶל־הָאָ֕רֶץ אֲשֶׁר־אֲנִ֥י נֹתֵ֖ן לִבְנֵ֥י יִשְׂרָאֵֽל׃ פ

JBMLE · Judson Bible

1 အို ကောင်း​ကင်၊ နား​ထောင်​လော့၊ ငါ​ပြော​မည်။ အို​မြေ​ကြီး၊ ငါ​မြွက်​ဆို​သော​စ​ကား​ကို ကြား​လော့။ 2 ငါ့​ဒေ​သ​နာ​သည် မိုး​ရေ​ကဲ့​သို့​စက်​စက်​ကျ၍၊ ငါ့​စ​ကား​သည် နှင်း​ကဲ့​သို့ ဖြည်း​ညင်း​စွာ သက်​ရောက်​လိမ့်​မည်။ နု​သော​ပျိုး​ပင်​ပေါ်​မှာ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​ပင်​ပေါ်​မှာ များ​ပြား​သော​မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ 3 ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဖော်​ပြ​သည်​ဖြစ်၍၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဘုန်း​အာ​နု​ဘော်​တော်​ကို ချီး​မွမ်း​ကြ​လော့။ 4 ဘု​ရား​သ​ခင်​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​မှု​တော်​သည် စုံ​လင်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​တို့​သည် တ​ရား​နှင့် ညီ​လျက်၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ အ​ပြစ်​ကင်း​လွတ်၍ ဟုတ်​မှန်​ဖြောင့်​မတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ 5 သူ​တို့​သည် ယို​ယွင်း​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​သား​မ​ဟုတ်၊ အ​ညစ်​အ​ကြေး​ကပ်​ကြ၏။ သ​ဘော​ကောက်၍ ဖောက်​ပြန်​သော​အ​မျိုး​ဖြစ်​ကြ၏။ 6 အို ပ​ညာ​မဲ့​သော​လူ​မိုက်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ဤ​သို့​ဆပ်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဖြစ်​စေ​သော​အ​ဘ၊ သင့်​ကို​ဖန်​ဆင်း၍ နေ​ရာ​ချ​သော​သူ ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ 7 ရှေး​ကာ​လ​ကို အောက်​မေ့​လော့။ လွန်​လေ​ပြီး​သော​နှစ်​ပေါင်း​များ​ကို ဆင်​ခြင်​လော့။ သင့်​အ​ဘ​ကို​မေး​မြန်း​လျှင် သူ​သည်​ဖော်​ပြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​တို့​ကို​မေး​မြန်း​လျှင် သူ​တို့​သည် ပြော​ဆို​ကြ​လိမ့်​မည်။ 8 အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။တ၊ ၁၇:၂၆။9 ထာ​ဝ​ရ​ဘု​ရား၏​အ​ဖို့​ကား၊ လူ​မျိုး​တော်​တည်း။ ယာ​ကုပ်​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ ဖြစ်​သ​တည်း။ 10 လူ​ဆိတ်​ညံ​သော​အ​ရပ်၊ သား​ရဲ​မြည်၍၊ လွတ်​လပ်​သော​တော​လွင်​ပြင်၌ ယာ​ကုပ်​ကို​တွေ့​တော်​မူ​သော​အ​ခါ ဝန်း​ရံ​ဆီး​ကာ​ခြင်း၊ သွန်​သင်​ခြင်း​ကျေး​ဇူး​ကို​ပြု၍ မျက်​ဆန်​တော်​ကဲ့​သို့ စောင့်​တော်​မူ၏။ 11 ရွှေ​လင်း​တ​သည် အ​သိုက်​ကို​မွှေ​လျက်၊ သား​ငယ်​တို့​အ​ပေါ်​မှာ လှုပ်​ရှား​လျက်၊ အ​တောင်​တို့​ကို​ဖြန့်​လျက်၊ သား​ငယ်​တို့​ကို​ယူ၍ မိ​မိ​အ​တောင်​တို့​ဖြင့် ဆောင်​သ​ကဲ့​သို့၊ 12 ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ ယာ​ကုပ်​ကို​ဆောင်​သွား​တော်​မူ၏။ အ​ခြား​တစ်​ပါး​သော​ဘု​ရား မည်​မျှ​မ​ရှိ။ 13 မြေ​ကြီး​ပေါ်​မှာ မြင့်​မြတ်​သော​အ​ရပ်​တို့၌ နေ​ရာ​ချ​တော်​မူ​သ​ဖြင့်၊ သူ​သည် မြေ​အ​သီး​အ​နှံ​ကို​စား၍ ကျောက်​ထဲ​က​ပျား​ရည်​ကို​လည်း​ကောင်း၊ မီး​ပါ​ကျောက်​ထဲ​က​ဆီ​ကို​လည်း​ကောင်း၊ 14 သိုး​သ​ငယ်​ဆီ​ဥ၊ ဗာ​ရှန်​အ​မျိုး၏​သိုး​ထီး၊ ဆိတ်​ထီး​ဆီ​ဥ၊ ဂျုံ​စ​ပါး၊ ကျောက်​ကပ်​ဆီ​ဥ​နှင့်​တ​ကွ နွား​နို့​ဓမ်း​နှင့် သိုး​နို့​ကို​လည်း​ကောင်း စို့​မည်​အ​ကြောင်း​စီ​ရင်​တော်​မူ၍၊ သင်​သည် စ​ပျစ်​သီး​အ​သွေး​စစ်​ကို သောက်​ရ၏။

15 သို့​ရာ​တွင်၊ ယေ​ရှု​ရုန်​သည် ဆူ​ဝ၍ ခြေ​နှင့်​ကန်​လေ၏။ ဆူ​ဝ​လျက်၊ တုတ်​လျက်၊ ဆီ​ဥ​နှင့်​ပြည့်​စုံ​လျက်​နေ​သ​ဖြင့်၊ ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို စွန့်၍၊ ကယ်​တင်​ရာ​ကျောက်​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။ 16 သူ​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား​ဖြင့် ငြူ​စူ​စေ​ကြ၏။ ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​ကြ၏။ 17 ဘု​ရား​မ​ဟုတ်​သော နတ်​ဆိုး၊ မ​သိ​ဖူး​သော​ဘု​ရား၊ ဘိုး​ဘေး​တို့ မ​ကြောက်​ဖူး​သော ဘု​ရား​သစ်​တို့​အား ယဇ်​ပူ​ဇော်​ကြ၏။၁​ကော၊ ၁၀:၂၀။18 သင်​ဖြစ်​ရာ​မူ​လ​အ​မြစ်​ကို သင်​မ​မှတ်​မိ။ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို သင်​မေ့​လျော့​ပြီ။ 19 ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​မြင်​သော​အ​ခါ၊ အ​မျက်​တော်​ထွက်၍ သား​သ​မီး​တော်​တို့​ကို စွန့်​ပစ်​တော်​မူ​လျက်၊ 20 ငါ​သည် ကိုယ်​မျက်​နှာ​ကို သူ​တို့​မှ​လွှဲ​မည်။ သူ​တို့​သည် အ​ဘယ်​သို့​ဆုံး​မည်​ကို ငါ​ကြည့်​မည်။ သ​ဘော​ခိုင်​မာ​သော​အ​မျိုး၊ သ​စ္စာ​မ​ရှိ​သော သား​သ​မီး​ဖြစ်​ကြ၏။ 21 ဘု​ရား​မ​ဟုတ်​သော​အ​ရာ​အား​ဖြင့် ငါ​သည် ငြူ​စူ​သော​စိတ်​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ အ​ချည်း​နှီး​သော​အ​ရာ​အား​ဖြင့် ငါ့​အ​မျက်​ကို နှိုး​ဆော်​ကြ​ပြီ။ သို့​ဖြစ်၍ မ​ရေ​ရ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​သည် ငြူ​စူ​သော​စိတ် ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ညာ​မ​ရှိ​သော​လူ​မျိုး​အား​ဖြင့် စိတ်​ဆိုး​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။၁ ကော၊ ၁၀:၂၂၊ရော၊ ၁၀:၁၉။22 ငါ​သည် အ​မျက်​ထွက်၍​မီး​ရှို့​သ​ဖြင့်၊ အ​နက်​ဆုံး​သော​မ​ရ​ဏ​နိုင်​ငံ​သို့ လောင်​လိမ့်​မည်။ မြေ​နှင့် မြေ​အ​သီး​အ​နှံ​ကို​ကျွမ်း​စေ၍ တောင်​ခြေ​ရင်း​တိုင်​အောင် လောင်​လိမ့်​မည်။ 23 သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​များ​ကို​ငါ​ပို့​မည်။ ငါ့​မြား​တို့​ကို အ​ကုန်​အ​စင်​ပစ်​မည်။ 24 သူ​တို့​သည် မွတ်​သိပ်​ခြင်း​အ​ရှိန်​ကို​ခံ​ရ၍၊ ပူ​လောင်​ခြင်း​ဘေး၊ ပြင်း​စွာ​သော ဖျက်​ဆီး​ခြင်း​ဘေး​အား​ဖြင့် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သား​ရဲ​တို့၏​သွား​ကို​လည်း​ကောင်း၊ မြေ၌​ကျင်​လည်​သော မြွေ​အ​ဆိပ်​ကို​လည်း​ကောင်း၊ သူ​တို့၌ ငါ​စေ​လွှတ်​မည်။ 25 အိမ်​ပြင်၌ ဓား​ဘေး၊ အိမ်​အ​တွင်း၌ ကြောက်​မက်​ဖွယ်​သော​ဘေး​သည် လူ​ပျို​နှင့်​အ​ပျို​ကို​လည်း​ကောင်း၊ နို့​စို့​သူ​ငယ်​နှင့် ဦး​ဆံ​ဖြူ​သော​သူ​ကို​လည်း​ကောင်း ဖျက်​ဆီး​လိမ့်​မည်။ 26 ရန်​သူ၏​မာန်​မာ​န​ကို ငါ​မ​ကြောက်​လျှင်​လည်း​ကောင်း၊ 27 ရန်​ဘက်​ပြု​သော​သူ​တို့​သည် ထောင်​လွှား​လျက်၊ ဤ​အ​မှု​အ​လုံး​စုံ​ကို ထာ​ဝ​ရ​ဘု​ရား​မ​ပြု၊ ဘုန်း​ကြီး​သော​ငါ​တို့​လက်​ရုံး​ပြ​ပြီ​ဟု ပြော​မည်​ကို စိုး​ရိမ်​စ​ရာ​မ​ရှိ​လျှင်​လည်း​ကောင်း၊ သူ​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​စေ၍၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။ 28 အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပ​ညာ​သ​တိ​မ​ရှိ၊ ဉာဏ်​ကင်း​သော လူ​မျိုး​ဖြစ်​ကြ၏။ 29 ပ​ညာ​ကို​ရ၍ ဤ​အ​မှု​ကို နား​လည်​ကြ​ပါ​စေ​သော။ နောက်​ဆုံး​ကာ​လ၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို ဆင်​ခြင်​ကြ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။

30 သူ​တို့​ခို​လှုံ​စ​ရာ​ကျောက်​သည် သူ​တို့​ကို​မ​ရောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အပ်​တော်​မ​မူ​လျှင်၊ လူ​တစ်​ယောက်​သည် လူ​တစ်​ထောင်​ကို အ​ဘယ်​သို့ နှင်​နိုင်​မည်​နည်း။ လူ​နှစ်​ယောက်​သည် လူ​တစ်​သောင်း​ကို အ​ဘယ်​သို့ ပြေး​စေ​နိုင်​မည်​နည်း။ 31 ငါ​တို့၏​ရန်​သူ​များ စီ​ရင်​ဆုံး​ဖြတ်​သော်​လည်း၊ သူ​တို့​ကျောက်​သည် ငါ​တို့​ကျောက်​နှင့်​မ​တူ။ 32 သူ​တို့​စ​ပျစ်​နွယ်​ပင်​သည် သော​ဒုံ​စ​ပျစ်​နွယ်​ပင်​မျိုး၊ ဂေါ​မော​ရ​မြေ၌​ပေါက်​သော အ​ပင်​မျိုး​ဖြစ်၏။ သူ​တို့​စ​ပျစ်​သီး​သည် ခါး​သော​အ​ပင်၏ အ​သီး​ဖြစ်၍၊ စ​ပျစ်​သီး​ပြွတ်​တို့​သည် ခါး​သော​အ​ရ​သာ​နှင့် ပြည့်​စုံ​ကြ၏။ 33 သူ​တို့​စ​ပျစ်​ရည်​သည် န​ဂါး​အ​ဆိပ်၊ ပြင်း​ထန်​သော မြွေ​ဆိုး​အ​ဆိပ်​အ​တောက် ဖြစ်၏။ 34 ဤ​အ​မှု​သည် ငါ့​ထံ​မှာ​သို​ထား​လျက်၊ ငါ့​ဘ​ဏ္ဍာ​တိုက်၌ တံ​ဆိပ်​ခပ်​လျက် ရှိ​သည်​မ​ဟုတ်​လော။ 35 အ​ပြစ်​တ​ရား​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ အ​ပြစ်​နှင့်​အ​လျောက် ဆပ်​ပေး​ရ​သော အ​ခွင့်​ကို​ငါ​ပိုင်၏။ အ​ချိန်​တန်​မှ သူ​တို့​ခြေ​သည် ချော်​လိမ့်​မည်။ သူ​တို့၌ ဘေး​ရောက်​သော​အ​ချိန် နီး​ပြီ။ သူ​တို့​တွေ့​ကြုံ​ရ​သော​အ​မှု​သည် အ​လျင်​အ​မြန် ရောက်​လာ​လိမ့်​မည်။ရော၊ ၁၂:၁၉၊ဟေဗြဲ၊ ၁၀:၃၀။36 ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​မည်။ ကိုယ်​တော်၏ ကျွန်​တို့​သည် တန်​ခိုး​ကုန်​ကြောင်း၊ အ​ချုပ်​ခံ​ရ​သော​သူ၊ လွတ်​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​ကြောင်း​ကို မြင်​သော​အ​ခါ၊ သူ​တို့​အ​မှု​ကြောင့် နောင်​တ​ရ​တော်​မူ​လျက်၊ဆာ၊ ၁၃၅:၁၄။37 သူ​တို့​ဘု​ရား၊ သူ​တို့​ခို​လှုံ​သော​ကျောက်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ 38 သူ​တို့​ပူ​ဇော်​သော ဆီ​ဥ​ကို​စား၍ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ စ​ပျစ်​ရည်​ကို သောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ သူ​တို့​သည်​ထ၍ သင်​တို့​ကို ကွယ်​ကာ​စောင့်​မ​ပါ​လေ​စေ။ 39 ငါ​သည် ကိုယ်​တိုင်​အား​ဖြင့် ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ကြည့်​ရှု​ကြ​လော့။ ငါ​သည် အ​သက်​ကို​သေ​စေ၏။ အ​သက်​ကို​လည်း ရှင်​စေ၏။ ငါ​သည် အ​နာ​ပေါ်​စေ​ခြင်း​ငှာ ဒဏ်​ခတ်၏။ အ​နာ​ကို​လည်း ပျောက်​စေ၏။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်။ 40 ငါ​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ပေ၏​ဟု ငါ့​လက်​ကို ကောင်း​ကင်​သို့​ချီ၍ ကျိန်​ဆို၏။ 41 ငါ​သည် ပြောင်​လက်​သော​ဓား​ကို​သွေး၍၊ တ​ရား​စီ​ရင်​စ​ပြု​လျက် ငါ့​ရန်​သူ​တို့၌ အ​ပြစ်​တ​ရား​ကို စီ​ရင်​မည်။ ငါ့​ကို​မုန်း​သော​သူ​တို့ ခံ​ထိုက်​သော​အ​ပြစ်​အ​လျောက် ငါ​ဆပ်​ပေး​မည်။ 42 ငါ့​မြား​တို့​ကို အ​သွေး​နှင့်​ယစ်​မူး​စေ​မည်။ ငါ့​ဓား​သည် အ​သား​ကို​စား​လိမ့်​မည်။ သတ်​သော​သူ၊ လက်​ရ​သော​သူ​တို့၏ အ​သွေး၊ ရန်​သူ​အ​ကဲ​အ​မှူး​တို့၏ ဦး​ခေါင်း​ကို စား​သောက်​လိမ့်​မည်။ 43 တစ်​ပါး​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏ လူ​မျိုး​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​ကျွန်​တို့​ကို သတ်​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး၍ ကိုယ်​တော်၏​ရန်​သူ​တို့၌ အ​ပြစ်​တ​ရား​ကို စီ​ရင်​တော်​မူ​မည်။ ပြည်​တော်​နှင့် မိ​မိ​လူ​မျိုး​ကို ကယ်​မ​သ​နား​တော်​မူ​မည်​ဟူ​သော၊ရော၊ ၁၅၊၁၀။ ဗျာ၊ ၁၉:၂။44 ဤ​သီ​ချင်း​စ​ကား​ကို မော​ရှေ​သည်​လာ၍ နုန်​သား​ယော​ရှု​နှင့်​အ​တူ လူ​များ​တို့​အား ဟော​ပြော​မြွက်​ဆို၏။

မော​ရှေ​၏​နောက်​ဆုံး​ညွှန်​ကြား​ချက်

45 ထို​သို့ မော​ရှေ​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား အ​ကုန်​အ​စင်​ဟော​ပြော​မြွက်​ဆို​ပြီး​လျှင်၊ 46 သင်​တို့​အား ယ​နေ့​ငါ​သက်​သေ​ခံ​သ​မျှ​သော စ​ကား​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။ သင်​တို့​သား​သ​မီး​တို့​သည် ဤ​ပ​ညတ်​တ​ရား စ​ကား​တော်​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ သူ​တို့​အား ထပ်​ဆင့်၍ မှာ​ထား​ရ​ကြ​မည်။ 47 ဤ​အ​မှု​သည် သာ​မ​ည​အ​မှု​မ​ဟုတ်။ သင်​တို့ အ​သက်​နှင့်​ဆိုင်​သော အ​မှု​ဖြစ်၏။ ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ဤ​အ​မှု​ကို​စောင့်​ရှောက်​လျှင်၊ ကိုယ်​အ​သက်​တာ ရှည်​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။

48 ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ မော​ဘ​ပြည် အာ​ဗ​ရိမ်​တောင်​ရိုး၊ နေ​ဗော​တောင်​ထိပ်​ပေါ်​သို့ တက်၍၊ 49 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​သော ခါ​နာန်​ပြည်​ကို ကြည့်​ရှု​လော့။ 50 သင့်​အစ်​ကို​အာ​ရုန်​သည် ဟော​ရ​တောင်​ပေါ်​မှာ​သေ၍ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​သ​ကဲ့​သို့၊ သင်​သည်​လည်း တက်​သွား​သော ဤ​တောင်​ပေါ်​မှာ​သေ၍၊ သင်၏​လူ​မျိုး​စည်း​ဝေး​ရာ​သို့​ရောက်​လော့။ 51 အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဇိ​န​တော၊ ကာ​ဒေ​ရှ​ရွာ၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု၍ ပြစ်​မှား​ကြ​ပြီ။ 52 ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို သင်​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​သော်​လည်း၊ ထို​ပြည်​သို့ မ​ဝင်​စား​ရ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။တော၊ ၂၇:၁၂-၁၄၊တရား၊ ၃:၂၃-၂၇။

Todos os capítulos de Deuteronomy 34
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.