1 וְזֹ֣את הַבְּרָכָ֗ה אֲשֶׁ֨ר בֵּרַ֥ךְ מֹשֶׁ֛ה אִ֥ישׁ הָאֱלֹהִ֖ים אֶת־בְּנֵ֣י יִשְׂרָאֵ֑ל לִפְנֵ֖י מוֹתֽוֹ׃ 2 וַיֹּאמַ֗ר יְהוָ֞ה מִסִּינַ֥י בָּא֙ וְזָרַ֤ח מִשֵּׂעִיר֙ לָ֔מוֹ הוֹפִ֨יעַ֙ מֵהַ֣ר פָּארָ֔ן וְאָתָ֖ה מֵרִבְבֹ֣ת קֹ֑דֶשׁ מִֽימִינ֕וֹ אשדת לָֽמוֹ׃ 3 אַ֚ף חֹבֵ֣ב עַמִּ֔ים כָּל־קְדֹשָׁ֖יו בְּיָדֶ֑ךָ וְהֵם֙ תֻּכּ֣וּ לְרַגְלֶ֔ךָ יִשָּׂ֖א מִדַּבְּרֹתֶֽיךָ׃ 4 תּוֹרָ֥ה צִוָּה־לָ֖נוּ מֹשֶׁ֑ה מוֹרָשָׁ֖ה קְהִלַּ֥ת יַעֲקֹֽב׃ 5 וַיְהִ֥י בִישֻׁר֖וּן מֶ֑לֶךְ בְּהִתְאַסֵּף֙ רָ֣אשֵׁי עָ֔ם יַ֖חַד שִׁבְטֵ֥י יִשְׂרָאֵֽל׃ 6 יְחִ֥י רְאוּבֵ֖ן וְאַל־יָמֹ֑ת וִיהִ֥י מְתָ֖יו מִסְפָּֽר׃ ס 7 וְזֹ֣את לִֽיהוּדָה֮ וַיֹּאמַר֒ שְׁמַ֤ע יְהוָה֙ ק֣וֹל יְהוּדָ֔ה וְאֶל־עַמּ֖וֹ תְּבִיאֶ֑נּוּ יָדָיו֙ רָ֣ב ל֔וֹ וְעֵ֥זֶר מִצָּרָ֖יו תִּהְיֶֽה׃ ס 8 וּלְלֵוִ֣י אָמַ֔ר תֻּמֶּ֥יךָ וְאוּרֶ֖יךָ לְאִ֣ישׁ חֲסִידֶ֑ךָ אֲשֶׁ֤ר נִסִּיתוֹ֙ בְּמַסָּ֔ה תְּרִיבֵ֖הוּ עַל־מֵ֥י מְרִיבָֽה׃ 9 הָאֹמֵ֞ר לְאָבִ֤יו וּלְאִמּוֹ֙ לֹ֣א רְאִיתִ֔יו וְאֶת־אֶחָיו֙ לֹ֣א הִכִּ֔יר וְאֶת־בנו לֹ֣א יָדָ֑ע כִּ֤י שָֽׁמְרוּ֙ אִמְרָתֶ֔ךָ וּבְרִֽיתְךָ֖ יִנְצֹֽרוּ׃ 10 יוֹר֤וּ מִשְׁפָּטֶ֨יךָ֙ לְיַעֲקֹ֔ב וְתוֹרָתְךָ֖ לְיִשְׂרָאֵ֑ל יָשִׂ֤ימוּ קְטוֹרָה֙ בְּאַפֶּ֔ךָ וְכָלִ֖יל עַֽל־מִזְבְּחֶֽךָ׃ 11 בָּרֵ֤ךְ יְהוָה֙ חֵיל֔וֹ וּפֹ֥עַל יָדָ֖יו תִּרְצֶ֑ה מְחַ֨ץ מָתְנַ֧יִם קָמָ֛יו וּמְשַׂנְאָ֖יו מִן־יְקוּמֽוּן׃ ס 12 לְבִנְיָמִ֣ן אָמַ֔ר יְדִ֣יד יְהֹוָ֔ה יִשְׁכֹּ֥ן לָבֶ֖טַח עָלָ֑יו חֹפֵ֤ף עָלָיו֙ כָּל־הַיּ֔וֹם וּבֵ֥ין כְּתֵיפָ֖יו שָׁכֵֽן׃ ס 13 וּלְיוֹסֵ֣ף אָמַ֔ר מְבֹרֶ֥כֶת יְהֹוָ֖ה אַרְצ֑וֹ מִמֶּ֤גֶד שָׁמַ֨יִם֙ מִטָּ֔ל וּמִתְּה֖וֹם רֹבֶ֥צֶת תָּֽחַת׃ 14 וּמִמֶּ֖גֶד תְּבוּאֹ֣ת שָׁ֑מֶשׁ וּמִמֶּ֖גֶד גֶּ֥רֶשׁ יְרָחִֽים׃ 15 וּמֵרֹ֖אשׁ הַרְרֵי־קֶ֑דֶם וּמִמֶּ֖גֶד גִּבְע֥וֹת עוֹלָֽם׃ 16 וּמִמֶּ֗גֶד אֶ֚רֶץ וּמְלֹאָ֔הּ וּרְצ֥וֹן שֹׁכְנִ֖י סְנֶ֑ה תָּב֨וֹאתָה֙ לְרֹ֣אשׁ יוֹסֵ֔ף וּלְקָדְקֹ֖ד נְזִ֥יר אֶחָֽיו׃ 17 בְּכ֨וֹר שׁוֹר֜וֹ הָדָ֣ר ל֗וֹ וְקַרְנֵ֤י רְאֵם֙ קַרְנָ֔יו בָּהֶ֗ם עַמִּ֛ים יְנַגַּ֥ח יַחְדָּ֖ו אַפְסֵי־אָ֑רֶץ וְהֵם֙ רִבְב֣וֹת אֶפְרַ֔יִם וְהֵ֖ם אַלְפֵ֥י מְנַשֶּֽׁה׃ ס 18 וְלִזְבוּלֻ֣ן אָמַ֔ר שְׂמַ֥ח זְבוּלֻ֖ן בְּצֵאתֶ֑ךָ וְיִשָּׂשכָ֖ר בְּאֹהָלֶֽיךָ׃ 19 עַמִּים֙ הַר־יִקְרָ֔אוּ שָׁ֖ם יִזְבְּח֣וּ זִבְחֵי־צֶ֑דֶק כִּ֣י שֶׁ֤פַע יַמִּים֙ יִינָ֔קוּ וּשְׂפוּנֵ֖י טְמ֥וּנֵי חֽוֹל׃ ס 20 וּלְגָ֣ד אָמַ֔ר בָּר֖וּךְ מַרְחִ֣יב גָּ֑ד כְּלָבִ֣יא שָׁכֵ֔ן וְטָרַ֥ף זְר֖וֹעַ אַף־קָדְקֹֽד׃ 21 וַיַּ֤רְא רֵאשִׁית֙ ל֔וֹ כִּי־שָׁ֛ם חֶלְקַ֥ת מְחֹקֵ֖ק סָפ֑וּן וַיֵּתֵא֙ רָ֣אשֵׁי עָ֔ם צִדְקַ֤ת יְהוָה֙ עָשָׂ֔ה וּמִשְׁפָּטָ֖יו עִם־יִשְׂרָאֵֽל׃ ס 22 וּלְדָ֣ן אָמַ֔ר דָּ֖ן גּ֣וּר אַרְיֵ֑ה יְזַנֵּ֖ק מִן־הַבָּשָֽׁן׃ 23 וּלְנַפְתָּלִ֣י אָמַ֔ר נַפְתָּלִי֙ שְׂבַ֣ע רָצ֔וֹן וּמָלֵ֖א בִּרְכַּ֣ת יְהוָ֑ה יָ֥ם וְדָר֖וֹם יְרָֽשָׁה׃ ס 24 וּלְאָשֵׁ֣ר אָמַ֔ר בָּר֥וּךְ מִבָּנִ֖ים אָשֵׁ֑ר יְהִ֤י רְצוּי֙ אֶחָ֔יו וְטֹבֵ֥ל בַּשֶּׁ֖מֶן רַגְלֽוֹ׃ 25 בַּרְזֶ֥ל וּנְחֹ֖שֶׁת מִנְעָלֶ֑יךָ וּכְיָמֶ֖יךָ דָּבְאֶֽךָ׃ 26 אֵ֥ין כָּאֵ֖ל יְשֻׁר֑וּן רֹכֵ֤ב שָׁמַ֨יִם֙ בְעֶזְרֶ֔ךָ וּבְגַאֲוָת֖וֹ שְׁחָקִֽים׃ 27 מְעֹנָה֙ אֱלֹ֣הֵי קֶ֔דֶם וּמִתַּ֖חַת זְרֹעֹ֣ת עוֹלָ֑ם וַיְגָ֧רֶשׁ מִפָּנֶ֛יךָ אוֹיֵ֖ב וַיֹּ֥אמֶר הַשְׁמֵֽד׃ 28 וַיִּשְׁכֹּן֩ יִשְׂרָאֵ֨ל בֶּ֤טַח בָּדָד֙ עֵ֣ין יַעֲקֹ֔ב אֶל־אֶ֖רֶץ דָּגָ֣ן וְתִיר֑וֹשׁ אַף־שָׁמָ֖יו יַֽעַרְפוּ טָֽל׃ 29 אַשְׁרֶ֨יךָ יִשְׂרָאֵ֜ל מִ֣י כָמ֗וֹךָ עַ֚ם נוֹשַׁ֣ע בַּֽיהוָ֔ה מָגֵ֣ן עֶזְרֶ֔ךָ וַאֲשֶׁר־חֶ֖רֶב גַּאֲוָתֶ֑ךָ וְיִכָּֽחֲשׁ֤וּ אֹיְבֶ֨יךָ֙ לָ֔ךְ וְאַתָּ֖ה עַל־בָּמוֹתֵ֥ימוֹ תִדְרֹֽךְ׃ ס
မောရှေကောင်းချီးပေးခြင်း
1 ဘုရားသခင်၏လူမောရှေသည် မသေမီ ဣသရေလအမျိုးသားတို့ကို ကောင်းချီးပေးသော မင်္ဂလာစကားဟူမူကား၊ 2 ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့်ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဖို့၊ လက်ယာလက်တော်မှ ထွက်လေ၏။ 3 အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိသန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင်ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ပျပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။ 4 ယာကုပ်အမျိုး ပရိသတ်အမွေခံရသောဓမ္မတရားကို မောရှေသည် ငါတို့အားထား၏။ 5 ဣသရေလအမျိုးမင်းများနှင့်တကွ၊ အမျိုးအနွယ်များတို့သည် စည်းဝေးသောအခါ၊ ထိုသူသည် ယေရှုရုန်အမျိုး၌ ရှင်ဘုရင်ဖြစ်၏။
6 ရုဗင်အမျိုးမသေ၊ အသက်ရှင်၍ သူ၏လူတို့သည် များပါစေသော။ 7 ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကားသံကိုနားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဖို့ တန်ပါစေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။ 8 လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့်ဥရိမ်သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေအနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ၌ ရှိပါစေသော၊ထွ၊ ၂၈:၃၀၊၁၇:၇၊တော၊ ၂၀:၁၃။9 ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကိုကိုလည်း မမှတ်တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူကား၊ စကားတော်ကိုနားထောင်၍ ပဋိညာဉ်တရားတော်ကို စောင့်ရှောက်တတ်၏။ 10 သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အမျိုး၌လည်းကောင်း၊ တရားတော်ကို ဣသရေလအမျိုး၌လည်းကောင်း သွန်သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း တင်ထားကြလိမ့်မည်။ 11 အိုထာဝရဘုရား၊ သူ၏ဥစ္စာကို ကောင်းချီးပေး၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တစ်ဖက်၌ထ၍ သူ့ကိုမုန်းသောသူတို့သည် နောက်တစ်ဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
12 ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောသူသည် အထံတော်ပါးတွင် လုံခြုံစွာနေရလိမ့်မည်။ သူ့ကို အစဉ်အမြဲဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။ 13 ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသောပြည်သည် အထက်မိုးကောင်းကင် ဘဏ္ဍာအားဖြင့်လည်းကောင်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသောအရာ အားဖြင့်လည်းကောင်း၊ 14 နေဖြစ်စေသောဘဏ္ဍာ၊ လဖြစ်စေသောဘဏ္ဍာအားဖြင့်လည်းကောင်း၊ 15 အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင်ထဲကထွက်သော ဘဏ္ဍာအားဖြင့်လည်းကောင်း၊ 16 မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်လည်းကောင်း၊ ထာဝရဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေတော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။ 17 သူ၏ဘုန်းသည် နွားလားဥသဘဘုန်းကဲ့သို့လည်းကောင်း၊ သူ၏ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ထိုဦးချိုတို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ပြိုင်နက်ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်းသောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။
18 ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက်သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိတဲ၌နေလျက် ဝမ်းမြောက်လော့။ 19 ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့်မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကိုနို့စို့ကြလိမ့်မည်။ 20 ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေသောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုးသည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့တတ်၏။ 21 ရှေ့ဦးစွာသောအဖို့ကို မိမိအဖို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏တရားမှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။ 22 ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ်ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။ 23 နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေးဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသောမင်္ဂလာနှင့်ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကိုဝင်စားလော့။ 24 အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သားသမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏ စိတ်နှင့်တွေ့ခြင်း၊ မိမိခြေကိုဆီ၌နှစ်ခြင်း ရှိပါစေသော။ 25 သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့်ကြေးဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည်အတိုင်း သင့်အစွမ်းသတ္တိ ဖြစ်လိမ့်မည်။
26 သင့်ကိုပြုစုစေခြင်းငှာ ဘုန်းအာနုဘော်နှင့် ပြည့်စုံလျက်၊ မိုးကောင်းကင်ကို စီးတော်မူသော ယေရှုရုန်အမျိုး၏ ဘုရားသခင်နှင့်တူသောသူ မရှိ။ 27 ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှနှင်ထုတ်၍ သူတို့ကိုဖျက်ဆီးသောအခွင့် ပေးတော်မူမည်။ 28 ဣသရေလအမျိုးသည် ဘေးလွတ်၍ တစ်မျိုးတည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ်ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုးနှင်းရည်လည်း စက်စက်ကျလိမ့်မည်။ 29 အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အဘယ်သူ တူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာသောဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ဓားလက်နက်ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့်မည်ဟု မြွက်ဆို၏။