Pular para o conteúdo
Publicidade Remover anúncios

Ezekiel 32

WLC · Westminster Leningrad Codex

1 וַֽיְהִי֙ בִּשְׁתֵּ֣י עֶשְׂרֵ֣ה שָׁנָ֔ה בִּשְׁנֵי־עָשָׂ֥ר חֹ֖דֶשׁ בְּאֶחָ֣ד לַחֹ֑דֶשׁ הָיָ֥ה דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ 2 בֶּן־אָדָ֗ם שָׂ֤א קִינָה֙ עַל־פַּרְעֹ֣ה מֶֽלֶךְ־מִצְרַ֔יִם וְאָמַרְתָּ֣ אֵלָ֔יו כְּפִ֥יר גּוֹיִ֖ם נִדְמֵ֑יתָ וְאַתָּה֙ כַּתַּנִּ֣ים בַּיַּמִּ֔ים וַתָּ֣גַח בְּנַהֲרוֹתֶ֗יךָ וַתִּדְלַח־מַ֨יִם֙ בְּרַגְלֶ֔יךָ וַתִּרְפֹּ֖ס נַהֲרוֹתָֽם׃ 3 כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה וּפָרַשְׂתִּ֤י עָלֶ֨יךָ֙ אֶת־רִשְׁתִּ֔י בִּקְהַ֖ל עַמִּ֣ים רַבִּ֑ים וְהֶעֱל֖וּךָ בְּחֶרְמִֽי׃ 4 וּנְטַשְׁתִּ֣יךָ בָאָ֔רֶץ עַל־פְּנֵ֥י הַשָּׂדֶ֖ה אֲטִילֶ֑ךָ וְהִשְׁכַּנְתִּ֤י עָלֶ֨יךָ֙ כָּל־ע֣וֹף הַשָּׁמַ֔יִם וְהִשְׂבַּעְתִּ֥י מִמְּךָ֖ חַיַּ֥ת כָּל־הָאָֽרֶץ׃ 5 וְנָתַתִּ֥י אֶת־בְּשָׂרְךָ֖ עַל־הֶֽהָרִ֑ים וּמִלֵּאתִ֥י הַגֵּאָי֖וֹת רָמוּתֶֽךָ׃ 6 וְהִשְׁקֵיתִ֨י אֶ֧רֶץ צָפָתְךָ֛ מִדָּמְךָ֖ אֶל־הֶֽהָרִ֑ים וַאֲפִקִ֖ים יִמָּלְא֥וּן מִמֶּֽךָּ׃ 7 וְכִסֵּיתִ֤י בְכַבּֽוֹתְךָ֙ שָׁמַ֔יִם וְהִקְדַּרְתִּ֖י אֶת־כֹּֽכְבֵיהֶ֑ם שֶׁ֚מֶשׁ בֶּעָנָ֣ן אֲכַסֶּ֔נּוּ וְיָרֵ֖חַ לֹא־יָאִ֥יר אוֹרֽוֹ׃ 8 כָּל־מְא֤וֹרֵי אוֹר֙ בַּשָּׁמַ֔יִם אַקְדִּירֵ֖ם עָלֶ֑יךָ וְנָתַ֤תִּי חֹ֨שֶׁךְ֙ עַֽל־אַרְצְךָ֔ נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 9 וְהִ֨כְעַסְתִּ֔י לֵ֖ב עַמִּ֣ים רַבִּ֑ים בַּהֲבִיאִ֤י שִׁבְרְךָ֙ בַּגּוֹיִ֔ם עַל־אֲרָצ֖וֹת אֲשֶׁ֥ר לֹֽא־יְדַעְתָּֽם׃ 10 וַהֲשִׁמּוֹתִ֨י עָלֶ֜יךָ עַמִּ֣ים רַבִּ֗ים וּמַלְכֵיהֶם֙ יִשְׂעֲר֤וּ עָלֶ֨יךָ֙ שַׂ֔עַר בְּעוֹפְפִ֥י חַרְבִּ֖י עַל־פְּנֵיהֶ֑ם וְחָרְד֤וּ לִרְגָעִים֙ אִ֣ישׁ לְנַפְשׁ֔וֹ בְּי֖וֹם מַפַּלְתֶּֽךָ׃ ס 11 כִּ֛י כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה חֶ֥רֶב מֶֽלֶךְ־בָּבֶ֖ל תְּבוֹאֶֽךָ׃ 12 בְּחַרְב֤וֹת גִּבּוֹרִים֙ אַפִּ֣יל הֲמוֹנֶ֔ךָ עָרִיצֵ֥י גוֹיִ֖ם כֻּלָּ֑ם וְשָֽׁדְדוּ֙ אֶת־גְּא֣וֹן מִצְרַ֔יִם וְנִשְׁמַ֖ד כָּל־הֲמוֹנָֽהּ׃ 13 וְהַֽאֲבַדְתִּי֙ אֶת־כָּל־בְּהֶמְתָּ֔הּ מֵעַ֖ל מַ֣יִם רַבִּ֑ים וְלֹ֨א תִדְלָחֵ֤ם רֶֽגֶל־אָדָם֙ ע֔וֹד וּפַרְס֥וֹת בְּהֵמָ֖ה לֹ֥א תִדְלָחֵֽם׃ 14 אָ֚ז אַשְׁקִ֣יעַ מֵֽימֵיהֶ֔ם וְנַהֲרוֹתָ֖ם כַּשֶּׁ֣מֶן אוֹלִ֑יךְ נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 15 בְּתִתִּי֩ אֶת־אֶ֨רֶץ מִצְרַ֜יִם שְׁמָמָ֣ה וּנְשַׁמָּ֗ה אֶ֚רֶץ מִמְּלֹאָ֔הּ בְּהַכּוֹתִ֖י אֶת־כָּל־י֣וֹשְׁבֵי בָ֑הּ וְיָדְע֖וּ כִּֽי־אֲנִ֥י יְהוָֽה׃ 16 קִינָ֥ה הִיא֙ וְק֣וֹנְנ֔וּהָ בְּנ֥וֹת הַגּוֹיִ֖ם תְּקוֹנֵ֣נָּה אוֹתָ֑הּ עַל־מִצְרַ֤יִם וְעַל־כָּל־הֲמוֹנָהּ֙ תְּקוֹנֵ֣נָּה אוֹתָ֔הּ נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ פ 17 וַֽיְהִי֙ בִּשְׁתֵּ֣י עֶשְׂרֵ֣ה שָׁנָ֔ה בַּחֲמִשָּׁ֥ה עָשָׂ֖ר לַחֹ֑דֶשׁ הָיָ֥ה דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ 18 בֶּן־אָדָ֕ם נְהֵ֛ה עַל־הֲמ֥וֹן מִצְרַ֖יִם וְהוֹרִדֵ֑הוּ א֠וֹתָהּ וּבְנ֨וֹת גּוֹיִ֧ם אַדִּרִ֛ם אֶל־אֶ֥רֶץ תַּחְתִּיּ֖וֹת אֶת־י֥וֹרְדֵי בֽוֹר׃ 19 מִמִּ֖י נָעָ֑מְתָּ רְדָ֥ה וְהָשְׁכְּבָ֖ה אֶת־עֲרֵלִֽים׃ 20 בְּת֥וֹךְ חַלְלֵי־חֶ֖רֶב יִפֹּ֑לוּ חֶ֣רֶב נִתָּ֔נָה מָשְׁכ֥וּ אוֹתָ֖הּ וְכָל־הֲמוֹנֶֽיהָ׃ 21 יְדַבְּרוּ־ל֞וֹ אֵלֵ֧י גִבּוֹרִ֛ים מִתּ֥וֹךְ שְׁא֖וֹל אֶת־עֹֽזְרָ֑יו יָֽרְד֛וּ שָׁכְב֥וּ הָעֲרֵלִ֖ים חַלְלֵי־חָֽרֶב׃ 22 שָׁ֤ם אַשּׁוּר֙ וְכָל־קְהָלָ֔הּ סְבִֽיבוֹתָ֖יו קִבְרֹתָ֑יו כֻּלָּ֣ם חֲלָלִ֔ים הַנֹּפְלִ֖ים בֶּחָֽרֶב׃ 23 אֲשֶׁ֨ר נִתְּנ֤וּ קִבְרֹתֶ֨יהָ֙ בְּיַרְכְּתֵי־ב֔וֹר וַיְהִ֣י קְהָלָ֔הּ סְבִיב֖וֹת קְבֻרָתָ֑הּ כֻּלָּ֤ם חֲלָלִים֙ נֹפְלִ֣ים בַּחֶ֔רֶב אֲשֶׁר־נָתְנ֥וּ חִתִּ֖ית בְּאֶ֥רֶץ חַיִּֽים׃ 24 שָׁ֤ם עֵילָם֙ וְכָל־הֲמוֹנָ֔הּ סְבִיב֖וֹת קְבֻרָתָ֑הּ כֻּלָּ֣ם חֲלָלִים֩ הַנֹּפְלִ֨ים בַּחֶ֜רֶב אֲֽשֶׁר־יָרְד֥וּ עֲרֵלִ֣ים ׀ אֶל־אֶ֣רֶץ תַּחְתִּיּ֗וֹת אֲשֶׁ֨ר נָתְנ֤וּ חִתִּיתָם֙ בְּאֶ֣רֶץ חַיִּ֔ים וַיִּשְׂא֥וּ כְלִמָּתָ֖ם אֶת־י֥וֹרְדֵי בֽוֹר׃ 25 בְּת֣וֹךְ חֲ֠לָלִים נָתְנ֨וּ מִשְׁכָּ֥ב לָהּ֙ בְּכָל־הֲמוֹנָ֔הּ סְבִֽיבוֹתָ֖יו קִבְרֹתֶ֑הָ כֻּלָּ֣ם עֲרֵלִ֣ים חַלְלֵי־חֶ֡רֶב כִּֽי־נִתַּ֨ן חִתִּיתָ֜ם בְּאֶ֣רֶץ חַיִּ֗ים וַיִּשְׂא֤וּ כְלִמָּתָם֙ אֶת־י֣וֹרְדֵי ב֔וֹר בְּת֥וֹךְ חֲלָלִ֖ים נִתָּֽן׃ 26 שָׁ֣ם מֶ֤שֶׁךְ תֻּבַל֙ וְכָל־הֲמוֹנָ֔הּ סְבִֽיבוֹתָ֖יו קִבְרוֹתֶ֑יהָ כֻּלָּ֤ם עֲרֵלִים֙ מְחֻ֣לְלֵי חֶ֔רֶב כִּֽי־נָתְנ֥וּ חִתִּיתָ֖ם בְּאֶ֥רֶץ חַיִּֽים׃ 27 וְלֹ֤א יִשְׁכְּבוּ֙ אֶת־גִּבּוֹרִ֔ים נֹפְלִ֖ים מֵעֲרֵלִ֑ים אֲשֶׁ֣ר יָרְדֽוּ־שְׁא֣וֹל בִּכְלֵֽי־מִלְחַמְתָּם֩ וַיִּתְּנ֨וּ אֶת־חַרְבוֹתָ֜ם תַּ֣חַת רָאשֵׁיהֶ֗ם וַתְּהִ֤י עֲוֺֽנֹתָם֙ עַל־עַצְמוֹתָ֔ם כִּֽי־חִתִּ֥ית גִּבּוֹרִ֖ים בְּאֶ֥רֶץ חַיִּֽים׃ 28 וְאַתָּ֗ה בְּת֧וֹךְ עֲרֵלִ֛ים תִּשָּׁבַ֥ר וְתִשְׁכַּ֖ב אֶת־חַלְלֵי־חָֽרֶב׃ 29 שָׁ֣מָּה אֱד֗וֹם מְלָכֶ֨יהָ֙ וְכָל־נְשִׂיאֶ֔יהָ אֲשֶׁר־נִתְּנ֥וּ בִגְבוּרָתָ֖ם אֶת־חַלְלֵי־חָ֑רֶב הֵ֛מָּה אֶת־עֲרֵלִ֥ים יִשְׁכָּ֖בוּ וְאֶת־יֹ֥רְדֵי בֽוֹר׃ 30 שָׁ֣מָּה נְסִיכֵ֥י צָפ֛וֹן כֻּלָּ֖ם וְכָל־צִֽדֹנִ֑י אֲשֶׁר־יָרְד֣וּ אֶת־חֲלָלִ֗ים בְּחִתִּיתָ֤ם מִגְבֽוּרָתָם֙ בּוֹשִׁ֔ים וַיִּשְׁכְּב֤וּ עֲרֵלִים֙ אֶת־חַלְלֵי־חֶ֔רֶב וַיִּשְׂא֥וּ כְלִמָּתָ֖ם אֶת־י֥וֹרְדֵי בֽוֹר׃ 31 אוֹתָם֙ יִרְאֶ֣ה פַרְעֹ֔ה וְנִחַ֖ם עַל־כָּל־המונה חַלְלֵי־חֶ֨רֶב֙ פַּרְעֹ֣ה וְכָל־חֵיל֔וֹ נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 32 כִּֽי־נָתַ֥תִּי אֶת־חתיתו בְּאֶ֣רֶץ חַיִּ֑ים וְהֻשְׁכַּב֩ בְּת֨וֹךְ עֲרֵלִ֜ים אֶת־חַלְלֵי־חֶ֗רֶב פַּרְעֹה֙ וְכָל־הֲמוֹנֹ֔ה נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ פ

JBMLE · Judson Bible

ဖာ​ရော​မင်း​အ​တွက်​မြည်​တမ်း​ခြင်း

1 သ​က္က​ရာဇ် တစ်​ဆယ်​နှစ်​ခု၊ ဒွါ​ဒ​သ​မ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2 အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍ ပြော​ဆို​ရ​မည်​မှာ၊ သင်​သည် လူ​မျိုး​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့ ဖြစ်၏။ အိုင်၌​နေ​သော မိ​ကျောင်း​ကဲ့​သို့​လည်း​ဖြစ်၍၊ မြစ်​တို့​ကို ကူး​သွား​လျက်၊ ခြေ​ဖြင့် ရေ​ကို​လှုပ်​ရှား​လျက် မြစ်​ရေ​ကို နောက်​စေ၏။ 3 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​မျိုး​များ​စု​ဝေး​လျက်၊ ငါ​သည် ပိုက်​ကွန်​နှင့် သင့်​ကို​အုပ်​မိ၍၊ သူ​တို့​သည် ပိုက်​ကွန်​နှင့်​တ​ကွ သင့်​ကို ဆွဲ​ယူ​ကြ​လိမ့်​မည်။ 4 ငါ​သည် သင့်​ကို ကုန်း​ပေါ်​မှာ​တင်၍ လွင်​ပြင်၌​ပစ်​ထား​မည်။ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို သင့်​အ​ပေါ်​မှာ နား​စေ​မည်။ မြေ​သား​အ​ပေါင်း​တို့​ကို ဝ​စွာ​ကျွေး​မည်။ 5 သင့်​အ​သား​ကို တောင်​တို့​အ​ပေါ်၌ ငါ​ခင်း​မည်။ ချိုင့်​တို့​ကို သင့်​ကိုယ်​နှင့် ပြည့်​စေ​မည်။ 6 သင်​မှ​ယို​သော အ​သွေး​ဖြင့် မြေ​ကို​တောင်​ထိပ်​တိုင်​အောင် စို​စေ​မည်။ မြစ်​တို့​သည် သင့်​အ​သွေး​နှင့် ပြည့်​ကြ​လိမ့်​မည်။ 7 သင့်​ကို ငါ​ဆုံး​စေ​သော​အ​ခါ မိုး​ကောင်း​ကင်​ကို ငါ​ဖုံး​လွှမ်း၍ ကြယ်​တို့​ကို မိုက်​စေ​မည်။ နေ​ကို​မိုး​အုံ့​စေ​၍ လ​သည်​လည်း အ​လင်း​ကို မ​ပေး​ရ။ဟေ​ရှာ၊ ၁၃:၁၀။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။ ဗျာ၊ ၆:၁၂-၁၃၊၈:၁၂။8 သင့်​အ​ထက်၊ မိုး​ကောင်း​ကင်၌ ထွန်း​လင်း​သော​အ​လင်း​အိမ် အ​လုံး​စုံ​တို့​ကို မိုက်​စေ၍၊ သင့်​ပြည်​ကို မှောင်​မိုက်​နှင့် ဖုံး​လွှမ်း​မည်။ 9 သင်​မ​သိ​ဖူး​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် သင်​ပျက်​စီး​ခြင်း​အ​ကြောင်း​ကို ငါ​ကြား​စေ​သော​အ​ခါ၊ လူ​မျိုး​များ​တို့​ကို စိတ်​ပူ​ပန်​စေ​မည်။ 10 အ​ကယ်​စင်​စစ် သင့်​အ​မှု​ကြောင့် လူ​မျိုး​များ​တို့​ကို ငါ​မိန်း​မော​တွေ​ဝေ​စေ​မည်။ ငါ​သည် ရှင်​ဘု​ရင်​တို့​ရှေ့​မှာ ဓား​နှင့်​ရွယ်​သော​အ​ခါ၊ သူ​တို့​သည် သင့်​အ​မှု​ကြောင့် အ​လွန်​ထိတ်​လန့်​ကြ​လိမ့်​မည်။ သင်​ဆုံး​ရှုံး​သော​နေ့၌ သူ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​သက်​ကြောင့် ခ​ဏ​ခ​ဏ စိုး​ရိမ်​တုန်​လှုပ်​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

11 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ဓား​သည် သင့်​အ​ပေါ်​သို့ ရောက်​လိမ့်​မည်။ 12 ခွန်​အား​ကြီး​သော​သူ၊ ကြောက်​မက်​ဖွယ်​သော လူ​မျိုး​အ​ပေါင်း​တို့​ဖြင့် သင်၏​အ​လုံး​အ​ရင်း​ကို ငါ​လဲ​စေ​မည်။ သူ​တို့​သည် အဲ​ဂု​တ္တု​မာ​န​ကို နှိမ့်​ချ၍၊ ပြည်​သား​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်။ 13 များ​စွာ​သော ရေ​အ​နား​မှာ ကျက်​စား​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့​ကို​လည်း ငါ​ပယ်​ရှင်း​မည်။ နောက်​တစ်​ဖန် လူ​ခြေ​နှင့် တိ​ရ​စ္ဆာန်​ခြေ​သည် ထို​ရေ​ကို မ​နောက်​စေ​ရ။ 14 ထို​ရေ​ကို ငါ​ကြည်​စေ၍ မြစ်​ရေ​သည် ဆီ​ကဲ့​သို့ စီး​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 15 ငါ​သည် အဲ​ဂု​တ္တု​ပြည်၌ ဥ​စ္စာ​ရှိ​သ​မျှ​ကို ကုန်​စေ​ခြင်း​ငှာ သုတ်​သင်​ပယ်​ရှင်း၍၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို ဒဏ်​ခတ်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။ 16 ဤ​ရွေ့​ကား၊ အဲ​ဂု​တ္တု​ပြည်​အ​တွက် ပြု​ရ​သော မြည်​တမ်း​ခြင်း​တည်း။ အ​မျိုး​မျိုး​သော သ​တို့​သ​မီး​တို့​သည်​လည်း မြည်​တမ်း၍၊ အဲ​ဂု​တ္တု​ပြည်​နှင့် ပြည်​သား အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အဲ​ဂု​တ္တု​အ​တွက်​မြည်​တမ်း​ခြင်း

17 သ​က္က​ရာဇ် တစ်​ဆယ်​နှစ်​ခု၊ ပ​ထ​မ​လ တစ်​ဆယ်​ငါး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 18 အ​ချင်း​လူ​သား၊ အဲ​ဂု​တ္တု​ပြည်​သား​အ​လုံး​အ​ရင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို ပြု​လော့။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နေ​ရာ မြေ​အောက်​အ​ရပ်​သို့ တိုင်​အောင်၊ ကျော်​စော​သော​လူ​မျိုး သ​တို့​သ​မီး​တို့​နှင့်​တ​ကွ နှိမ့်​ချ​လျက် မြွက်​ဆို​ရ​မည်​မှာ၊ 19 သင်​သည် သူ​တစ်​ပါး​ထက်​သာ၍ လှ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့်​အ​တူ ဆင်း​သက်၍ နေ​ရာ​ကျ​လော့။ 20 ဓား​ဘေး၌ အပ်​သည်​ဖြစ်၍၊ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ လဲ၍​သေ​ရ​သော​ကြောင့်၊ သူ​ကိုယ်​တိုင်​မှ​စ၍ သူ၏ လူ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​ကို ဆွဲ​ကြ​လော့။ 21 ခွန်​အား​အ​ကြီး​ဆုံး​သော သူ​ရဲ​တို့​သည် မ​ရ​ဏ​နိုင်​ငံ​ထဲ​က သူ​နှင့် သူ၏​အ​ခြံ​အ​ရံ​တို့​ကို နှုတ်​ဆက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​လည်း ဆင်း​သွား​ကြ​ပြီ။ ဓား​နှင့်​သေ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော​အ​ဖြစ်၌ လဲ​နေ​လျက်​ရှိ​ကြ၏။ 22 ထို​အ​ရပ်၌ အာ​ရှု​ရ​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း​အ​ပေါင်း​လည်း ရှိ​ကြ၏။ သူ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​နေ​လျက်၊ ပတ်​လည်​အ​ရပ်​ရပ်​တို့၌ သူ​တို့​သင်္ချိုင်း​များ​ရှိ​ကြ၏။ 23 ထို​သင်္ချိုင်း​တို့​သည် ဥ​မင်​အ​တွင်း​အ​နား​မှာ စီး​လျက်၊ မင်း​သင်္ချိုင်း၌ ပတ်​လည်​ခြံ​ရံ​လျက်​ရှိ​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော​သူ ဖြစ်​သော်​လည်း၊ ထို​သူ​ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​နေ​ကြ၏။ 24 ထို​အ​ရပ်၌ ဧ​လံ​နှင့် သူ၏​သင်္ချိုင်း​ပတ်​လည်၌ သူ၏​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​လျက်​ရှိ​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ မြေ​အောက်​အ​ရပ်​သို့​ဆင်း​သွား​ရ​သ​ဖြင့်၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​လျက် သေ​သော​သူ​တို့​နှင့်​အ​တူ နေ​ရာ​ကျ​ကြ၏။ 25 မိ​မိ​အ​လုံး​အ​ရင်း​နှင့်​အိပ်၍ သူ​တို့ သင်္ချိုင်း​တွင်း​တို့​သည် ပတ်​လည်၌ ရှိ​ကြ၏။ ထို​သူ​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ ဓား​ဖြင့်​သေ​ကြ၏။ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​သ​ဖြင့်၊ သေ​သော​သူ​တို့​နှင့် အ​တူ နေ​ရာ​ကျ​ကြ၏။ 26 ထို​အ​ရပ်၌ မိ​မိ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​နှင့်​အ​တူ မေ​ရှက်​လည်း​ရှိ၏။ တု​ဗ​လ​လည်း​ရှိ၏။ သင်္ချိုင်း​တွင်း​တို့​သည် ပတ်​လည်၌ ရှိ​ကြ၏။ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း ထို​သူ​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်၍ ဓား​ဖြင့် သေ​လျက်​နေ​ကြ၏။ 27 သူ​တို့​သည် ရှေး​ကာ​လ၌ လဲ၍​သေ​သော၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော လူ​ကြီး​တို့​နှင့် အ​တူ​အိပ်၍ နေ​ရ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ ထို​လူ​ကြီး​တို့​သည် အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ လူ​ကြီး​တို့​ကို ကြောက်​စေ​တတ်​သော်​လည်း၊ စစ်​တိုက်​လက်​နက်​ပါ​လျက် မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ဆင်း​သွား၍၊ မိ​မိ​ဓား​ကို မိ​မိ​ခေါင်း​အောက်​မှာ ထား​လျက်၊ မိ​မိ​တို့​အ​ရိုး​ပေါ်​မှာ မိ​မိ​တို့​အ​ပြစ် တည်​လျက်​ရှိ​ကြ၏။ 28 သင်​သည်​လည်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော လူ​တို့​အ​လယ်၌ ကျိုး​ပျက်၍၊ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ လဲ​လျက်​နေ​ရ​လိမ့်​မည်။ 29 ထို​အ​ရပ်၌ ဧ​ဒုံ​လည်း​ရှိ၏။ ဧ​ဒုံ​ရှင်​ဘု​ရင်​နှင့် မှူး​တော်​မတ်​တော်​တို့​သည် မိ​မိ​တို့​တန်​ခိုး​ပါ​လျက်၊ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ နေ​ရာ​ကျ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ အိပ်​ရ​ကြ၏။ 30 ထို​အ​ရပ်၌ မြောက်​ပြည်​မင်း၊ ဇိ​ဒုန်​မင်း​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။ ကိုယ်​တန်​ခိုး​ကို ရှက်​လျက်၊ ထိတ်​လန့်​လျက် သေ​သော​သူ​တို့​နှင့်​အ​တူ ဆင်း​သွား​ကြ​ပြီ။ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ အိပ်​ကြ၏။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​လျက် နေ​ကြ၏။ 31 ဖာ​ရော​ဘု​ရင်​သည် ထို​လူ​များ​တို့​ကို​မြင်၍၊ ဓား​ဖြင့်​သေ​သော မိ​မိ​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​ကြောင့် ပူ​ပန်​သော​စိတ်​လျော့၍၊ ဖာ​ရော​ဘု​ရင်​နှင့် မိ​မိ​ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် သက်​သာ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 32 အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​သည် သူ​တစ်​ပါး​တို့​ကို ကြောက်​စေ​သော​အ​ခွင့်​ကို ငါ​ပေး​သော်​လည်း၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့် သေ​သော​သူတို့နှင့်အတူ၊ အရေဖျားလှီးခြင်းကိုမခံသောလူ​တို့​အ​လယ်၌ လဲ၍​နေ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Todos os capítulos de Ezekiel 48
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.