Pular para o conteúdo
Publicidade Remover anúncios

Ezekiel 44

WLC · Westminster Leningrad Codex

1 וַיָּ֣שֶׁב אֹתִ֗י דֶּ֣רֶךְ שַׁ֤עַר הַמִּקְדָּשׁ֙ הַֽחִיצ֔וֹן הַפֹּנֶ֖ה קָדִ֑ים וְה֖וּא סָגֽוּר׃ 2 וַיֹּ֨אמֶר אֵלַ֜י יְהוָ֗ה הַשַּׁ֣עַר הַזֶּה֩ סָג֨וּר יִהְיֶ֜ה לֹ֣א יִפָּתֵ֗חַ וְאִישׁ֙ לֹא־יָ֣בֹא ב֔וֹ כִּ֛י יְהוָ֥ה אֱלֹהֵֽי־יִשְׂרָאֵ֖ל בָּ֣א ב֑וֹ וְהָיָ֖ה סָגֽוּר׃ 3 אֶֽת־הַנָּשִׂ֗יא נָ֥שִׂיא ה֛וּא יֵֽשֶׁב־בּ֥וֹ לֶאֱכָול־לֶ֖חֶם לִפְנֵ֣י יְהוָ֑ה מִדֶּ֨רֶךְ אֻלָ֤ם הַשַּׁ֨עַר֙ יָב֔וֹא וּמִדַּרְכּ֖וֹ יֵצֵֽא׃ 4 וַיְבִיאֵ֜נִי דֶּֽרֶךְ־שַׁ֣עַר הַצָּפוֹן֮ אֶל־פְּנֵ֣י הַבַּיִת֒ וָאֵ֕רֶא וְהִנֵּ֛ה מָלֵ֥א כְבוֹד־יְהוָ֖ה אֶת־בֵּ֣ית יְהוָ֑ה וָאֶפֹּ֖ל אֶל־פָּנָֽי׃ 5 וַיֹּ֨אמֶר אֵלַ֜י יְהֹוָ֗ה בֶּן־אָדָ֡ם שִׂ֣ים לִבְּךָ֩ וּרְאֵ֨ה בְעֵינֶ֜יךָ וּבְאָזְנֶ֣יךָ שְּׁמָ֗ע אֵ֣ת כָּל־אֲשֶׁ֤ר אֲנִי֙ מְדַבֵּ֣ר אֹתָ֔ךְ לְכָל־חֻקּ֥וֹת בֵּית־יְהוָ֖ה וּלְכָל־תורתו וְשַׂמְתָּ֤ לִבְּךָ֙ לִמְב֣וֹא הַבַּ֔יִת בְּכֹ֖ל מוֹצָאֵ֥י הַמִּקְדָּֽשׁ׃ 6 וְאָמַרְתָּ֤ אֶל־מֶ֨רִי֙ אֶל־בֵּ֣ית יִשְׂרָאֵ֔ל כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה רַב־לָכֶ֛ם מִֽכָּל־תּוֹעֲבֽוֹתֵיכֶ֖ם בֵּ֥ית יִשְׂרָאֵֽל׃ 7 בַּהֲבִיאֲכֶ֣ם בְּנֵֽי־נֵכָ֗ר עַרְלֵי־לֵב֙ וְעַרְלֵ֣י בָשָׂ֔ר לִהְי֥וֹת בְּמִקְדָּשִׁ֖י לְחַלְּל֣וֹ אֶת־בֵּיתִ֑י בְּהַקְרִֽיבְכֶ֤ם אֶת־לַחְמִי֙ חֵ֣לֶב וָדָ֔ם וַיָּפֵ֨רוּ֙ אֶת־בְּרִיתִ֔י אֶ֖ל כָּל־תּוֹעֲבוֹתֵיכֶֽם׃ 8 וְלֹ֥א שְׁמַרְתֶּ֖ם מִשְׁמֶ֣רֶת קָדָשָׁ֑י וַתְּשִׂימ֗וּן לְשֹׁמְרֵ֧י מִשְׁמַרְתִּ֛י בְּמִקְדָּשִׁ֖י לָכֶֽם׃ 9 כֹּה־אָמַר֮ אֲדֹנָ֣י יְהוִה֒ כָּל־בֶּן־נֵכָ֗ר עֶ֤רֶל לֵב֙ וְעֶ֣רֶל בָּשָׂ֔ר לֹ֥א יָב֖וֹא אֶל־מִקְדָּשִׁ֑י לְכָל־בֶּן־נֵכָ֔ר אֲשֶׁ֕ר בְּת֖וֹךְ בְּנֵ֥י יִשְׂרָאֵֽל׃ 10 כִּ֣י אִם־הַלְוִיִּ֗ם אֲשֶׁ֤ר רָֽחֲקוּ֙ מֵֽעָלַ֔י בִּתְע֤וֹת יִשְׂרָאֵל֙ אֲשֶׁ֣ר תָּע֣וּ מֵֽעָלַ֔י אַחֲרֵ֖י גִּלּֽוּלֵיהֶ֑ם וְנָשְׂא֖וּ עֲוֺנָֽם׃ 11 וְהָי֤וּ בְמִקְדָּשִׁי֙ מְשָׁ֣רְתִ֔ים פְּקֻדּוֹת֙ אֶל־שַׁעֲרֵ֣י הַבַּ֔יִת וּֽמְשָׁרְתִ֖ים אֶת־הַבָּ֑יִת הֵ֠מָּה יִשְׁחֲט֨וּ אֶת־הָעֹלָ֤ה וְאֶת־הַזֶּ֨בַח֙ לָעָ֔ם וְהֵ֛מָּה יַעַמְד֥וּ לִפְנֵיהֶ֖ם לְשָֽׁרְתָֽם׃ 12 יַ֗עַן אֲשֶׁ֨ר יְשָׁרְת֤וּ אוֹתָם֙ לִפְנֵ֣י גִלּֽוּלֵיהֶ֔ם וְהָי֥וּ לְבֵֽית־יִשְׂרָאֵ֖ל לְמִכְשׁ֣וֹל עָוֺ֑ן עַל־כֵּן֩ נָשָׂ֨אתִי יָדִ֜י עֲלֵיהֶ֗ם נְאֻם֙ אֲדֹנָ֣י יְהוִ֔ה וְנָשְׂא֖וּ עֲוֺנָֽם׃ 13 וְלֹֽא־יִגְּשׁ֤וּ אֵלַי֙ לְכַהֵ֣ן לִ֔י וְלָגֶ֨שֶׁת֙ עַל־כָּל־קָ֣דָשַׁ֔י אֶל־קָדְשֵׁ֖י הַקְּדָשִׁ֑ים וְנָֽשְׂאוּ֙ כְּלִמָּתָ֔ם וְתוֹעֲבוֹתָ֖ם אֲשֶׁ֥ר עָשֽׂוּ׃ 14 וְנָתַתִּ֣י אוֹתָ֔ם שֹׁמְרֵ֖י מִשְׁמֶ֣רֶת הַבָּ֑יִת לְכֹל֙ עֲבֹ֣דָת֔וֹ וּלְכֹ֛ל אֲשֶׁ֥ר יֵעָשֶׂ֖ה בּֽוֹ׃ פ 15 וְהַכֹּהֲנִ֨ים הַלְוִיִּ֜ם בְּנֵ֣י צָד֗וֹק אֲשֶׁ֨ר שָׁמְר֜וּ אֶת־מִשְׁמֶ֤רֶת מִקְדָּשִׁי֙ בִּתְע֤וֹת בְּנֵֽי־יִשְׂרָאֵל֙ מֵֽעָלַ֔י הֵ֛מָּה יִקְרְב֥וּ אֵלַ֖י לְשָֽׁרְתֵ֑נִי וְעָמְד֣וּ לְפָנַ֗י לְהַקְרִ֥יב לִי֙ חֵ֣לֶב וָדָ֔ם נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 16 הֵ֜מָּה יָבֹ֣אוּ אֶל־מִקְדָּשִׁ֗י וְהֵ֛מָּה יִקְרְב֥וּ אֶל־שֻׁלְחָנִ֖י לְשָׁרְתֵ֑נִי וְשָׁמְר֖וּ אֶת־מִשְׁמַרְתִּֽי׃ 17 וְהָיָ֗ה בְּבוֹאָם֙ אֶֽל־שַׁעֲרֵי֙ הֶחָצֵ֣ר הַפְּנִימִ֔ית בִּגְדֵ֥י פִשְׁתִּ֖ים יִלְבָּ֑שׁוּ וְלֹֽא־יַעֲלֶ֤ה עֲלֵיהֶם֙ צֶ֔מֶר בְּשָֽׁרְתָ֗ם בְּשַׁעֲרֵ֛י הֶחָצֵ֥ר הַפְּנִימִ֖ית וָבָֽיְתָה׃ 18 פַּאֲרֵ֤י פִשְׁתִּים֙ יִהְי֣וּ עַל־רֹאשָׁ֔ם וּמִכְנְסֵ֣י פִשְׁתִּ֔ים יִהְי֖וּ עַל־מָתְנֵיהֶ֑ם לֹ֥א יַחְגְּר֖וּ בַּיָּֽזַע׃ 19 וּ֠בְצֵאתָם אֶל־הֶחָצֵ֨ר הַחִיצוֹנָ֜ה אֶל־הֶחָצֵ֣ר הַחִיצוֹנָה֮ אֶל־הָעָם֒ יִפְשְׁט֣וּ אֶת־בִּגְדֵיהֶ֗ם אֲשֶׁר־הֵ֨מָּה֙ מְשָׁרְתִ֣ם בָּ֔ם וְהִנִּ֥יחוּ אוֹתָ֖ם בְּלִֽשְׁכֹ֣ת הַקֹּ֑דֶשׁ וְלָֽבְשׁוּ֙ בְּגָדִ֣ים אֲחֵרִ֔ים וְלֹֽא־יְקַדְּשׁ֥וּ אֶת־הָעָ֖ם בְּבִגְדֵיהֶֽם׃ 20 וְרֹאשָׁם֙ לֹ֣א יְגַלֵּ֔חוּ וּפֶ֖רַע לֹ֣א יְשַׁלֵּ֑חוּ כָּס֥וֹם יִכְסְמ֖וּ אֶת־רָאשֵׁיהֶֽם׃ 21 וְיַ֥יִן לֹֽא־יִשְׁתּ֖וּ כָּל־כֹּהֵ֑ן בְּבוֹאָ֖ם אֶל־הֶחָצֵ֥ר הַפְּנִימִֽית׃ 22 וְאַלְמָנָה֙ וּגְרוּשָׁ֔ה לֹֽא־יִקְח֥וּ לָהֶ֖ם לְנָשִׁ֑ים כִּ֣י אִם־בְּתוּלֹ֗ת מִזֶּ֨רַע֙ בֵּ֣ית יִשְׂרָאֵ֔ל וְהָֽאַלְמָנָה֙ אֲשֶׁ֣ר תִּֽהְיֶ֣ה אַלְמָנָ֔ה מִכֹּהֵ֖ן יִקָּֽחוּ׃ 23 וְאֶת־עַמִּ֣י יוֹר֔וּ בֵּ֥ין קֹ֖דֶשׁ לְחֹ֑ל וּבֵין־טָמֵ֥א לְטָה֖וֹר יוֹדִעֻֽם׃ 24 וְעַל־רִ֗יב הֵ֚מָּה יַעַמְד֣וּ לשפט בְּמִשְׁפָּטַ֖י ושפטהו וְאֶת־תּוֹרֹתַ֤י וְאֶת־חֻקֹּתַי֙ בְּכָל־מוֹעֲדַ֣י יִשְׁמֹ֔רוּ וְאֶת־שַׁבְּתוֹתַ֖י יְקַדֵּֽשׁוּ׃ 25 וְאֶל־מֵ֣ת אָדָ֔ם לֹ֥א יָב֖וֹא לְטָמְאָ֑ה כִּ֣י אִם־לְאָ֡ב וּ֠לְאֵם וּלְבֵ֨ן וּלְבַ֜ת לְאָ֗ח וּלְאָח֛וֹת אֲשֶֽׁר־לֹא־הָיְתָ֥ה לְאִ֖ישׁ יִטַּמָּֽאוּ׃ 26 וְאַחֲרֵ֖י טָֽהֳרָת֑וֹ שִׁבְעַ֥ת יָמִ֖ים יִסְפְּרוּ־לֽוֹ׃ 27 וּבְיוֹם֩ בֹּא֨וֹ אֶל־הַקֹּ֜דֶשׁ אֶל־הֶחָצֵ֤ר הַפְּנִימִית֙ לְשָׁרֵ֣ת בַּקֹּ֔דֶשׁ יַקְרִ֖יב חַטָּאת֑וֹ נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 28 וְהָיְתָ֤ה לָהֶם֙ לְֽנַחֲלָ֔ה אֲנִ֖י נַֽחֲלָתָ֑ם וַאֲחֻזָּ֗ה לֹֽא־תִתְּנ֤וּ לָהֶם֙ בְּיִשְׂרָאֵ֔ל אֲנִ֖י אֲחֻזָּתָֽם׃ 29 הַמִּנְחָה֙ וְהַחַטָּ֣את וְהָאָשָׁ֔ם הֵ֖מָּה יֹֽאכְל֑וּם וְכָל־חֵ֥רֶם בְּיִשְׂרָאֵ֖ל לָהֶ֥ם יִהְיֶֽה׃ 30 וְרֵאשִׁית֩ כָּל־בִּכּ֨וּרֵי כֹ֜ל וְכָל־תְּר֣וּמַת כֹּ֗ל מִכֹּל֙ תְּרוּמ֣וֹתֵיכֶ֔ם לַכֹּהֲנִ֖ים יִֽהְיֶ֑ה וְרֵאשִׁ֤ית עֲרִסֽוֹתֵיכֶם֙ תִּתְּנ֣וּ לַכֹּהֵ֔ן לְהָנִ֥יחַ בְּרָכָ֖ה אֶל־בֵּיתֶֽךָ׃ 31 כָּל־נְבֵלָה֙ וּטְרֵפָ֔ה מִן־הָע֖וֹף וּמִן־הַבְּהֵמָ֑ה לֹ֥א יֹאכְל֖וּ הַכֹּהֲנִֽים׃ פ

JBMLE · Judson Bible

အ​ရှေ့​အ​ရပ်​ပြင်​တံ​ခါး

1 ထို​နောက်၊ သန့်​ရှင်း​ရာ​အ​ရပ်​အ​ရှေ့​သို့ မျက်​နှာ​ပြု​သော ပြင်​တံ​ခါး​သို့​ဆောင်​သွား၍၊ ထို​တံ​ခါး​သည် ပိတ်​လျက်​ရှိ၏။ 2 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​တံ​ခါး​ကို​မ​ဖွင့်​ဘဲ ပိတ်​ထား​လျက်​ရှိ​ရ​မည်။ လူ​များ​မ​ဝင်​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဝင်​တော်​မူ​သော​ကြောင့် ပိတ်​ထား​လျက်​ရှိ​ရ​မည်။ 3 မင်း​သား​အ​ဖို့​ဖြစ်၏။ မင်း​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​သောက်၍ ထို​တံ​ခါး​ဝ​မှာ ထိုင်​ရ​လိမ့်​မည်။ မင်း​သား​သည် ထို​တံ​ခါး​မုခ်​ဖြင့် ထွက်​ဝင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဗိ​မာန်​တော်​သို့​ဝင်​ရောက်​ခွင့်

4 ထို​အ​ခါ အိမ်​တော်​ရှေ့၊ မြောက်​တံ​ခါး​လမ်း​ဖြင့် ငါ့​ကို​ဆောင်​သွား၍ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို ဖြည့်​တော်​မူ​သ​ဖြင့်၊ ငါ​သည်​ပျပ်​ဝပ်​လျက်​နေ၏။ 5 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု၍ မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​ဖို့ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ရှိ​သ​မျှ​တို့​ကို နား​ထောင်​လော့။ အိမ်​တော်​ဝင်​ရာ​တံ​ခါး​ဝ​နှင့် သန့်​ရှင်း​ရာ​ဌာ​န​မှ ထွက်​ရာ​တံ​ခါး​ဝ​ရှိ​သ​မျှ​တို့​ကို စေ့​စေ့​မှတ်​လော့။ 6 ပုန်​ကန်​တတ်​သော​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ 7 သင်​တို့​သည် ငါ့​ဘော​ဇဉ်​တည်း​ဟူ​သော ဆီ​ဥ​နှင့်​အ​သွေး​ကို ပူ​ဇော်​သော​အ​ခါ၊ ငါ့​ဗိ​မာန်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ သွင်း၍​နေ​ရာ​ချ​သ​ဖြင့်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ​ကို​ပြု​မိ​သည်​ဖြစ်၍၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​အား​ဖြင့် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်​ကြ​ပြီ။ 8 ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို မ​စောင့်။ ထို​ဌာ​န၌ စောင့်​သော​သူ​တို့​ကို ကိုယ်​အ​လို​အ​လျောက်​ခန့်​ထား​ကြ​ပြီ။

9 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​နေ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ မ​ဝင်​ရ။

လမ်း​လွှဲ​သော​လေ​ဝိ​သားများ

10 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​ပြီး​လျှင်၊ မိ​မိ​တို့​ရုပ်​တု​များ​နောက်​သို့ လိုက်​သွား​သော​အ​ခါ၊ ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော လေ​ဝိ​သား​တို့​သည်​လည်း ကိုယ်​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။ 11 သို့​ရာ​တွင်၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​ဆိုင်​သော​အ​မှု​စောင့်​ဖြစ်၍၊ ဗိ​မာန်​တော်၌​တံ​ခါး​တို့​ကို စောင့်​လျက်၊ အ​မှု​တော်​ကို ဆောင်​ရွက်​လျက် နေ​ရ​ကြ​မည်။ မီး​ရှို့​ရာ​ယဇ်​နှင့် လူ​များ​ပူ​ဇော်​သော ယဇ်​ကောင်​တို့​ကို​သတ်၍၊ လူ​များ​ကိုယ်​စား အ​မှု​တော်​ကို ဆောင်​ရွက်​ရ​ကြ​မည်။ 12 သူ​တို့​သည် ရုပ်​တု​တို့​ရှေ့​မှာ လူ​များ​အ​မှု​ကို ဆောင်​ရွက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ထိ​မိ၍ ဒု​စ​ရိုက် အ​ပြစ်​ထဲ​သို့ လဲ​စ​ရာ​အ​ကြောင်း ဖြစ်​ဖူး​သော​ကြောင့်၊ သူ​တို့​တစ်​ဖက်၌ ငါ​ကျိန်​ဆို၍၊ သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။ 13 ယဇ်​ပု​ရော​ဟိတ်​လုပ်၍ ငါ့​ထံ​သို့​မ​ချဉ်း​ကပ်​ရ​ကြ။ အ​လွန်​သန့်​ရှင်း​သော ငါ့​ဌာ​န၌ သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ချဉ်း​ကပ်​ရ​ကြ။ ကိုယ်​အ​ရှက်​ကွဲ​ခြင်း၊ ကိုယ်​ပြု​မိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ခံ​ရ​ကြ​မည်။ 14 အိမ်​တော်​ကို​စောင့်၍၊ အိမ်​တော်၌ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​မည်။

လေ​ဝိ​အ​မျိုး

15 ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော​အ​ခါ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို စောင့်​နေ​သော လေ​ဝိ​အ​မျိုး​ဖြစ်​သော ဇာ​ဒုတ်​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ ငါ့​ထံ​သို့ ချဉ်း​ကပ်​ရ​ကြ​မည်။ ငါ့​အား ဆီ​ဥ​နှင့်​အ​သွေး​ကို​ပူ​ဇော်​ခြင်း​ငှာ အ​ရှေ့​မှာ ရပ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 16 ထို​သူ​တို့​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​ဝင်၍ ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ ငါ့​စား​ပွဲ​အ​နား​သို့ ချဉ်း​ကပ်၍ ငါ့​အ​မှု​စောင့်​ဖြစ်​ရ​ကြ​မည်။

17 သူ​တို့​သည် အ​တွင်း​တံ​တိုင်း​တံ​ခါး အ​တွင်း​သို့ ဝင်​သော​အ​ခါ၊ ပိတ်​အ​ဝတ်​ကို​သာ ဝတ်​ရ​ကြ​မည်။ အ​တွင်း​တံ​တိုင်း တံ​ခါး​အ​တွင်း၌ အ​မှု​တော်​ကို​ဆောင်​ရွက်​စဉ်၊ သိုး​မွေး​အ​ဝတ်​ကို မ​ဝတ်​ရ​ကြ။ထွ၊ ၂၈:၃၉-၄၃။ ဝတ်၊ ၁၆:၄။18 ခေါင်း​ပေါ်​မှာ ပိတ်​ဦး​ထုပ်​ကို ဆောင်း၍၊ ခါး၌ ပိတ်​ဘောင်း​ဘီ​ကို ဝတ်​ရ​ကြ​မည်။ ချွေး​ထွက်​စေ​သော အ​ဝတ်​ကို မ​ဝတ်​ရ​ကြ။ 19 လူ​များ​ရှိ​ရာ ပြင်​တံ​တိုင်း​သို့ ထွက်​သွား​သော​အ​ခါ၊ အ​မှု​တော်​ကို ဆောင်​စဉ်​တွင် ဝတ်​သော​အ​ဝတ်​ကို ချွတ်၍၊ သန့်​ရှင်း​သော​အ​ခန်း​တို့၌ ထား​ပြီး​လျှင်၊ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ရ​ကြ​မည်။ အ​ရင်​အ​ဝတ်​ကို​ဝတ်​လျက် လူ​များ​တို့​ကို မ​သန့်​ရှင်း​စေ​ရ​ကြ။ဝတ်၊ ၁၆:၂၃။20 မိ​မိ​တို့​ဆံ​ပင်​ကို​လည်း မ​ရိတ်​ရ၊ မ​ရှည်​စေ​ခြင်း​ငှာ ဖြတ်​ရ​မည်။ဝတ်၊ ၂၁:၅။21 ယဇ်​ပု​ရော​ဟိတ်​သည် အ​တွင်း​တံ​တိုင်း​ထဲ​သို့ ဝင်​သော​အ​ခါ စ​ပျစ်​ရည်​ကို မ​သောက်​ရ။ဝတ်၊ ၁၀:၉။22 မု​ဆိုး​မ​နှင့် မ​စုံ​ဖက်​ရ။ လင်​ကွာ​သော​မိန်း​မ​နှင့် မ​စုံ​ဖက်​ရ။ ဣ​သ​ရေ​လ​အ​မျိုး အ​ပျို​က​ညာ​နှင့် သော်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်၏ မ​ယား​ဖြစ်​ဖူး​သော မု​ဆိုး​မ​နှင့်​သော်​လည်း​ကောင်း စုံ​ဖက်​ရ​မည်။ဝတ်၊ ၂၁:၇၊ ၁၃-၁၄။23 ငါ၏​လူ​တို့​သည် သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ် သော​အ​ရာ​တို့​ကို​လည်း​ကောင်း ပိုင်း​ခြား၍​သိ​စေ​ခြင်း​ငှာ သွန်​သင်​ရ​ကြ​မည်။ဝတ်၊ ၁၀:၁၀။24 တ​ရား​တွေ့​မှု​ကို စီ​ရင်​လျှင်၊ ငါ၏​ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​ကြ​မည်။ ငါ၏​ဓ​မ္မ​ပွဲ​တို့​ကို ဆောင်​ရွက်​လျှင်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တို့​ကို​လည်း​ကောင်း၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို​လည်း​ကောင်း စောင့်​ရှောက်​ရ​ကြ​မည်။ 25 အ​သေ​ကောင်​ကို​ချဉ်း၍ ကိုယ်​ကို မ​ညစ်​ညူး​စေ​ရ။ သို့​ရာ​တွင်၊ ကိုယ်​မိ​ဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ လင်​မ​နေ​သော​နှ​မ​အ​တွက် ကိုယ်​ကို ညစ်​ညူး​စေ​ရ​သော အ​ခွင့်​ရှိ၏။ဝတ်၊ ၂၁:၁-၄။26 သန့်​ရှင်း​ခြင်း​ကို​ပြု​ပြီး​မှ ခု​နစ်​ရက်​နေ​ရ​မည်။ 27 သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ အ​တွင်း​တံ​တိုင်း သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ဝင်​သော​နေ့​တွင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 28 ထို​အ​ရာ​သည် ယဇ်​ပု​ရော​ဟိတ်​တို့၏​အ​မွေ​ဥ​စ္စာ​ဖြစ်​ရ​မည်။ ငါ​သည် သူ​တို့​အ​မွေ​ဥ​စ္စာ​ဖြစ်၏။ ဣ​သ​ရေ​လ​ပြည်၌ သူ​တို့​အား အ​မွေ​မြေ​ကို မ​ပေး​ရ။ ငါ​သည် သူ​တို့၏​အ​မွေ​မြေ​ဖြစ်၏။ တော၊ ၁၈:၂၀။29 ပူ​ဇော်​သော​မုန့်​ညက်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို စား​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​ကို​လည်း သိမ်း​ယူ​ရ​ကြ​မည်။တော၊ ၁၈:၈-၁၉။30 အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​နှင့်၊ ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​ရ​မည်။ သူ​သည်​သင့်​အိမ်၌ ကောင်း​ချီးမင်္ဂ​လာ​ကို သက်​ရောက်​စေ​ခြင်း​ငှာ၊ အ​ဦး​နယ်​သော မုန့်​စိမ်း​ကို သူ၌​လှူ​ရ​မည်။ 31 ငှက်​ဖြစ်​စေ၊ သား​ဖြစ်​စေ၊ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​မ​စား​ရ။ဝတ်၊ ၂၂:၈။

Todos os capítulos de Ezekiel 48
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.