Pular para o conteúdo
Publicidade Remover anúncios

Ezekiel 45

WLC · Westminster Leningrad Codex

1 וּבְהַפִּֽילְכֶ֨ם אֶת־הָאָ֜רֶץ בְּנַחֲלָ֗ה תָּרִימוּ֩ תְרוּמָ֨ה לַיהוָ֥ה ׀ קֹדֶשׁ֮ מִן־הָאָרֶץ֒ אֹ֗רֶךְ חֲמִשָּׁ֨ה וְעֶשְׂרִ֥ים אֶ֨לֶף֙ אֹ֔רֶךְ וְרֹ֖חַב עֲשָׂ֣רָה אָ֑לֶף קֹדֶשׁ־ה֥וּא בְכָל־גְּבוּלָ֖הּ סָבִֽיב׃ 2 יִהְיֶ֤ה מִזֶּה֙ אֶל־הַקֹּ֔דֶשׁ חֲמֵ֥שׁ מֵא֛וֹת בַּחֲמֵ֥שׁ מֵא֖וֹת מְרֻבָּ֣ע סָבִ֑יב וַחֲמִשִּׁ֣ים אַמָּ֔ה מִגְרָ֥שׁ ל֖וֹ סָבִֽיב׃ 3 וּמִן־הַמִּדָּ֤ה הַזֹּאת֙ תָּמ֔וֹד אֹ֗רֶךְ חמש וְעֶשְׂרִים֙ אֶ֔לֶף וְרֹ֖חַב עֲשֶׂ֣רֶת אֲלָפִ֑ים וּבֽוֹ־יִהְיֶ֥ה הַמִּקְדָּ֖שׁ קֹ֥דֶשׁ קָדָשִֽׁים׃ 4 קֹ֣דֶשׁ מִן־הָאָ֜רֶץ ה֗וּא לַכֹּ֨הֲנִ֜ים מְשָׁרְתֵ֤י הַמִּקְדָּשׁ֙ יִֽהְיֶ֔ה הַקְּרֵבִ֖ים לְשָׁרֵ֣ת אֶת־יְהוָ֑ה וְהָיָ֨ה לָהֶ֤ם מָקוֹם֙ לְבָ֣תִּ֔ים וּמִקְדָּ֖שׁ לַמִּקְדָּֽשׁ׃ 5 וַחֲמִשָּׁ֨ה וְעֶשְׂרִ֥ים אֶ֨לֶף֙ אֹ֔רֶךְ וַעֲשֶׂ֥רֶת אֲלָפִ֖ים רֹ֑חַב יהיה לַלְוִיִּם֩ מְשָׁרְתֵ֨י הַבַּ֧יִת לָהֶ֛ם לַאֲחֻזָּ֖ה עֶשְׂרִ֥ים לְשָׁכֹֽת׃ 6 וַאֲחֻזַּ֨ת הָעִ֜יר תִּתְּנ֗וּ חֲמֵ֤שֶׁת אֲלָפִים֙ רֹ֔חַב וְאֹ֗רֶךְ חֲמִשָּׁ֤ה וְעֶשְׂרִים֙ אֶ֔לֶף לְעֻמַּ֖ת תְּרוּמַ֣ת הַקֹּ֑דֶשׁ לְכָל־בֵּ֥ית יִשְׂרָאֵ֖ל יִהְיֶֽה׃ 7 וְלַנָּשִׂ֡יא מִזֶּ֣ה וּמִזֶּה֩ לִתְרוּמַ֨ת הַקֹּ֜דֶשׁ וְלַאֲחֻזַּ֣ת הָעִ֗יר אֶל־פְּנֵ֤י תְרֽוּמַת־הַקֹּ֨דֶשׁ֙ וְאֶל־פְּנֵי֙ אֲחֻזַּ֣ת הָעִ֔יר מִפְּאַת־יָ֣ם יָ֔מָּה וּמִפְּאַת־קֵ֖דְמָה קָדִ֑ימָה וְאֹ֗רֶךְ לְעֻמּוֹת֙ אַחַ֣ד הַחֲלָקִ֔ים מִגְּב֥וּל יָ֖ם אֶל־גְּב֥וּל קָדִֽימָה׃ 8 לָאָ֛רֶץ יִֽהְיֶה־לּ֥וֹ לַֽאֲחֻזָּ֖ה בְּיִשְׂרָאֵ֑ל וְלֹא־יוֹנ֨וּ ע֤וֹד נְשִׂיאַי֙ אֶת־עַמִּ֔י וְהָאָ֛רֶץ יִתְּנ֥וּ לְבֵֽית־יִשְׂרָאֵ֖ל לְשִׁבְטֵיהֶֽם׃ ס 9 כֹּֽה־אָמַ֞ר אֲדֹנָ֣י יְהוִ֗ה רַב־לָכֶם֙ נְשִׂיאֵ֣י יִשְׂרָאֵ֔ל חָמָ֤ס וָשֹׁד֙ הָסִ֔ירוּ וּמִשְׁפָּ֥ט וּצְדָקָ֖ה עֲשׂ֑וּ הָרִ֤ימוּ גְרֻשֹֽׁתֵיכֶם֙ מֵעַ֣ל עַמִּ֔י נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 10 מֹֽאזְנֵי־צֶ֧דֶק וְאֵֽיפַת־צֶ֛דֶק וּבַת־צֶ֖דֶק יְהִ֥י לָכֶֽם׃ 11 הָאֵיפָ֣ה וְהַבַּ֗ת תֹּ֤כֶן אֶחָד֙ יִֽהְיֶ֔ה לָשֵׂ֕את מַעְשַׂ֥ר הַחֹ֖מֶר הַבָּ֑ת וַעֲשִׂירִ֤ת הַחֹ֨מֶר֙ הָֽאֵיפָ֔ה אֶל־הַחֹ֖מֶר יִהְיֶ֥ה מַתְכֻּנְתּֽוֹ׃ 12 וְהַשֶּׁ֖קֶל עֶשְׂרִ֣ים גֵּרָ֑ה עֶשְׂרִ֨ים שְׁקָלִ֜ים חֲמִשָּׁ֧ה וְעֶשְׂרִ֣ים שְׁקָלִ֗ים עֲשָׂרָ֤ה וַחֲמִשָּׁה֙ שֶׁ֔קֶל הַמָּנֶ֖ה יִֽהְיֶ֥ה לָכֶֽם׃ 13 זֹ֥את הַתְּרוּמָ֖ה אֲשֶׁ֣ר תָּרִ֑ימוּ שִׁשִּׁ֤ית הָֽאֵיפָה֙ מֵחֹ֣מֶר הַֽחִטִּ֔ים וְשִׁשִּׁיתֶם֙ הָֽאֵיפָ֔ה מֵחֹ֖מֶר הַשְּׂעֹרִֽים׃ 14 וְחֹ֨ק הַשֶּׁ֜מֶן הַבַּ֣ת הַשֶּׁ֗מֶן מַעְשַׂ֤ר הַבַּת֙ מִן־הַכֹּ֔ר עֲשֶׂ֥רֶת הַבַּתִּ֖ים חֹ֑מֶר כִּֽי־עֲשֶׂ֥רֶת הַבַּתִּ֖ים חֹֽמֶר׃ 15 וְשֶׂה־אַחַ֨ת מִן־הַצֹּ֤אן מִן־הַמָּאתַ֨יִם֙ מִמַּשְׁקֵ֣ה יִשְׂרָאֵ֔ל לְמִנְחָ֖ה וּלְעוֹלָ֣ה וְלִשְׁלָמִ֑ים לְכַפֵּ֣ר עֲלֵיהֶ֔ם נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 16 כֹּ֚ל הָעָ֣ם הָאָ֔רֶץ יִהְי֖וּ אֶל־הַתְּרוּמָ֣ה הַזֹּ֑את לַנָּשִׂ֖יא בְּיִשְׂרָאֵֽל׃ 17 וְעַֽל־הַנָּשִׂ֣יא יִהְיֶ֗ה הָעוֹל֣וֹת וְהַמִּנְחָה֮ וְהַנֵּסֶךְ֒ בַּחַגִּ֤ים וּבֶחֳדָשִׁים֙ וּבַשַּׁבָּת֔וֹת בְּכָֽל־מוֹעֲדֵ֖י בֵּ֣ית יִשְׂרָאֵ֑ל הֽוּא־יַעֲשֶׂ֞ה אֶת־הַחַטָּ֣את וְאֶת־הַמִּנְחָ֗ה וְאֶת־הָֽעוֹלָה֙ וְאֶת־הַשְּׁלָמִ֔ים לְכַפֵּ֖ר בְּעַ֥ד בֵּֽית־יִשְׂרָאֵֽל׃ ס 18 כֹּה־אָמַר֮ אֲדֹנָ֣י יְהוִה֒ בָּֽרִאשׁוֹן֙ בְּאֶחָ֣ד לַחֹ֔דֶשׁ תִּקַּ֥ח פַּר־בֶּן־בָּקָ֖ר תָּמִ֑ים וְחִטֵּאתָ֖ אֶת־הַמִּקְדָּֽשׁ׃ 19 וְלָקַ֨ח הַכֹּהֵ֜ן מִדַּ֣ם הַחַטָּ֗את וְנָתַן֙ אֶל־מְזוּזַ֣ת הַבַּ֔יִת וְאֶל־אַרְבַּ֛ע פִּנּ֥וֹת הָעֲזָרָ֖ה לַמִּזְבֵּ֑חַ וְעַ֨ל־מְזוּזַ֔ת שַׁ֖עַר הֶחָצֵ֥ר הַפְּנִימִֽית׃ 20 וְכֵ֤ן תַּֽעֲשֶׂה֙ בְּשִׁבְעָ֣ה בַחֹ֔דֶשׁ מֵאִ֥ישׁ שֹׁגֶ֖ה וּמִפֶּ֑תִי וְכִפַּרְתֶּ֖ם אֶת־הַבָּֽיִת׃ 21 בָּ֠רִאשׁוֹן בְּאַרְבָּעָ֨ה עָשָׂ֥ר יוֹם֙ לַחֹ֔דֶשׁ יִהְיֶ֥ה לָכֶ֖ם הַפָּ֑סַח חָ֕ג שְׁבֻע֣וֹת יָמִ֔ים מַצּ֖וֹת יֵאָכֵֽל׃ 22 וְעָשָׂ֤ה הַנָּשִׂיא֙ בַּיּ֣וֹם הַה֔וּא בַּעֲד֕וֹ וּבְעַ֖ד כָּל־עַ֣ם הָאָ֑רֶץ פַּ֖ר חַטָּֽאת׃ 23 וְשִׁבְעַ֨ת יְמֵֽי־הֶחָ֜ג יַעֲשֶׂ֧ה עוֹלָ֣ה לַֽיהוָ֗ה שִׁבְעַ֣ת פָּ֠רִים וְשִׁבְעַ֨ת אֵילִ֤ים תְּמִימִם֙ לַיּ֔וֹם שִׁבְעַ֖ת הַיָּמִ֑ים וְחַטָּ֕את שְׂעִ֥יר עִזִּ֖ים לַיּֽוֹם׃ 24 וּמִנְחָ֗ה אֵיפָ֥ה לַפָּ֛ר וְאֵיפָ֥ה לָאַ֖יִל יַֽעֲשֶׂ֑ה וְשֶׁ֖מֶן הִ֥ין לָאֵיפָֽה׃ 25 בַּשְּׁבִיעִ֡י בַּחֲמִשָּׁה֩ עָשָׂ֨ר י֤וֹם לַחֹ֨דֶשׁ֙ בֶּחָ֔ג יַעֲשֶׂ֥ה כָאֵ֖לֶּה שִׁבְעַ֣ת הַיָּמִ֑ים כַּֽחַטָּאת֙ כָּעֹלָ֔ה וְכַמִּנְחָ֖ה וְכַשָּֽׁמֶן׃ ס

JBMLE · Judson Bible

သန့်​ရှင်း​သော​မြေ

1 သင်​တို့​သည် မြေ​ကို အ​မွေ​ခံ​ခြင်း​ငှာ စာ​ရေး​တံ​ချ၍ ပိုင်း​ခြား​သော​အ​ခါ၊ သန့်​ရှင်း​သော​မြေ​တစ်​ကွက်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​ကြ​မည်။ ထို​အ​ကွက်​သည် အ​လျား​ကျူ​လုံး​အ​ပြန် နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။ နယ်​နိ​မိတ်​ရှိ​သ​မျှ​သည်​လည်း သန့်​ရှင်း​ရ​မည်။ 2 ထို​မြေ​ကွက်​အ​လယ်၌ အ​လျား​အ​တောင်​ငါး​ရာ၊ အ​နံ​လည်း အ​တောင်​ငါး​ရာ​ရှိ​သော စ​တု​ရန်း​အ​ကွက်​သည် သန့်​ရှင်း​ရာ​ဌာ​န​ဖို့ ဖြစ်​ရ​မည်။ ထို​အ​ကွက်​ပတ်​လည်၌ သန့်​ရှင်း​သော​နယ်​လည်း အ​တောင်​ငါး​ဆယ် ရှိ​ရ​မည်။ 3 ထို​သို့ အ​လျား​နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ကို​တိုင်း​ပြီး​မှ အ​လွန်​သန့်​ရှင်း​သော​အ​ရပ်​နှင့် သန့်​ရှင်း​သော​ဌာ​န​တည်​ရာ ဖြစ်​ရ​မည်။ 4 ထို​သန့်​ရှင်း​သော​မြေ​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သန့်​ရှင်း​ရာ​ဌာ​န၏​အ​မှု​စောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ ဖြစ်​ရ​မည်။ သူ​တို့​အိမ်​ဆောက်​စ​ရာ​နှင့် သန့်​ရှင်း​ရာ​ဌာ​န တည်​စ​ရာ​ဖို့ သန့်​ရှင်း​သော​မြေ​ဖြစ်​ရ​မည်။ 5 အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​သော အ​ကွက်​သည် အိမ်​တော်​အ​မှု​စောင့်​လေ​ဝိ​လူ​တို့​နေ​ရာ အ​ခန်း​နှစ်​ဆယ် တည်​ဆောက်​စ​ရာ​ဖို့ ဖြစ်​ရ​မည်။ 6 မြို့​တော်​နှင့်​ဆိုင်​သော​မြေ​သည် သန့်​ရှင်း​သော​အ​ရပ် တစ်​ဖက်​တစ်​ချက်၌ အ​လျား တစ်​သောင်း​ငါး​ထောင်၊ အ​နံ ငါး​ထောင်​ရှိ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ဖြစ်​ရ​မည်။

မင်း​သား​အ​တွက်​မြေ​ယာ

7 သန့်​ရှင်း​သော​မြေ​ကွက်​နှင့် မြို့​တော် နယ်​နိ​မိတ် အ​နောက်​ဘက်​တစ်​လျှောက်​လုံး​တစ်​ပိုင်း၊ အ​ရှေ့​ဘက်​တစ်​လျှောက်​လုံး​တစ်​ပိုင်း​သည် မင်း​သား​အ​ဖို့ ဖြစ်​ရ​မည်။ 8 ငါ၏​မင်း​သား​တို့​သည် နောက်​တစ်​ဖန် ငါ၏​လူ​တို့​ကို မ​ညှဉ်း​ဆဲ​မည်​အ​ကြောင်း၊ ထို​မြေ​သည် ဣ​သ​ရေ​လ​ပြည်၌ မင်း​သား​ပိုင်​သော​မြေ ဖြစ်​ရ​မည်။ ကြွင်း​သော​မြေ​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား ပေး​ဝေ​ရ​မည်။

မင်း​သား​အ​တွက်​စည်း​ကမ်း​များ

9 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​မင်း​သား​တို့၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ အ​နိုင်​အ​ထက်​ပြု​ခြင်း၊ လု​ယူ​ခြင်း​အ​မှု​တို့​ကို ပယ်​ရှား၍၊ တ​ရား​သော​အ​မှု ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​ကြ​လော့။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​ကို မ​ညှဉ်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ချိန်​နှင့်​အ​တိုင်း​အ​တာ

10 မှန်​သော​ချိန်​ခွင်၊ မှန်​သော​ဧ​ဖာ၊ မှန်​သော​ဗတ်​တို့​ကို သုံး​ရ​ကြ​မည်။ဝတ်၊ ၁၉:၃၆။11 ဧ​ဖာ​နှင့်​ဗတ်​သည် အ​ညီ​အ​မျှ​ရှိ​ရ​မည်။ နှစ်​ပါး​သည် ဟော​မဲ​ကို အ​မှီ​ပြု၍၊ ဧ​ဖာ​သည် တစ်​ဟော​မဲ​တွင် ဆယ်​စု​တစ်​စု၊ ဗတ်​သည်​လည်း တစ်​ဟော​မဲ​တွင် ဆယ်​စု​တစ်​စု​ရှိ​ရ​မည်။ 12 ဂေ​ရာ​နှစ်​ဆယ်​ကို တစ်​ကျပ်၊ အ​ကျပ်​ခြောက်​ဆယ်​ကို တစ်​မာ​နေ​ရှိ​ရ​မည်။

ပူ​ဇော်​သ​ကာ​များ

13 ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​သော​အ​ခါ၊ ဂျုံ​ဆန်​ဖြစ်​စေ၊ မု​ယော​ဆန်​ဖြစ်​စေ၊ တစ်​ဟော​မဲ​တွင် တစ်​ဩ​မဲ​ကို ပူ​ဇော်​ရ​မည်။ 14 ဆီ​နှင့်​ဆိုင်​သော ပ​ညတ်​ဟူ​မူ​ကား၊ တစ်​ကော​ရ​တွင် ဗတ်​ဆယ်​စု​တစ်​စု​ကို ပူ​ဇော်​ရ​မည်။ တစ်​ဟော​မဲ​သည် ဆယ်​ဗတ်​ဖြစ်​သော​ကြောင့် တစ်​ကော​ရ​သည် ဆယ်​ဗတ်​ဖြစ်​သ​တည်း။ 15 သူ​တို့​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ ဣ​သ​ရေ​လ​ကျက်​စား​ရာ၊ ရေ​များ​သော​အ​ရပ်၌​ရှိ​သော သိုး​နှစ်​ရာ​တွင် သိုး​သ​ငယ်​တစ်​ကောင်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 16 ထို​ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ကို ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​မင်း​သား​အား ဆက်​ရ​ကြ​မည်။ 17 မင်း​သား​သည်​လည်း ပွဲ​သ​ဘင်​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​စည်း​ဝေး​သော နေ့​ရက်​အ​စဉ်​အ​တိုင်း မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ပူ​ဇော်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​လည်း ပူ​ဇော်​ရ​မည်။

ပွဲ​တော်​များ

(ထွ၊ ၁၂:၁-၂၀။ ဝတ်၊ ၂၃:၃၃-၄၃)

18 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်​ကို​ယူ၍ သန့်​ရှင်း​ရာ​ဌာ​န​ကို စင်​ကြယ်​စေ​ရ​မည်။ 19 ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် အ​သွေး​အ​ချို့​ကို​ယူ၍ အိမ်​တော်​တိုင်၌​လည်း​ကောင်း၊ ယဇ်​ပ​လ္လင် အောက်​ထစ် လေး​ထောင့်၌​လည်း​ကောင်း၊ အ​တွင်း​တံ​တိုင်း တံ​ခါး​တိုင်၌​လည်း​ကောင်း ထည့်​ရ​မည်။ 20 ထို​မှ​တစ်​ပါး၊ မှား​ယွင်း​သော​သူ​နှင့် မိုက်​သော​သူ​အ​တွက် ခု​နစ်​ရက်​နေ့​တွင်၊ ထို​နည်း​တူ ပူ​ဇော်၍၊ အိမ်​တော်​အ​တွက် အ​ပြစ်​ဖြေ​ရာ​မင်္ဂ​လာ​ကို ပြု​ရ​မည်။

21 ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး​ပွဲ​ခံ​စဉ်​တွင် တ​ဆေး​မဲ့​မုန့်​ကို​သာ စား​ရ​မည်။ထွ၊ ၁၂:၁-၂၀။ တော၊ ၂၈:၁၆-၂၅။22 ထို​နေ့၌ မင်း​သား​သည် ကိုယ်​ဖို့​လည်း​ကောင်း၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ဖို့​လည်း​ကောင်း၊ နွား​ထီး​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရ​မည်။ 23 ပွဲ​နေ့​ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို နွား​ထီး​ခု​နစ်​ကောင်၊ အ​ပြစ်​မ​ပါ​သော​သိုး​ထီး ခု​နစ်​ကောင်​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ် တစ်​ကောင်​ကို​လည်း​ကောင်း နေ့​တိုင်း​ပူ​ဇော်​ရ​မည်။ 24 နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ တစ်​ကောင်​တစ်​ကောင်​နှင့် ပါ​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ မုန့်​ညက်​တစ်​ဧ​ဖာ၊ ဆီ​တစ်​ဟိန်​ကို ပြင်​ဆင်​ရ​မည်။ 25 သ​တ္တ​မ​လ တစ်​ဆယ်​ငါး​ရက်​နေ့​တွင်၊ ပွဲ​ခံ၍ ယ​ခင်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ဆီ​ပူ​ဇော်​သ​ကာ​ပြု​သည်​အ​တိုင်း ခု​နစ်​ရက်​ပတ်​လုံး​ပြု​ရ​မည်။ဝတ်၊ ၂၃:၃၃-၃၆။ တော၊ ၂၉:၁၂-၃၈။

Todos os capítulos de Ezekiel 48
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.