Pular para o conteúdo
Publicidade Remover anúncios

Genesis 27

WLC · Westminster Leningrad Codex

1 וַיְהִי֙ כִּֽי־זָקֵ֣ן יִצְחָ֔ק וַתִּכְהֶ֥יןָ עֵינָ֖יו מֵרְאֹ֑ת וַיִּקְרָ֞א אֶת־עֵשָׂ֣ו ׀ בְּנ֣וֹ הַגָּדֹ֗ל וַיֹּ֤אמֶר אֵלָיו֙ בְּנִ֔י וַיֹּ֥אמֶר אֵלָ֖יו הִנֵּֽנִי׃ 2 וַיֹּ֕אמֶר הִנֵּה־נָ֖א זָקַ֑נְתִּי לֹ֥א יָדַ֖עְתִּי י֥וֹם מוֹתִֽי׃ 3 וְעַתָּה֙ שָׂא־נָ֣א כֵלֶ֔יךָ תֶּלְיְךָ֖ וְקַשְׁתֶּ֑ךָ וְצֵא֙ הַשָּׂדֶ֔ה וְצ֥וּדָה לִּ֖י צידה׃ 4 וַעֲשֵׂה־לִ֨י מַטְעַמִּ֜ים כַּאֲשֶׁ֥ר אָהַ֛בְתִּי וְהָבִ֥יאָה לִּ֖י וְאֹכֵ֑לָה בַּעֲב֛וּר תְּבָרֶכְךָ֥ נַפְשִׁ֖י בְּטֶ֥רֶם אָמֽוּת׃ 5 וְרִבְקָ֣ה שֹׁמַ֔עַת בְּדַבֵּ֣ר יִצְחָ֔ק אֶל־עֵשָׂ֖ו בְּנ֑וֹ וַיֵּ֤לֶךְ עֵשָׂו֙ הַשָּׂדֶ֔ה לָצ֥וּד צַ֖יִד לְהָבִֽיא׃ 6 וְרִבְקָה֙ אָֽמְרָ֔ה אֶל־יַעֲקֹ֥ב בְּנָ֖הּ לֵאמֹ֑ר הִנֵּ֤ה שָׁמַ֨עְתִּי֙ אֶת־אָבִ֔יךָ מְדַבֵּ֛ר אֶל־עֵשָׂ֥ו אָחִ֖יךָ לֵאמֹֽר׃ 7 הָבִ֨יאָה לִּ֥י צַ֛יִד וַעֲשֵׂה־לִ֥י מַטְעַמִּ֖ים וְאֹכֵ֑לָה וַאֲבָרֶכְכָ֛ה לִפְנֵ֥י יְהוָ֖ה לִפְנֵ֥י מוֹתִֽי׃ 8 וְעַתָּ֥ה בְנִ֖י שְׁמַ֣ע בְּקֹלִ֑י לַאֲשֶׁ֥ר אֲנִ֖י מְצַוָּ֥ה אֹתָֽךְ׃ 9 לֶךְ־נָא֙ אֶל־הַצֹּ֔אן וְקַֽח־לִ֣י מִשָּׁ֗ם שְׁנֵ֛י גְּדָיֵ֥י עִזִּ֖ים טֹבִ֑ים וְאֶֽעֱשֶׂ֨ה אֹתָ֧ם מַטְעַמִּ֛ים לְאָבִ֖יךָ כַּאֲשֶׁ֥ר אָהֵֽב׃ 10 וְהֵבֵאתָ֥ לְאָבִ֖יךָ וְאָכָ֑ל בַּעֲבֻ֛ר אֲשֶׁ֥ר יְבָרֶכְךָ֖ לִפְנֵ֥י מוֹתֽוֹ׃ 11 וַיֹּ֣אמֶר יַעֲקֹ֔ב אֶל־רִבְקָ֖ה אִמּ֑וֹ הֵ֣ן עֵשָׂ֤ו אָחִי֙ אִ֣ישׁ שָׂעִ֔ר וְאָנֹכִ֖י אִ֥ישׁ חָלָֽק׃ 12 אוּלַ֤י יְמֻשֵּׁ֨נִי֙ אָבִ֔י וְהָיִ֥יתִי בְעֵינָ֖יו כִּמְתַעְתֵּ֑עַ וְהֵבֵאתִ֥י עָלַ֛י קְלָלָ֖ה וְלֹ֥א בְרָכָֽה׃ 13 וַתֹּ֤אמֶר לוֹ֙ אִמּ֔וֹ עָלַ֥י קִלְלָתְךָ֖ בְּנִ֑י אַ֛ךְ שְׁמַ֥ע בְּקֹלִ֖י וְלֵ֥ךְ קַֽח־לִֽי׃ 14 וַיֵּ֨לֶךְ֙ וַיִּקַּ֔ח וַיָּבֵ֖א לְאִמּ֑וֹ וַתַּ֤עַשׂ אִמּוֹ֙ מַטְעַמִּ֔ים כַּאֲשֶׁ֖ר אָהֵ֥ב אָבִֽיו׃ 15 וַתִּקַּ֣ח רִ֠בְקָה אֶת־בִּגְדֵ֨י עֵשָׂ֜ו בְּנָ֤הּ הַגָּדֹל֙ הַחֲמֻדֹ֔ת אֲשֶׁ֥ר אִתָּ֖הּ בַּבָּ֑יִת וַתַּלְבֵּ֥שׁ אֶֽת־יַעֲקֹ֖ב בְּנָ֥הּ הַקָּטָֽן׃ 16 וְאֵ֗ת עֹרֹת֙ גְּדָיֵ֣י הָֽעִזִּ֔ים הִלְבִּ֖ישָׁה עַל־יָדָ֑יו וְעַ֖ל חֶלְקַ֥ת צַוָּארָֽיו׃ 17 וַתִּתֵּ֧ן אֶת־הַמַּטְעַמִּ֛ים וְאֶת־הַלֶּ֖חֶם אֲשֶׁ֣ר עָשָׂ֑תָה בְּיַ֖ד יַעֲקֹ֥ב בְּנָֽהּ׃ 18 וַיָּבֹ֥א אֶל־אָבִ֖יו וַיֹּ֣אמֶר אָבִ֑י וַיֹּ֣אמֶר הִנֶּ֔נִּי מִ֥י אַתָּ֖ה בְּנִֽי׃ 19 וַיֹּ֨אמֶר יַעֲקֹ֜ב אֶל־אָבִ֗יו אָנֹכִי֙ עֵשָׂ֣ו בְּכֹרֶ֔ךָ עָשִׂ֕יתִי כַּאֲשֶׁ֥ר דִּבַּ֖רְתָּ אֵלָ֑י קֽוּם־נָ֣א שְׁבָ֗ה וְאָכְלָה֙ מִצֵּידִ֔י בַּעֲב֖וּר תְּבָרֲכַ֥נִּי נַפְשֶֽׁךָ׃ 20 וַיֹּ֤אמֶר יִצְחָק֙ אֶל־בְּנ֔וֹ מַה־זֶּ֛ה מִהַ֥רְתָּ לִמְצֹ֖א בְּנִ֑י וַיֹּ֕אמֶר כִּ֥י הִקְרָ֛ה יְהוָ֥ה אֱלֹהֶ֖יךָ לְפָנָֽי׃ 21 וַיֹּ֤אמֶר יִצְחָק֙ אֶֽל־יַעֲקֹ֔ב גְּשָׁה־נָּ֥א וַאֲמֻֽשְׁךָ֖ בְּנִ֑י הַֽאַתָּ֥ה זֶ֛ה בְּנִ֥י עֵשָׂ֖ו אִם־לֹֽא׃ 22 וַיִּגַּ֧שׁ יַעֲקֹ֛ב אֶל־יִצְחָ֥ק אָבִ֖יו וַיְמֻשֵּׁ֑הוּ וַיֹּ֗אמֶר הַקֹּל֙ ק֣וֹל יַעֲקֹ֔ב וְהַיָּדַ֖יִם יְדֵ֥י עֵשָֽׂו׃ 23 וְלֹ֣א הִכִּיר֔וֹ כִּֽי־הָי֣וּ יָדָ֗יו כִּידֵ֛י עֵשָׂ֥ו אָחִ֖יו שְׂעִרֹ֑ת וַֽיְבָרְכֵֽהוּ׃ 24 וַיֹּ֕אמֶר אַתָּ֥ה זֶ֖ה בְּנִ֣י עֵשָׂ֑ו וַיֹּ֖אמֶר אָֽנִי׃ 25 וַיֹּ֗אמֶר הַגִּ֤שָׁה לִּי֙ וְאֹֽכְלָה֙ מִצֵּ֣יד בְּנִ֔י לְמַ֥עַן תְּבָֽרֶכְךָ֖ נַפְשִׁ֑י וַיַּגֶּשׁ־לוֹ֙ וַיֹּאכַ֔ל וַיָּ֧בֵא ל֦וֹ יַ֖יִן וַיֵּֽשְׁתְּ׃ 26 וַיֹּ֥אמֶר אֵלָ֖יו יִצְחָ֣ק אָבִ֑יו גְּשָׁה־נָּ֥א וּשְׁקָה־לִּ֖י בְּנִֽי׃ 27 וַיִּגַּשׁ֙ וַיִּשַּׁק־ל֔וֹ וַיָּ֛רַח אֶת־רֵ֥יחַ בְּגָדָ֖יו וַֽיְבָרֲכֵ֑הוּ וַיֹּ֗אמֶר רְאֵה֙ רֵ֣יחַ בְּנִ֔י כְּרֵ֣יחַ שָׂדֶ֔ה אֲשֶׁ֥ר בֵּרֲכ֖וֹ יְהוָֽה׃ 28 וְיִֽתֶּן־לְךָ֙ הָאֱלֹהִ֔ים מִטַּל֙ הַשָּׁמַ֔יִם וּמִשְׁמַנֵּ֖י הָאָ֑רֶץ וְרֹ֥ב דָּגָ֖ן וְתִירֹֽשׁ׃ 29 יַֽעַבְד֣וּךָ עַמִּ֗ים וישתחו לְךָ֙ לְאֻמִּ֔ים הֱוֵ֤ה גְבִיר֙ לְאַחֶ֔יךָ וְיִשְׁתַּחֲוּ֥וּ לְךָ֖ בְּנֵ֣י אִמֶּ֑ךָ אֹרְרֶ֣יךָ אָר֔וּר וּֽמְבָרֲכֶ֖יךָ בָּרֽוּךְ׃ 30 וַיְהִ֗י כַּאֲשֶׁ֨ר כִּלָּ֣ה יִצְחָק֮ לְבָרֵ֣ךְ אֶֽת־יַעֲקֹב֒ וַיְהִ֗י אַ֣ךְ יָצֹ֤א יָצָא֙ יַעֲקֹ֔ב מֵאֵ֥ת פְּנֵ֖י יִצְחָ֣ק אָבִ֑יו וְעֵשָׂ֣ו אָחִ֔יו בָּ֖א מִצֵּידֽוֹ׃ 31 וַיַּ֤עַשׂ גַּם־הוּא֙ מַטְעַמִּ֔ים וַיָּבֵ֖א לְאָבִ֑יו וַיֹּ֣אמֶר לְאָבִ֗יו יָקֻ֤ם אָבִי֙ וְיֹאכַל֙ מִצֵּ֣יד בְּנ֔וֹ בַּעֲב֖וּר תְּבָרֲכַ֥נִּי נַפְשֶֽׁךָ׃ 32 וַיֹּ֥אמֶר ל֛וֹ יִצְחָ֥ק אָבִ֖יו מִי־אָ֑תָּה וַיֹּ֕אמֶר אֲנִ֛י בִּנְךָ֥ בְכֹֽרְךָ֖ עֵשָֽׂו׃ 33 וַיֶּחֱרַ֨ד יִצְחָ֣ק חֲרָדָה֮ גְּדֹלָ֣ה עַד־מְאֹד֒ וַיֹּ֡אמֶר מִֽי־אֵפ֡וֹא ה֣וּא הַצָּֽד־צַיִד֩ וַיָּ֨בֵא לִ֜י וָאֹכַ֥ל מִכֹּ֛ל בְּטֶ֥רֶם תָּב֖וֹא וָאֲבָרֲכֵ֑הוּ גַּם־בָּר֖וּךְ יִהְיֶֽה׃ 34 כִּשְׁמֹ֤עַ עֵשָׂו֙ אֶת־דִּבְרֵ֣י אָבִ֔יו וַיִּצְעַ֣ק צְעָקָ֔ה גְּדֹלָ֥ה וּמָרָ֖ה עַד־מְאֹ֑ד וַיֹּ֣אמֶר לְאָבִ֔יו בָּרֲכֵ֥נִי גַם־אָ֖נִי אָבִֽי׃ 35 וַיֹּ֕אמֶר בָּ֥א אָחִ֖יךָ בְּמִרְמָ֑ה וַיִּקַּ֖ח בִּרְכָתֶֽךָ׃ 36 וַיֹּ֡אמֶר הֲכִי֩ קָרָ֨א שְׁמ֜וֹ יַעֲקֹ֗ב וַֽיַּעְקְבֵ֨נִי֙ זֶ֣ה פַעֲמַ֔יִם אֶת־בְּכֹרָתִ֣י לָקָ֔ח וְהִנֵּ֥ה עַתָּ֖ה לָקַ֣ח בִּרְכָתִ֑י וַיֹּאמַ֕ר הֲלֹא־אָצַ֥לְתָּ לִּ֖י בְּרָכָֽה׃ 37 וַיַּ֨עַן יִצְחָ֜ק וַיֹּ֣אמֶר לְעֵשָׂ֗ו הֵ֣ן גְּבִ֞יר שַׂמְתִּ֥יו לָךְ֙ וְאֶת־כָּל־אֶחָ֗יו נָתַ֤תִּי לוֹ֙ לַעֲבָדִ֔ים וְדָגָ֥ן וְתִירֹ֖שׁ סְמַכְתִּ֑יו וּלְכָ֣ה אֵפ֔וֹא מָ֥ה אֶֽעֱשֶׂ֖ה בְּנִֽי׃ 38 וַיֹּ֨אמֶר עֵשָׂ֜ו אֶל־אָבִ֗יו הַֽבְרָכָ֨ה אַחַ֤ת הִֽוא־לְךָ֙ אָבִ֔י בָּרֲכֵ֥נִי גַם־אָ֖נִי אָבִ֑י וַיִּשָּׂ֥א עֵשָׂ֛ו קֹל֖וֹ וַיֵּֽבְךְּ׃ 39 וַיַּ֛עַן יִצְחָ֥ק אָבִ֖יו וַיֹּ֣אמֶר אֵלָ֑יו הִנֵּ֞ה מִשְׁמַנֵּ֤י הָאָ֨רֶץ֙ יִהְיֶ֣ה מֽוֹשָׁבֶ֔ךָ וּמִטַּ֥ל הַשָּׁמַ֖יִם מֵעָֽל׃ 40 וְעַל־חַרְבְּךָ֣ תִֽחְיֶ֔ה וְאֶת־אָחִ֖יךָ תַּעֲבֹ֑ד וְהָיָה֙ כַּאֲשֶׁ֣ר תָּרִ֔יד וּפָרַקְתָּ֥ עֻלּ֖וֹ מֵעַ֥ל צַוָּארֶֽךָ׃ 41 וַיִּשְׂטֹ֤ם עֵשָׂו֙ אֶֽת־יַעֲקֹ֔ב עַל־הַ֨בְּרָכָ֔ה אֲשֶׁ֥ר בֵּרֲכ֖וֹ אָבִ֑יו וַיֹּ֨אמֶר עֵשָׂ֜ו בְּלִבּ֗וֹ יִקְרְבוּ֙ יְמֵי֙ אֵ֣בֶל אָבִ֔י וְאַֽהַרְגָ֖ה אֶת־יַעֲקֹ֥ב אָחִֽי׃ 42 וַיֻּגַּ֣ד לְרִבְקָ֔ה אֶת־דִּבְרֵ֥י עֵשָׂ֖ו בְּנָ֣הּ הַגָּדֹ֑ל וַתִּשְׁלַ֞ח וַתִּקְרָ֤א לְיַעֲקֹב֙ בְּנָ֣הּ הַקָּטָ֔ן וַתֹּ֣אמֶר אֵלָ֔יו הִנֵּה֙ עֵשָׂ֣ו אָחִ֔יךָ מִתְנַחֵ֥ם לְךָ֖ לְהָרְגֶֽךָ׃ 43 וְעַתָּ֥ה בְנִ֖י שְׁמַ֣ע בְּקֹלִ֑י וְק֧וּם בְּרַח־לְךָ֛ אֶל־לָבָ֥ן אָחִ֖י חָרָֽנָה׃ 44 וְיָשַׁבְתָּ֥ עִמּ֖וֹ יָמִ֣ים אֲחָדִ֑ים עַ֥ד אֲשֶׁר־תָּשׁ֖וּב חֲמַ֥ת אָחִֽיךָ׃ 45 עַד־שׁ֨וּב אַף־אָחִ֜יךָ מִמְּךָ֗ וְשָׁכַח֙ אֵ֣ת אֲשֶׁר־עָשִׂ֣יתָ לּ֔וֹ וְשָׁלַחְתִּ֖י וּלְקַחְתִּ֣יךָ מִשָּׁ֑ם לָמָ֥ה אֶשְׁכַּ֛ל גַּם־שְׁנֵיכֶ֖ם י֥וֹם אֶחָֽד׃ 46 וַתֹּ֤אמֶר רִבְקָה֙ אֶל־יִצְחָ֔ק קַ֣צְתִּי בְחַיַּ֔י מִפְּנֵ֖י בְּנ֣וֹת חֵ֑ת אִם־לֹקֵ֣חַ יַ֠עֲקֹב אִשָּׁ֨ה מִבְּנֽוֹת־חֵ֤ת כָּאֵ֨לֶּה֙ מִבְּנ֣וֹת הָאָ֔רֶץ לָ֥מָּה לִּ֖י חַיִּֽים׃

JBMLE · Judson Bible

ယာ​ကုပ်​ကို​ကောင်း​ချီး​ပေး​ခြင်း

1 ထို​နောက် ဣ​ဇာက်​သည်​အို၍ မျက်​စိ​မှုန်​သ​ဖြင့် မ​မြင်​နိုင်​သော​အ​ခါ၊ သား​အ​ကြီး​ဧ​သော​ကို၊ ငါ့​သား​ဟု​ခေါ်​လျှင်၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု ထူး​လေ၏။ 2 အ​ဘ​က​လည်း၊ ယ​ခု​ငါ​အို​လှ​ပြီ။ အ​ဘယ်​သော​အ​ခါ သေ​ရ​မည်​ကို​ငါ​မ​သိ။ 3 မ​သေ​မီ ငါ့​ဝိ​ညာဉ်​သည် သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ သင်၏​လက်​နက်​တည်း​ဟူ​သော လေး​နှင့်​မြား​တောင့်​ကို​ဆောင်​ယူ​လျက် တော​သို့​သွား၍၊ ငါ​စား​စ​ရာ​ဖို့ အ​မဲ​ကောင်​ကို​ရ​အောင်​ရှာ​ပြီး​လျှင်၊ 4 ငါ​မြိန်​ရှက်​တတ်​သော အ​မဲ​ဟင်း​လျာ​ကို​ချက်၍ ငါ့​ထံ​သို့​ယူ​ခဲ့​ပါ​လော့​ဟု ပြော​ဆို၏။ 5 ထို​သို့ ဣ​ဇာက်​သည် သား​ဧ​သော​အား​ပြော​ဆို​သော​စ​ကား​ကို၊ ရေ​ဗ​က္က​ကြား​သည်​ဖြစ်၍၊ ဧ​သော​သည် အ​မဲ​သား​ကို​ရ​အောင် တော​သို့​အ​ရှာ​သွား​စဉ်​တွင်၊ 6 ရေ​ဗ​က္က​သည် သား​ယာ​ကုပ်​ကို​ခေါ်၍၊ 7 သင်၏​အ​ဘ​က၊ ငါ​မ​သေ​မီ ထာ​ဝ​ရ​ဘု​ရား၏​ရှေ့​တော်​မှာ သင့်​ကို ငါ​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ငါ​စား​စ​ရာ​ဖို့​အ​မဲ​သား​ကို​ယူ​ခဲ့၍၊ အ​မဲ​ဟင်း​လျာ​ကို​ချက်​ပါ​ဟု သင်၏​အစ်​ကို​ဧ​သော​အား​ပြော​သည်​ကို ငါ​ကြား​ပြီ။ 8 သို့​ဖြစ်၍ ငါ့​သား၊ ငါ​မှာ​ထား​သ​မျှ​သော​စ​ကား​ကို နား​ထောင်​ပါ​လော့။ 9 ယ​ခု​ဆိတ်​စု​ရှိ​ရာ​သို့​သွား၍၊ ကောင်း​သော ဆိတ်​သ​ငယ်​နှစ်​ကောင်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ပါ​လော့။ သင်၏​အ​ဘ မြိန်​ရှက်​တတ်​သော အ​မဲ​ဟင်း​လျာ​ကို ငါ​ချက်​မည်။ 10 သင်၏​အ​ဘ​မ​သေ​မီ သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ထို​အ​စာ​ကို အ​ဘ​စား​စေ​ခြင်း​ငှာ သင်​သည် အ​ဘ​ထံ​သို့​ပို့​ဆောင်​ရ​မည်​ဟု ဆို​လေ၏။ 11 ယာ​ကုပ်​က​လည်း၊ ကျွန်ုပ်​အစ်​ကို​ဧ​သော​ကား အ​မွေး​ရှိ​သော​သူ၊ ကျွန်ုပ်​ကား​ချော​မွတ်​သော​သူ​ဖြစ်၏။ 12 ကျွန်ုပ်​အ​ဘ​သည် ကျွန်ုပ်​ကို စမ်း​သပ်​ကောင်း​စမ်း​သပ်​လိမ့်​မည်။ သို့​ဖြစ်​လျှင် ကျွန်ုပ်​ကို​လှည့်​စား​သော​သူ​ဟူ၍​ထင်​သ​ဖြင့်၊ ကျွန်ုပ်​သည် မင်္ဂ​လာ​ကို​မ​ရ​ဘဲ ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို​သာ​ခံ​ရ​လိမ့်​မည်​ဟု အ​မိ​ကို​ဆို​လေ၏။ 13 အ​မိ​ရေ​ဗ​က္က​က​လည်း၊ ငါ့​သား၊ သင်​ခံ​ရ​သော​ကျိန်​ခြင်း​အ​မင်္ဂ​လာ​သည် ငါ၌​သင့်​ရောက်​ပါ​စေ။ ငါ့​စ​ကား​ကို​နား​ထောင်၍ ဆိတ်​သ​ငယ်​တို့​ကို​သာ​ယူ​ခဲ့​ပါ​ဟု ဆို​သည်​အ​တိုင်း၊ 14 သူ​သည်​သွား၍ ဆိတ်​သ​ငယ်​တို့​ကို အ​မိ​ထံ​သို့ ယူ​ခဲ့​သ​ဖြင့်၊ အ​မိ​သည်​လည်း အ​ဘ​မြိန်​ရှက်​တတ်​သော​အ​မဲ​ဟင်း​လျာ​ကို ချက်​လေ၏။ 15 ထို​အ​ခါ​ရေ​ဗ​က္က​သည် အိမ်​တွင် မိ​မိ​လက်၌​ရှိ​သော သား​ကြီး​ဧ​သော၏​အ​ဝတ်၊ ကောင်း​မွန်​သော​အ​ဝတ်​ကို​ယူ၍၊ သား​ငယ်​ယာ​ကုပ်​ကို​ဝတ်​စေ​လျက်၊ 16 ဆိတ်​သ​ငယ်၏​သား​ရေ​ကို​လည်း​ယူ၍ သူ၏​လက်၌​လည်း​ကောင်း၊ လည်​ပင်း​ချော​သော​ဘက်၌​လည်း​ကောင်း ဆင်​ယင်​ပြီး​လျှင်၊ 17 မိ​မိ​ချက်​သော​အ​မဲ​ဟင်း​နှင့်​မုန့်​ကို သား​ယာ​ကုပ်​လက်၌​အပ်​ပေး၏။

18 ယာ​ကုပ်​လည်း အ​ဘ​ထံ​သို့​သွား၍၊ အ​ဘ​ဟု​ခေါ်​လေ၏။ အ​ဘ​က​လည်း၊ ငါ​ရှိ၏​ငါ့​သား၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး၏။ 19 ယာ​ကုပ်​က​လည်း၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏။ အ​ဘ​မှာ​ထား​သည်​အ​တိုင်း ပြု​ပါ​ပြီ။ ထ၍​ထိုင်​ပါ။ အ​ဘ၏​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​ကို ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​အ​မဲ​သား​ကို​စား​ပါ​လော့​ဟု ဆို​လေ၏။ 20 အ​ဘ​ဣ​ဇာက်​က​လည်း၊ ငါ့​သား၊ ဤ​မျှ​လောက် လျင်​မြန်​စွာ​တွေ့​ရ​သော​အ​ကြောင်း​ကား၊ အ​ဘယ်​သို့​နည်း​ဟု သား​အား​မေး​လျှင်၊ အ​ဘ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ရှိ​ရာ​သို့ ဆောင်​ခဲ့​တော်​မူ​သော​ကြောင့်၊ လျင်​မြန်​စွာ​တွေ့​ရ​ပါ​သည်​ဟု ပြန်​ဆို​လေ၏။ 21 ဣ​ဇာက်​က​လည်း၊ ငါ့​သား၊ သင်​သည် ငါ့​သား​ဧ​သော​မှန်​သည် မ​မှန်​သည်​ကို​သိ​လို၍၊ သင့်​ကို ငါ​စမ်း​သပ်​စေ​ခြင်း​ငှာ၊ ငါ့​ထံ​ပါး​သို့​ချဉ်း​ကပ်​ပါ​လော့​ဟု​ဆို​လျှင်၊ 22 ယာ​ကုပ်​သည် အ​ဘ​ထံ​ပါး​သို့​ချဉ်း​ကပ်​၍၊ အ​ဘ​သည်​စမ်း​သပ်​လျက်၊ အ​သံ​ကား ယာ​ကုပ်၏​အ​သံ၊ လက်​တို့​ကား​ဧ​သော၏​လက်​ဖြစ်​ပေ​သည်​ဟု ဆို​လေ၏။ 23 ထို​သို့​သူ၏​လက်​တို့​သည် ဧ​သော၏​လက်​ကဲ့​သို့ အ​မွေး​ပါ​သော​ကြောင့်၊ ယာ​ကုပ်​ဖြစ်​မှန်း​ကို အ​ဘ​မ​ရိပ်​မိ​သ​ဖြင့်၊ ကောင်း​ချီး​ပေး​လေ၏။ 24 သို့​ရာ​တွင် တစ်​ဖန်​ကား၊ သင်​သည် ငါ့​သား​ဧ​သော​စင်​စစ် အ​မှန်​ပင်​ဖြစ်​သ​လော​ဟု​မေး​ပြန်​လျင်၊ မှန်​ပါ​သည်​ဟု ဆို၏။ 25 အ​ဘ​က​လည်း၊ ငါ့​ထံ​ပါး​သို့ သွင်း​ခဲ့​ပါ။ ငါ့​ဝိ​ညာဉ်​သည် သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ငါ့​သား၏​အ​မဲ​သား​ကို ငါ​စား​အံ့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် အ​ဘ​ထံ​ပါး​သို့​သွင်း၍၊ အ​ဘ​စား​လေ၏။ စ​ပျစ်​ရည်​ကို​လည်း​ပေး၍ အ​ဘ​သောက်​လေ၏။ 26 ထို​နောက် အ​ဘ​က၊ ငါ့​သား​ချဉ်း​ကပ်၍ ငါ့​ကို​နမ်း​ပါ​လော့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် ချဉ်း​ကပ်၍ အ​ဘ​ကို​နမ်း​လေ၏။ 27 အ​ဘ​ဣ​ဇာက်​က​လည်း၊ သူ့​အ​ဝတ်၏​အ​နံ့​ကို ခံ၍​ကြည့်​ပါ။ ငါ့​သား၏​အ​နံ့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော လယ်​၏​အ​မွှေး​အ​ကြိုင်​နှင့်​တူ၏။ဟေဗြဲ၊ ၁၁:၂၀။28 ထို​ကြောင့် ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်၏​နှင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး၏​ဆီ​ဥ​ကို​လည်း​ကောင်း၊ များ​စွာ​သော​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​တော်​မူ​စေ​သ​တည်း။ 29 သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။က၊ ၁၂:၃။

ဧ​သော​ကောင်း​ချီး​တောင်း​ခံ​ခြင်း

30 ယာ​ကုပ်​သည်၊ အ​ဘ​ဣ​ဇာက်​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ၍၊ အ​ဘ​ထံ​မှ ထွက်​သွား​သော​ခ​ဏ​ချင်း​တွင်၊ အစ်​ကို​ဧ​သော​သည် မု​ဆိုး​ပြု​ရာ​မှ​ရောက်​လာ၏။ 31 သူ​သည်​လည်း အ​မဲ​ဟင်း​လျာ​ကို​ချက်၍ အ​ဘ​ထံ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ အ​ကျွန်ုပ်​အ​ဘ၏​ဝိ​ညာဉ်​သည်၊ အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ သား၏​အ​မဲ​သား​ကို​ထ၍​စား​ပါ​လော့​ဟု​ဆို​လေ၏။ 32 အ​ဘ​ဣ​ဇာက်​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏​ဟု​ဆို​လေ​သော်၊ အ​ဘ​ဣ​ဇာက်​သည် အ​လွန်​တုန်​လှုပ်၍ အ​ဘယ်​သူ​နည်း။ 33 အ​မဲ​သား​ကို​ရ၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ပြီး​သော​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​မ​ရောက်​မီ ငါ​သည်​အ​ကုန်​အ​စင်​စား​ပြီး၍၊ သူ့​ကို​ကောင်း​ချီး​ပေး​မိ​ပြီ။ သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ဧ​ကန်​အ​မှန်​ခံ​ရ​လိမ့်​မည်​ဟု ဆို​လေ၏။ 34 အ​ဘ​ဆို​သော​စ​ကား​ကို​ဧ​သော​ကြား​လျှင်၊ အ​လွန်​ပြင်း​သော​အ​သံ​နှင့် သည်း​ထန်​စွာ​ငို​ကြွေး​လျက်၊ အို​အ​ဘ၊ အ​ကျွန်ုပ်​ကို​လည်း​ကောင်း​ချီး​ပေး​ပါ​လော့၊ ပေး​ပါ​လော့​ဟု​ဆို​လေ​သော်၊ 35 အ​ဘ​က၊ သင့်​ညီ​သည် လိ​မ္မာ​စွာ​လာ၍၊ သင်၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ယူ​သွား​ပြီ​ဟု ဆို​လေ၏။ 36 ဧ​သော​က​လည်း၊ သူ့​ကို ယာ​ကုပ်​ဟူ​သော​အ​မည်​ဖြင့် လျောက်​ပတ်​စွာ​မှည့်​ပါ​ပြီ မ​ဟုတ်​လော။ အ​ကျွန်ုပ်​ကို နှစ်​ကြိမ်​လှည့်​စား၍​နိုင်​ပါ​ပြီ။ သား​ဦး​အ​ရိုက်​အ​ရာ​ကို အ​ရင်​ယူ​သွား​ပါ​ပြီ။ ယ​ခု​လည်း​တစ်​ဖန် အ​ကျွန်ုပ်၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ယူ​သွား​ပါ​ပြီ​ဟူ၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ဖို့ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​ကို​မျှ မ​ခြွင်း​ပါ​သ​လော ဟူ၍​လည်း​ကောင်း ဆို​လေ၏။က၊ ၂၅:၂၉-၃၄။37 ဣ​ဇာက်​က​လည်း၊ သူ့​ကို သင်၏​အ​ရှင်​ဖြစ်​စေ​ပြီ။ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို သူ၌​ကျွန်​ခံ​စေ​ပြီ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သူ့​ကို​ထောက်​မ​ပြီ။ သို့​ဖြစ်၍ ငါ့​သား၊ သင်၌ အ​ဘယ်​သို့​ပြု​နိုင်​တော့​အံ့​နည်း​ဟု၊ ဧ​သော​အား​ပြန်​ပြော​လျှင်၊ 38 ဧ​သော​က၊ အို​အ​ဘ၊ ကောင်း​ချီး​မင်္ဂ​လာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ပါ​သ​လော။ အို​အ​ဘ၊ အ​ကျွန်ုပ်​ကို​လည်း ကောင်း​ချီး​ပေး​ပါ​လော့၊ ပေး​ပါ​လော့​ဟု အ​ဘ​အား​ပြော​ဆို​လျက်၊ တစ်​ဖန်​အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။ဟေဗြဲ၊ ၁၂:၁၇။39 အ​ဘ​ဣ​ဇာက်​က​လည်း၊ ကြည့်​ရှု​ပါ။ သင်၏​နေ​ရာ​သည် မြေ​ကြီး၏​ဆီ​ဥ​နှင့်​လည်း​ကောင်း၊ အ​ထက်​မိုး​ကောင်း​ကင်၏​နှင်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ဟေဗြဲ၊ ၁၁:၂၀။40 ဓား​ဖြင့်​အ​သက်​ကို​မွေး​ရ​လိမ့်​မည်။ ညီ၌​ကျွန်​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​စိုး​ရ​သော​အ​ခါ၊ သူ​တင်​သော​ထမ်း​ပိုး​ကို သင်၏​လည်​ပင်း​မှ​ချိုး​ပယ်​လိမ့်​မည်​ဟု ပြန်၍​ဆို​လေ၏။၄ ရာ၊ ၈:၂၀၊၆ ရာ၊ ၂၁:၈။

41 အ​ဘ​သည် ယာ​ကုပ်​အား​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကြောင့်၊ ဧ​သော​သည် ယာ​ကုပ်​ကို​အ​ငြိုး​ထား၍၊ ငါ့​အ​ဘ​ကြောင့် ညည်း​တွား​ရ​သော​နေ့​ရက်​ကာ​လ​အ​ချိန်​နီး​ပြီ။ ထို​အ​ခါ ငါ့​ညီ​ယာ​ကုပ်​ကို​ငါ​သတ်​မည်​ဟု၊ အ​ကြံ​နှင့်​ပြော​လေ၏။ 42 ထို​သို့​သား​ကြီး ဧ​သော​ပြော​သော​စ​ကား​ကို အ​မိ​ရေ​ဗ​က္က​ကြား​လျှင်၊ သား​ငယ်​ယာ​ကုပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​ဧ​သော​သည် သင့်​ကို​သတ်​သ​ဖြင့်၊ သင့်​အ​မှု၌​စိတ်​ပြေ​လိမ့်​မည်။ 43 ထို​ကြောင့်၊ ငါ့​သား၊ ငါ့​စ​ကား​ကို နား​ထောင်​ပါ။ ငါ့​မောင်​လာ​ဗန်​နေ​ရာ ခါ​ရန်​မြို့​သို့​ထ၍ ပြေး​သွား​ပါ​လော့။ 44 သင်၏​အစ်​ကို​စိတ်​ပြေ​သည်​တိုင်​အောင်၊ သူ့​ထံ​မှာ ခ​ဏ​ရှောင်၍​နေ​ပါ​လော့။ 45 သင်၏​အစ်​ကို​စိတ်​ပြေ၍၊ သင်​သည် သူ​၌​ပြု​သော​အ​မှု​ကို သူ​မေ့​လျော့​သော​အ​ခါ၊ ငါ​မှာ​လိုက်၍၊ ထို​အ​ရပ်​မှ​သင့်​ကို ဆောင်​ခဲ့​စေ​မည်။ ငါ့​သား​နှစ်​ယောက်​လုံး​ကို တစ်​နေ့​ချင်း​တွင် အ​ဘယ်​ကြောင့်​ငါ​ရှုံး​ရ​မည်​နည်း​ဟု ဆို​လေ၏။

ဣ​ဇာက်​ကို​လာ​ဗန်​ထံ​သို့​စေ​လွှတ်​ခြင်း

46 တစ်​ဖန်​ရေ​ဗ​က္က​သည် ဣ​ဇာက်​ထံ​သို့​သွား၍၊ ကျွန်​မ​သည် ဟေ​သ​အ​မျိုး​သ​မီး​တို့​ကြောင့်၊ ကိုယ်​အ​သက်​ကို​ငြီး​ငွေ့​လှ၏။ ဤ​ပြည်​သူ​သ​မီး​ကဲ့​သို့​သော​သူ၊ ဟေ​သ​အ​မျိုး​သ​မီး​နှင့် ယာ​ကုပ်​အိမ်​ထောင်​ဖက်​ပြု​လျှင်၊ ကျွန်​မ​အ​သက်​ရှင်၍ အ​ဘယ်​ကျေး​ဇူး​ရှိ​ပါ​လိမ့်​မည်​နည်း​ဟု ပြော​ဆို​လေ၏။

Todos os capítulos de Genesis 50
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.