Pular para o conteúdo
Publicidade Remover anúncios

Genesis 37

WLC · Westminster Leningrad Codex

1 וַיֵּ֣שֶׁב יַעֲקֹ֔ב בְּאֶ֖רֶץ מְגוּרֵ֣י אָבִ֑יו בְּאֶ֖רֶץ כְּנָֽעַן׃ 2 אֵ֣לֶּה ׀ תֹּלְד֣וֹת יַעֲקֹ֗ב יוֹסֵ֞ף בֶּן־שְׁבַֽע־עֶשְׂרֵ֤ה שָׁנָה֙ הָיָ֨ה רֹעֶ֤ה אֶת־אֶחָיו֙ בַּצֹּ֔אן וְה֣וּא נַ֗עַר אֶת־בְּנֵ֥י בִלְהָ֛ה וְאֶת־בְּנֵ֥י זִלְפָּ֖ה נְשֵׁ֣י אָבִ֑יו וַיָּבֵ֥א יוֹסֵ֛ף אֶת־דִּבָּתָ֥ם רָעָ֖ה אֶל־אֲבִיהֶֽם׃ 3 וְיִשְׂרָאֵ֗ל אָהַ֤ב אֶת־יוֹסֵף֙ מִכָּל־בָּנָ֔יו כִּֽי־בֶן־זְקֻנִ֥ים ה֖וּא ל֑וֹ וְעָ֥שָׂה ל֖וֹ כְּתֹ֥נֶת פַּסִּֽים׃ 4 וַיִּרְא֣וּ אֶחָ֗יו כִּֽי־אֹת֞וֹ אָהַ֤ב אֲבִיהֶם֙ מִכָּל־אֶחָ֔יו וַֽיִּשְׂנְא֖וּ אֹת֑וֹ וְלֹ֥א יָכְל֖וּ דַּבְּר֥וֹ לְשָׁלֹֽם׃ 5 וַיַּחֲלֹ֤ם יוֹסֵף֙ חֲל֔וֹם וַיַּגֵּ֖ד לְאֶחָ֑יו וַיּוֹסִ֥פוּ ע֖וֹד שְׂנֹ֥א אֹתֽוֹ׃ 6 וַיֹּ֖אמֶר אֲלֵיהֶ֑ם שִׁמְעוּ־נָ֕א הַחֲל֥וֹם הַזֶּ֖ה אֲשֶׁ֥ר חָלָֽמְתִּי׃ 7 וְ֠הִנֵּה אֲנַ֜חְנוּ מְאַלְּמִ֤ים אֲלֻמִּים֙ בְּת֣וֹךְ הַשָּׂדֶ֔ה וְהִנֵּ֛ה קָ֥מָה אֲלֻמָּתִ֖י וְגַם־נִצָּ֑בָה וְהִנֵּ֤ה תְסֻבֶּ֨ינָה֙ אֲלֻמֹּ֣תֵיכֶ֔ם וַתִּֽשְׁתַּחֲוֶ֖יןָ לַאֲלֻמָּתִֽי׃ 8 וַיֹּ֤אמְרוּ לוֹ֙ אֶחָ֔יו הֲמָלֹ֤ךְ תִּמְלֹךְ֙ עָלֵ֔ינוּ אִם־מָשׁ֥וֹל תִּמְשֹׁ֖ל בָּ֑נוּ וַיּוֹסִ֤פוּ עוֹד֙ שְׂנֹ֣א אֹת֔וֹ עַל־חֲלֹמֹתָ֖יו וְעַל־דְּבָרָֽיו׃ 9 וַיַּחֲלֹ֥ם עוֹד֙ חֲל֣וֹם אַחֵ֔ר וַיְסַפֵּ֥ר אֹת֖וֹ לְאֶחָ֑יו וַיֹּ֗אמֶר הִנֵּ֨ה חָלַ֤מְתִּֽי חֲלוֹם֙ ע֔וֹד וְהִנֵּ֧ה הַשֶּׁ֣מֶשׁ וְהַיָּרֵ֗חַ וְאַחַ֤ד עָשָׂר֙ כּֽוֹכָבִ֔ים מִֽשְׁתַּחֲוִ֖ים לִֽי׃ 10 וַיְסַפֵּ֣ר אֶל־אָבִיו֮ וְאֶל־אֶחָיו֒ וַיִּגְעַר־בּ֣וֹ אָבִ֔יו וַיֹּ֣אמֶר ל֔וֹ מָ֛ה הַחֲל֥וֹם הַזֶּ֖ה אֲשֶׁ֣ר חָלָ֑מְתָּ הֲב֣וֹא נָב֗וֹא אֲנִי֙ וְאִמְּךָ֣ וְאַחֶ֔יךָ לְהִשְׁתַּחֲוֺ֥ת לְךָ֖ אָֽרְצָה׃ 11 וַיְקַנְאוּ־ב֖וֹ אֶחָ֑יו וְאָבִ֖יו שָׁמַ֥ר אֶת־הַדָּבָֽר׃ 12 וַיֵּלְכ֖וּ אֶחָ֑יו לִרְע֛וֹת אֶׄתׄ־צֹ֥אן אֲבִיהֶ֖ם בִּשְׁכֶֽם׃ 13 וַיֹּ֨אמֶר יִשְׂרָאֵ֜ל אֶל־יוֹסֵ֗ף הֲל֤וֹא אַחֶ֨יךָ֙ רֹעִ֣ים בִּשְׁכֶ֔ם לְכָ֖ה וְאֶשְׁלָחֲךָ֣ אֲלֵיהֶ֑ם וַיֹּ֥אמֶר ל֖וֹ הִנֵּֽנִי׃ 14 וַיֹּ֣אמֶר ל֗וֹ לֶךְ־נָ֨א רְאֵ֜ה אֶת־שְׁל֤וֹם אַחֶ֨יךָ֙ וְאֶת־שְׁל֣וֹם הַצֹּ֔אן וַהֲשִׁבֵ֖נִי דָּבָ֑ר וַיִּשְׁלָחֵ֨הוּ֙ מֵעֵ֣מֶק חֶבְר֔וֹן וַיָּבֹ֖א שְׁכֶֽמָה׃ 15 וַיִּמְצָאֵ֣הוּ אִ֔ישׁ וְהִנֵּ֥ה תֹעֶ֖ה בַּשָּׂדֶ֑ה וַיִּשְׁאָלֵ֧הוּ הָאִ֛ישׁ לֵאמֹ֖ר מַה־תְּבַקֵּֽשׁ׃ 16 וַיֹּ֕אמֶר אֶת־אַחַ֖י אָנֹכִ֣י מְבַקֵּ֑שׁ הַגִּֽידָה־נָּ֣א לִ֔י אֵיפֹ֖ה הֵ֥ם רֹעִֽים׃ 17 וַיֹּ֤אמֶר הָאִישׁ֙ נָסְע֣וּ מִזֶּ֔ה כִּ֤י שָׁמַ֨עְתִּי֙ אֹֽמְרִ֔ים נֵלְכָ֖ה דֹּתָ֑יְנָה וַיֵּ֤לֶךְ יוֹסֵף֙ אַחַ֣ר אֶחָ֔יו וַיִּמְצָאֵ֖ם בְּדֹתָֽן׃ 18 וַיִּרְא֥וּ אֹת֖וֹ מֵרָחֹ֑ק וּבְטֶ֨רֶם֙ יִקְרַ֣ב אֲלֵיהֶ֔ם וַיִּֽתְנַכְּל֥וּ אֹת֖וֹ לַהֲמִיתֽוֹ׃ 19 וַיֹּאמְר֖וּ אִ֣ישׁ אֶל־אָחִ֑יו הִנֵּ֗ה בַּ֛עַל הַחֲלֹמ֥וֹת הַלָּזֶ֖ה בָּֽא׃ 20 וְעַתָּ֣ה ׀ לְכ֣וּ וְנַֽהַרְגֵ֗הוּ וְנַשְׁלִכֵ֨הוּ֙ בְּאַחַ֣ד הַבֹּר֔וֹת וְאָמַ֕רְנוּ חַיָּ֥ה רָעָ֖ה אֲכָלָ֑תְהוּ וְנִרְאֶ֕ה מַה־יִּהְי֖וּ חֲלֹמֹתָֽיו׃ 21 וַיִּשְׁמַ֣ע רְאוּבֵ֔ן וַיַּצִּלֵ֖הוּ מִיָּדָ֑ם וַיֹּ֕אמֶר לֹ֥א נַכֶּ֖נּוּ נָֽפֶשׁ׃ 22 וַיֹּ֨אמֶר אֲלֵהֶ֣ם ׀ רְאוּבֵן֮ אַל־תִּשְׁפְּכוּ־דָם֒ הַשְׁלִ֣יכוּ אֹת֗וֹ אֶל־הַבּ֤וֹר הַזֶּה֙ אֲשֶׁ֣ר בַּמִּדְבָּ֔ר וְיָ֖ד אַל־תִּשְׁלְחוּ־ב֑וֹ לְמַ֗עַן הַצִּ֤יל אֹתוֹ֙ מִיָּדָ֔ם לַהֲשִׁיב֖וֹ אֶל־אָבִֽיו׃ 23 וַֽיְהִ֕י כַּֽאֲשֶׁר־בָּ֥א יוֹסֵ֖ף אֶל־אֶחָ֑יו וַיַּפְשִׁ֤יטוּ אֶת־יוֹסֵף֙ אֶת־כֻּתָּנְתּ֔וֹ אֶת־כְּתֹ֥נֶת הַפַּסִּ֖ים אֲשֶׁ֥ר עָלָֽיו׃ 24 וַיִּ֨קָּחֻ֔הוּ וַיַּשְׁלִ֥כוּ אֹת֖וֹ הַבֹּ֑רָה וְהַבּ֣וֹר רֵ֔ק אֵ֥ין בּ֖וֹ מָֽיִם׃ 25 וַיֵּשְׁבוּ֮ לֶֽאֱכָל־לֶחֶם֒ וַיִּשְׂא֤וּ עֵֽינֵיהֶם֙ וַיִּרְא֔וּ וְהִנֵּה֙ אֹרְחַ֣ת יִשְׁמְעֵאלִ֔ים בָּאָ֖ה מִגִּלְעָ֑ד וּגְמַלֵּיהֶ֣ם נֹֽשְׂאִ֗ים נְכֹאת֙ וּצְרִ֣י וָלֹ֔ט הוֹלְכִ֖ים לְהוֹרִ֥יד מִצְרָֽיְמָה׃ 26 וַיֹּ֥אמֶר יְהוּדָ֖ה אֶל־אֶחָ֑יו מַה־בֶּ֗צַע כִּ֤י נַהֲרֹג֙ אֶת־אָחִ֔ינוּ וְכִסִּ֖ינוּ אֶת־דָּמֽוֹ׃ 27 לְכ֞וּ וְנִמְכְּרֶ֣נּוּ לַיִּשְׁמְעֵאלִ֗ים וְיָדֵ֨נוּ֙ אַל־תְּהִי־ב֔וֹ כִּֽי־אָחִ֥ינוּ בְשָׂרֵ֖נוּ ה֑וּא וַֽיִּשְׁמְע֖וּ אֶחָֽיו׃ 28 וַיַּֽעַבְרוּ֩ אֲנָשִׁ֨ים מִדְיָנִ֜ים סֹֽחֲרִ֗ים וַֽיִּמְשְׁכוּ֙ וַיַּֽעֲל֤וּ אֶת־יוֹסֵף֙ מִן־הַבּ֔וֹר וַיִּמְכְּר֧וּ אֶת־יוֹסֵ֛ף לַיִּשְׁמְעֵאלִ֖ים בְּעֶשְׂרִ֣ים כָּ֑סֶף וַיָּבִ֥יאוּ אֶת־יוֹסֵ֖ף מִצְרָֽיְמָה׃ 29 וַיָּ֤שָׁב רְאוּבֵן֙ אֶל־הַבּ֔וֹר וְהִנֵּ֥ה אֵין־יוֹסֵ֖ף בַּבּ֑וֹר וַיִּקְרַ֖ע אֶת־בְּגָדָֽיו׃ 30 וַיָּ֥שָׁב אֶל־אֶחָ֖יו וַיֹּאמַ֑ר הַיֶּ֣לֶד אֵינֶ֔נּוּ וַאֲנִ֖י אָ֥נָה אֲנִי־בָֽא׃ 31 וַיִּקְח֖וּ אֶת־כְּתֹ֣נֶת יוֹסֵ֑ף וַֽיִּשְׁחֲטוּ֙ שְׂעִ֣יר עִזִּ֔ים וַיִּטְבְּל֥וּ אֶת־הַכֻּתֹּ֖נֶת בַּדָּֽם׃ 32 וַֽיְשַׁלְּח֞וּ אֶת־כְּתֹ֣נֶת הַפַּסִּ֗ים וַיָּבִ֨יאוּ֙ אֶל־אֲבִיהֶ֔ם וַיֹּאמְר֖וּ זֹ֣את מָצָ֑אנוּ הַכֶּר־נָ֗א הַכְּתֹ֧נֶת בִּנְךָ֛ הִ֖וא אִם־לֹֽא׃ 33 וַיַּכִּירָ֤הּ וַיֹּ֨אמֶר֙ כְּתֹ֣נֶת בְּנִ֔י חַיָּ֥ה רָעָ֖ה אֲכָלָ֑תְהוּ טָרֹ֥ף טֹרַ֖ף יוֹסֵֽף׃ 34 וַיִּקְרַ֤ע יַעֲקֹב֙ שִׂמְלֹתָ֔יו וַיָּ֥שֶׂם שַׂ֖ק בְּמָתְנָ֑יו וַיִּתְאַבֵּ֥ל עַל־בְּנ֖וֹ יָמִ֥ים רַבִּֽים׃ 35 וַיָּקֻמוּ֩ כָל־בָּנָ֨יו וְכָל־בְּנֹתָ֜יו לְנַחֲמ֗וֹ וַיְמָאֵן֙ לְהִתְנַחֵ֔ם וַיֹּ֕אמֶר כִּֽי־אֵרֵ֧ד אֶל־בְּנִ֛י אָבֵ֖ל שְׁאֹ֑לָה וַיֵּ֥בְךְּ אֹת֖וֹ אָבִֽיו׃ 36 וְהַ֨מְּדָנִ֔ים מָכְר֥וּ אֹת֖וֹ אֶל־מִצְרָ֑יִם לְפֽוֹטִיפַר֙ סְרִ֣יס פַּרְעֹ֔ה שַׂ֖ר הַטַּבָּחִֽים׃ פ

JBMLE · Judson Bible

ယော​သပ်​နှင့်​ညီ​အစ်​ကို​များ

1 ယာ​ကုပ်​သည် မိ​မိ​အ​ဘ​တည်း​ခို​ရာ​ခါ​နာန်​ပြည်၌​နေ၏။ 2 ယာ​ကုပ်​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ဟူ​မူ​ကား၊ ယော​သပ်​သည် အ​သက်​တစ်​ဆယ်​ခု​နစ်​နှစ်​ရှိ၍၊ အစ်​ကို​တို့​နှင့်​အ​တူ သိုး​ဆိတ်​များ​ကို​ထိန်း​လေ၏။ အ​ဘ၏​မ​ယား​ဗိ​လ​ဟာ​နှင့် ဇိ​လ​ပ၏​သား​တို့​နှင့်​အ​တူ​နေ၍၊ သူ​တို့​အ​ပြစ်​ကို အ​ဘ​အား ကြား​ပြော​တတ်​၏။ 3 ဣ​သ​ရေ​လ​သည် အ​သက်​ကြီး​စဉ်​အ​ခါ သား​ယော​သပ်​ကို​ရ​သော​ကြောင့်၊ အ​ခြား​သော​သား​အ​ပေါင်း​တို့​ကို​ချစ်​သည်​ထက် ယော​သပ်​ကို​သာ၍​ချစ်၏။ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အင်္ကျီ​ကို​ချုပ်၍​ပေး၏။ 4 အ​ဘ​သည် မိ​မိ​သား​အ​ပေါင်း​တို့​တွင်၊ ယော​သပ်​ကို​သာ၍​ချစ်​ကြောင်း​ကို၊ အစ်​ကို​တို့​သည် သိ​မြင်​သော​အ​ခါ၊ သူ့​ကို​မုန်း၍ မေ​တ္တာ​စ​ကား​ကို​သူ့​အား မ​ပြော​နိုင်​ကြ။

5 ယော​သပ်​သည် အိပ်​မက်​ကို​မြင်၍၊ အစ်​ကို​တို့​အား​ပြန်​ပြော​သ​ဖြင့်၊ သူ​တို့​သည် သာ၍​မုန်း​ကြ၏။ 6 အိပ်​မက်​ကို အ​ဘယ်​သို့​ပြန်​ပြော​သ​နည်း​ဟူ​မူ​ကား၊ ကျွန်ုပ်​မြင်​ရ​သော အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ​လော့။ 7 ကျွန်ုပ်​တို့​သည် လယ်၌​ကောက်​လှိုင်း​ကို​စည်း၍​နေ​ကြ​စဉ်​တွင်၊ ကျွန်ုပ်​ကောက်​လှိုင်း​သည်​ထ၍ မတ်​တတ်​နေ​သ​ဖြင့်၊ သင်​တို့၏​ကောက်​လှိုင်း​တို့​သည် ဝိုင်း၍​ရပ်​လျက်၊ ကျွန်ုပ်​ကောက်​လှိုင်း​ကို​ရှိ​ခိုး​ကြ​သည်​ဟု ပြော​ဆို​လေ၏။ 8 အစ်​ကို​တို့​က​လည်း၊ သင်​သည် ငါ​တို့၌​မင်း​ပြု​ရ​လိမ့်​မည်​လော၊ ငါ​တို့​ကို အ​စိုး​ရ​လိမ့်​မည်​လော​ဟု ပြန်​ဆို၍၊ သူ၏​အိပ်​မက်​နှင့် သူ၏​စ​ကား​အ​ကြောင်း​ကြောင့် သာ၍​မုန်း​ကြ​၏။

9 တစ်​ဖန်​အိပ်​မက်​ကို​မြင်​ပြန်၍ အစ်​ကို​တို့​အား၊ အ​ခြား​သော​အိပ်​မက်​ကို ကျွန်ုပ်​မြင်​ရ​ပြီ။ နေ၊ လ​နှင့်​တ​ကွ၊ ကြယ်​ဆယ်​တစ်​လုံး​တို့​သည်၊ ကျွန်ုပ်​ကို​ရှိ​ခိုး​ကြ၏​ဟု ကြား​ပြော​လေ၏။ 10 ထို​သို့​အ​ဘ​နှင့် အစ်​ကို​တို့​အား​ကြား​ပြော​သော​အ​ခါ၊ အ​ဘ​က၊ သင်​မြင်​သော​အိပ်​မက်​သည် အ​ဘယ်​သို့​နည်း။ ငါ​နှင့်​သင်​၏​အ​မိ၊ သင်၏​အစ်​ကို​တို့​သည် သင့်​ထံ​သို့​စင်​စစ်​လာ၍ ဦး​ညွှတ်​ချ​ရ​မည်​လော​ဟူ၍၊ သူ့​ကို​ဆုံး​မ​လေ၏။ 11 အစ်​ကို​တို့​သည် သူ့​ကို​ငြူ​စူ​ကြ၏။ အ​ဘ​သည် ထို​အ​ရာ​ကို​မှတ်​လေ၏။တ၊ ၇:၉။

ယော​သပ်​ကို​ရောင်း​လိုက်​ခြင်း

12 အစ်​ကို​တို့​သည် အ​ဘ​၏​သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ​ထိန်း​ခြင်း​ငှာ​သွား​ကြ၏။ 13 ဣ​သ​ရေ​လ​သည်​ယော​သပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​တို့​သည် သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ ထိန်း​ကြ​သည်​မ​ဟုတ်​လော။ လာ​ပါ။ သင့်​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ​သည်​ဟု​ဆို​သော်၊ 14 အ​ဘ​က​သွား​ပါ၊ အစ်​ကို​တို့​သည် ချမ်း​သာ​သ​လော၊ သိုး​ဆိတ်​တို့​လည်း ကောင်း​မွန်​စွာ​ရှိ​သ​လော​ဟူ၍ ကြည့်​ရှု​ပြီး​လျှင်၊ ငါ့​အား​သ​တင်း​ကြား​ပြော​ပါ​ဟု မှာ​လိုက်​လျက်၊ ဟေ​ဗြုန်​ချိုင့်​မှ​စေ​လွှတ်​သ​ဖြင့်၊ သူ​သည် ရှေ​ခင်​မြို့​သို့​ရောက်​လေ၏။ 15 တော၌​လှည့်​လည်​စဉ်​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​နှင့်​တွေ့၍ ထို​သူ​က၊ သင်​သည်​ဘာ​ကို​ရှာ​သ​နည်း​ဟု မေး​လျှင်၊ 16 အစ်​ကို​များ​ကို​ရှာ၏။ အ​ဘယ်​မှာ​ထိန်း​ကြ​သည်​ကို ပြော​ပါ​ဟု​ဆို​သော်၊ 17 ထို​သူ​က၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ပြီ။ ဒေါ​သန်​မြို့​သို့​သွား​ကြ​စို့​ဟု သူ​တို့​ပြော​သံ​ကို ကျွန်ုပ်​ကြား​ခဲ့​ပြီ​ဟု​ဆို၏။ ယော​သပ်​သည်​လည်း၊ အစ်​ကို​တို့​ကို​လိုက်​ရှာ၍ ဒေါ​သန်​မြို့​မှာ​တွေ့​လေ၏။

18 အ​နီး​သို့​မ​ရောက်​မီ အ​ဝေး၌​ရှိ​စဉ်​ပင်၊ အစ်​ကို​တို့​သည်​မြင်​လျှင်၊ သတ်​ခြင်း​ငှာ​တိုင်​ပင်​လျက်၊ 19 ကြည့်​လော့။ အိပ်​မက်​ဆ​ရာ​လာ​ပြီ။ 20 ကိုင်​ကြ။ သူ့​ကို​သတ်၍ တစ်​စုံ​တစ်​ခု​သော​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​စို့။ ဆိုး​သော​သား​ရဲ​တစ်​စုံ​တစ်​ခု​ကိုက်​စား​ပြီ​ဟု ပြော​ကြ​စို့။ ထို​သို့​ပြု​လျှင်၊ သူ၏​အိပ်​မက်​တို့​သည် အ​ဘယ်​သို့​နေ​ရာ​ကျ​မည်​ကို​ကြည့်​ကြ​စို့​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။ 21 ထို​စ​ကား​ကို​ရု​ဗင်​ကြား​လျှင်၊ သူ့​ကို မ​သတ်​ဘဲ​နေ​ကြ​စို့​ဟု​ဆို​လျက်၊ သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​လေ၏။ 22 တစ်​ဖန်​ရု​ဗင်​က၊ သူ၏​အ​သွေး​ကို​မ​သွန်း​ကြ​နှင့်။ ကိုယ်​လက်​နှင့်​မ​ပြု​ဘဲ၊ တော၌ ဤ​မည်​သော​တွင်း​ထဲ​သို့​ချ​ကြ​စို့​ဟု သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​ယူ၍၊ အ​ဘ၌ တစ်​ဖန် အပ်​မည်​အ​ကြံ​ရှိ​သည်​နှင့်​ဆို​လေ၏။

23 ယော​သပ်​သည် အစ်​ကို​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ဝတ်​သော​အင်္ကျီ၊ အ​ဆင်း​ထူး​ခြား​သော​အင်္ကျီ​ကို​ချွတ်​ပြီး​မှ၊ 24 သူ့​ကို​ကိုင်​ယူ၍​တွင်း​ထဲ​သို့​ချ​ကြ၏။ ထို​တွင်း၌​ရေ​မ​ရှိ၊ သွေ့​ခြောက်​သော​တွင်း ဖြစ်​သ​တည်း။ 25 ထို​နောက်​အ​စာ​စား​ခြင်း​ငှာ​ထိုင်​ကြ​စဉ် မျှော်​ကြည့်၍၊ ဣ​ရှ​မေ​လ​အ​မျိုး​သား​အ​စု​အ​ဝေး​သည် ဂိ​လဒ်​ပြည်​မှ​လာ၍ နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး၊ မု​ရန်​စေး​များ​ကို ကု​လား​အုတ်​ပေါ်၌ တင်​ဆောင်​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ခ​ရီး​သွား​ကြ​သည်​ကို​မြင်​လျှင်၊ 26 ယု​ဒ​က၊ ငါ​တို့​သည် ညီ​ကို​သတ်၍​သေ​ကြောင်း​ကို​ဝှက်​ထား​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ 27 ကိုင်​ကြ။ ကိုယ်​တိုင်​မ​ညှဉ်း​ဆဲ​ဘဲ၊ ဣ​ရှ​မေ​လ​လူ​တို့​အား ရောင်း​လိုက်​ကြ​စို့။ သူ​သည် တို့​ညီ၊ တို့​အ​မျိုး​ဖြစ်၏​ဟု အစ်​ကို​တို့​အား​ဆို​သည်​ရှိ​သော်၊ ညီ​အစ်​ကို​တို့​သည် ဝန်​ခံ​ကြ​၏။ 28 ထို​အ​ခါ၊ မိ​ဒျန်​အ​မျိုး​သား​ကုန်​သည်​တို့​သည် ခ​ရီး​သွား​ကြ​စဉ်​တွင်၊ အစ်​ကို​တို့​သည် ယော​သပ်​ကို​တွင်း​ထဲ​က​ဆွဲ​တင်​ပြီး​လျှင်၊ ငွေ​အ​ကျပ်​နှစ်​ဆယ်​အ​ဖိုး​နှင့် ဣ​ရှ​မေ​လ​လူ​တို့​အား​ရောင်း၍၊ ထို​သူ​တို့​သည် ယော​သပ်​ကို​အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​ကြ၏။တ၊ ၇:၉။

29 ရု​ဗင်​သည်​လည်း တွင်း​သို့​သွား၍၊ တွင်း​ထဲ​မှာ​ယော​သပ်​မ​ရှိ​သည်​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်​လျက်၊ 30 ညီ​တို့​ရှိ​ရာ​သို့​သွား၍၊ သူ​ငယ်​မ​ရှိ​ပါ​တ​ကား။ ငါ​သည် အ​ဘယ်​သို့​သွား​ရ​ပါ​မည်​နည်း​ဟု ဆို​လေ​၏။ 31 သူ​တို့​သည်​လည်း၊ ယော​သပ်​အင်္ကျီ​ကို​ယူ၍၊ ဆိတ်​သ​ငယ်​ကို​သတ်​ပြီး​မှ၊ အင်္ကျီ​ကို​အ​သွေး၌​နှစ်​လေ​၏။ 32 ထို​နောက်​မှ၊ အ​ဆင်း​ထူး​ခြား​သော​ထို​အင်္ကျီ​ကို​ပေး​လိုက်၍၊ အ​ချို့​တို့​သည် အ​ဘ​ထံ​သို့​ဆောင်​ခဲ့​လျက်၊ ဤ​အင်္ကျီ​ကို​အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ။ သား၏​အင်္ကျီ ဟုတ်​သည် မ​ဟုတ်​သည်​ကို​ကြည့်​ပါ​ဟု​ဆို​လျှင်၊ 33 ထို​အင်္ကျီ​ကို​အ​ဘ​မှတ်​မိ၍၊ ငါ့​သား၏​အင်္ကျီ​မှန်၏။ သူ့​ကို​ဆိုး​သော​သား​ရဲ​ကိုက်​စား​ပြီ။ အ​ကယ်​၍​ယော​သပ်​ကို အ​ပိုင်း​အ​ပိုင်း​ကိုက်​ဖြတ်​ပါ​ပြီ​တ​ကား​ဟု​ဆို​လျက်၊ 34 မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်၍၊ လျှော်​တေ​အ​ဝတ်​ကို​ပတ်​စည်း​သ​ဖြင့်၊ အင်​တန်​ကာ​လ​ပတ်​လုံး၊ သား​ကြောင့် စိတ်​မ​သာ​ညည်း​တွား​လျက်​နေ​လေ​၏။ 35 သား​သ​မီး​အ​ပေါင်း​တို့​သည်၊ အ​ဘ​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ကြိုး​စား​သော်​လည်း၊ သူ​သည် နှစ်​သိမ့်​စေ​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​သား​ရှိ​ရာ မ​ရ​ဏ​နိုင်​ငံ​သို့ စိတ်​မ​သာ​ညည်း​တွား​လျက် ဆင်း​သက်​တော့​မည်​ဟု​ဆို​လေ၏။ ထို​သို့​ယော​သပ်​အ​ဘ​သည် သား​ကြောင့်​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​လေ​၏။ 36 ယော​သပ်​ကို​ကား၊ မိ​ဒျန်​လူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့​ဆောင်​သွား၍၊ ဖာ​ရော​ဘု​ရင်၏​အ​မတ်​ဖြစ်​သော ကိုယ်​ရံ​တော်​မှူး၊ ပေါ​တိ​ဖာ​ထံ​မှာ​ရောင်း​ကြ​၏။

Todos os capítulos de Genesis 50
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.