1 מַשָּׂ֖א צֹ֑ר הֵילִ֣ילוּ ׀ אֳנִיּ֣וֹת תַּרְשִׁ֗ישׁ כִּֽי־שֻׁדַּ֤ד מִבַּ֨יִת֙ מִבּ֔וֹא מֵאֶ֥רֶץ כִּתִּ֖ים נִגְלָה־לָֽמוֹ׃ 2 דֹּ֖מּוּ יֹ֣שְׁבֵי אִ֑י סֹחֵ֥ר צִיד֛וֹן עֹבֵ֥ר יָ֖ם מִלְאֽוּךְ׃ 3 וּבְמַ֤יִם רַבִּים֙ זֶ֣רַע שִׁחֹ֔ר קְצִ֥יר יְא֖וֹר תְּבֽוּאָתָ֑הּ וַתְּהִ֖י סְחַ֥ר גּוֹיִֽם׃ 4 בּ֣וֹשִׁי צִיד֔וֹן כִּֽי־אָמַ֣ר יָ֔ם מָע֥וֹז הַיָּ֖ם לֵאמֹ֑ר לֹֽא־חַ֣לְתִּי וְלֹֽא־יָלַ֗דְתִּי וְלֹ֥א גִדַּ֛לְתִּי בַּחוּרִ֖ים רוֹמַ֥מְתִּי בְתוּלֽוֹת׃ 5 כַּֽאֲשֶׁר־שֵׁ֖מַע לְמִצְרָ֑יִם יָחִ֖ילוּ כְּשֵׁ֥מַע צֹֽר׃ 6 עִבְר֖וּ תַּרְשִׁ֑ישָׁה הֵילִ֖ילוּ יֹ֥שְׁבֵי אִֽי׃ 7 הֲזֹ֥את לָכֶ֖ם עַלִּיזָ֑ה מִֽימֵי־קֶ֤דֶם קַדְמָתָהּ֙ יֹבִל֣וּהָ רַגְלֶ֔יהָ מֵֽרָח֖וֹק לָגֽוּר׃ 8 מִ֚י יָעַ֣ץ זֹ֔את עַל־צֹ֖ר הַמַּֽעֲטִירָ֑ה אֲשֶׁ֤ר סֹחֲרֶ֨יה֙ שָׂרִ֔ים כִּנְעָנֶ֖יהָ נִכְבַּדֵּי־אָֽרֶץ׃ 9 יְהוָ֥ה צְבָא֖וֹת יְעָצָ֑הּ לְחַלֵּל֙ גְּא֣וֹן כָּל־צְבִ֔י לְהָקֵ֖ל כָּל־נִכְבַּדֵּי־אָֽרֶץ׃ 10 עִבְרִ֥י אַרְצֵ֖ךְ כַּיְאֹ֑ר בַּת־תַּרְשִׁ֕ישׁ אֵ֖ין מֵ֥זַח עֽוֹד׃ 11 יָדוֹ֙ נָטָ֣ה עַל־הַיָּ֔ם הִרְגִּ֖יז מַמְלָכ֑וֹת יְהוָה֙ צִוָּ֣ה אֶל־כְּנַ֔עַן לַשְׁמִ֖ד מָעֻזְנֶֽיהָ׃ 12 וַיֹּ֕אמֶר לֹֽא־תוֹסִ֥יפִי ע֖וֹד לַעְל֑וֹז הַֽמְעֻשָּׁקָ֞ה בְּתוּלַ֣ת בַּת־צִיד֗וֹן כתיים ק֣וּמִי עֲבֹ֔רִי גַּם־שָׁ֖ם לֹא־יָנ֥וּחַֽ לָֽךְ׃ 13 הֵ֣ן ׀ אֶ֣רֶץ כַּשְׂדִּ֗ים זֶ֤ה הָעָם֙ לֹ֣א הָיָ֔ה אַשּׁ֖וּר יְסָדָ֣הּ לְצִיִּ֑ים הֵקִ֣ימוּ בחיניו עֹרְרוּ֙ אַרְמְנוֹתֶ֔יהָ שָׂמָ֖הּ לְמַפֵּלָֽה׃ 14 הֵילִ֖ילוּ אֳנִיּ֣וֹת תַּרְשִׁ֑ישׁ כִּ֥י שֻׁדַּ֖ד מָעֻזְּכֶֽן׃ ס 15 וְהָיָה֙ בַּיּ֣וֹם הַה֔וּא וְנִשְׁכַּ֤חַת צֹר֙ שִׁבְעִ֣ים שָׁנָ֔ה כִּימֵ֖י מֶ֣לֶךְ אֶחָ֑ד מִקֵּ֞ץ שִׁבְעִ֤ים שָׁנָה֙ יִהְיֶ֣ה לְצֹ֔ר כְּשִׁירַ֖ת הַזּוֹנָֽה׃ 16 קְחִ֥י כִנּ֛וֹר סֹ֥בִּי עִ֖יר זוֹנָ֣ה נִשְׁכָּחָ֑ה הֵיטִ֤יבִי נַגֵּן֙ הַרְבִּי־שִׁ֔יר לְמַ֖עַן תִּזָּכֵֽרִי׃ 17 וְהָיָ֞ה מִקֵּ֣ץ ׀ שִׁבְעִ֣ים שָׁנָ֗ה יִפְקֹ֤ד יְהוָה֙ אֶת־צֹ֔ר וְשָׁבָ֖ה לְאֶתְנַנָּ֑ה וְזָֽנְתָ֛ה אֶת־כָּל־מַמְלְכ֥וֹת הָאָ֖רֶץ עַל־פְּנֵ֥י הָאֲדָמָֽה׃ 18 וְהָיָ֨ה סַחְרָ֜הּ וְאֶתְנַנָּ֗הּ קֹ֚דֶשׁ לַֽיהוָ֔ה לֹ֥א יֵֽאָצֵ֖ר וְלֹ֣א יֵֽחָסֵ֑ן כִּ֣י לַיֹּשְׁבִ֞ים לִפְנֵ֤י יְהוָה֙ יִֽהְיֶ֣ה סַחְרָ֔הּ לֶאֱכֹ֥ל לְשָׂבְעָ֖ה וְלִמְכַסֶּ֥ה עָתִֽיק׃ פ
တုရုမြို့နှင့်ဆိုင်သောဗျာဒိတ်
1 တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည်တိုင်အောင် ရှင်းရှင်းပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သတင်းကြားရ၏။ယေဇ၊ ၂၆:၁—၂၈:၁၉။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။2 ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော၊ ပင်လယ်ကမ်းနားမှာ နေသောသူတို့၊ မှိုင်တွေကြလော့။ 3 များသောရေကို အမှီပြုသော ရှိဟောရမျိုးစေ့၊ မြစ်၏အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။ 4 အိုဇိဒုန်မြို့၊ ရှက်ကြောက်ခြင်းရှိလော့။ အကြောင်းမူကား၊ ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီးက၊ ငါသည် ကိုယ်ဝန်မဆောင်၊ သားမဖွား၊ လူပျိုနှင့် အပျိုမတို့ကို မမွေးမြူရဟု ပြောဆို၏။ 5 အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သတင်းကိုကြားသောအခါ၊ ထိုသတင်းကြောင့် အလွန်စိတ်ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။ 6 တာရှုမြို့သို့ ကူးကြလော့။ ပင်လယ်နားမှာ နေသောသူတို့၊ ညည်းတွားမြည်တမ်းကြလော့။ 7 ဤမြို့သည် ရှေးကာလ၌တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ ဝေးသောအရပ်၌ တည်းခိုခြင်းငှာ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏။ 8 တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကားရောင်းဝယ်သော သူတို့သည် မြေကြီးမှူးမတ်ဖြစ်လျက်၊ ထိုမြို့တစ်ဖက်၌ အဘယ်သူသည် ဤအကြံကို ကြံစည်သနည်း။ 9 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏မာနကို အရှက်ခွဲခြင်းငှာလည်းကောင်း၊ မြေကြီးမှူးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှာလည်းကောင်း ထိုသို့ ကြံစည်တော်မူ၏။ 10 အို တာရှုမြို့၏သမီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကိုနှံ့ပြားလော့။ 11 ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သောအရပ်တို့ကို ဖျက်ဆီးစေခြင်းငှာ၊ ထာဝရဘုရား အမိန့်တော်ရှိ၏။ 12 ညှဉ်းဆဲခြင်းကို ခံရသောကညာ၊ ဇိဒုန်မြို့၏သမီး၊ သင်သည် နောက်တစ်ဖန် ရွှင်လန်းခြင်းမရှိရ။ ထလော့။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း ငြိမ်သက်ခြင်းမရှိရဟု မိန့်တော်မူ၏။ 13 အထက်ကမရှိသော ခါလဒဲအမျိုးသားတို့နေသောပြည်ကို ကြည့်ရှုလော့။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဖို့ တည်ထောင်၏။ ထိုပြည်သားတို့သည် ပြအိုးတို့ကို တည်ဆောက်၍၊ တုရုအိမ်တော်များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ၏။ 14 တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ သင်တို့၏မြို့ကြီးသည် ပျက်ကုန်ပြီ။
15 ထိုကာလ၌ တုရုမြို့ကို၊ မင်းဆက်တစ်ဆက် အတိုင်းအရှည်၊ အနှစ်ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှ မအောက်မေ့ရ။ အနှစ် ခုနစ်ဆယ်လွန်သောအခါ၊ ပြည့်တန်ဆာမိန်းမအား သီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့်မည်။ 16 အဘယ်သူမျှ မအောက်မေ့သော ပြည့်တန်ဆာမိန်းမ၊ စောင်းကိုကိုင်၍ မြို့တွင်လှည့်လည်လော့။ သူတစ်ပါးတို့သည် သင့်ကို သတိရစေခြင်းငှာ၊ သာယာသောအသံနှင့် တီး၍၊ သီချင်းကို များစွာဆိုလော့။ 17 အနှစ်ခုနစ်ဆယ်လွန်သောအခါ၊ ထာဝရဘုရားသည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တစ်ဖန် အမြတ်ရသော ဘာသာသို့လိုက်ပြန်၍၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့နှင့် မတရားသောမေထုန်ကို ပြုလိမ့်မည်။ 18 သို့ရာတွင်၊ သူ၏ကုန်သွယ်ခြင်း၊ အမြတ်ရခြင်းအရာတို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းလိမ့်မည်။ ဆည်းပူးသိုထားခြင်းကို မပြုရ။ ကုန်သွယ်သော ဥစ္စာသည် ထာဝရဘုရားရှေ့တော်၌ နေသောသူတို့အဖို့ ဖြစ်၍ သူတို့သည်ဝစွာစား၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်။