Pular para o conteúdo
Publicidade Remover anúncios

Isaiah 32

WLC · Westminster Leningrad Codex

1 הֵ֥ן לְצֶ֖דֶק יִמְלָךְ־מֶ֑לֶךְ וּלְשָׂרִ֖ים לְמִשְׁפָּ֥ט יָשֹֽׂרוּ׃ 2 וְהָיָה־אִ֥ישׁ כְּמַֽחֲבֵא־ר֖וּחַ וְסֵ֣תֶר זָ֑רֶם כְּפַלְגֵי־מַ֣יִם בְּצָי֔וֹן כְּצֵ֥ל סֶֽלַע־כָּבֵ֖ד בְּאֶ֥רֶץ עֲיֵפָֽה׃ 3 וְלֹ֥א תִשְׁעֶ֖ינָה עֵינֵ֣י רֹאִ֑ים וְאָזְנֵ֥י שֹׁמְעִ֖ים תִּקְשַֽׁבְנָה׃ 4 וּלְבַ֥ב נִמְהָרִ֖ים יָבִ֣ין לָדָ֑עַת וּלְשׁ֣וֹן עִלְּגִ֔ים תְּמַהֵ֖ר לְדַבֵּ֥ר צָחֽוֹת׃ 5 לֹֽא־יִקָּרֵ֥א ע֛וֹד לְנָבָ֖ל נָדִ֑יב וּלְכִילַ֕י לֹ֥א יֵֽאָמֵ֖ר שֽׁוֹעַ׃ 6 כִּ֤י נָבָל֙ נְבָלָ֣ה יְדַבֵּ֔ר וְלִבּ֖וֹ יַעֲשֶׂה־אָ֑וֶן לַעֲשׂ֣וֹת חֹ֗נֶף וּלְדַבֵּ֤ר אֶל־יְהוָה֙ תּוֹעָ֔ה לְהָרִיק֙ נֶ֣פֶשׁ רָעֵ֔ב וּמַשְׁקֶ֥ה צָמֵ֖א יַחְסִֽיר׃ 7 וְכֵלַ֖י כֵּלָ֣יו רָעִ֑ים ה֚וּא זִמּ֣וֹת יָעָ֔ץ לְחַבֵּ֤ל ענוים בְּאִמְרֵי־שֶׁ֔קֶר וּבְדַבֵּ֥ר אֶבְי֖וֹן מִשְׁפָּֽט׃ 8 וְנָדִ֖יב נְדִיב֣וֹת יָעָ֑ץ וְה֖וּא עַל־נְדִיב֥וֹת יָקֽוּם׃ פ 9 נָשִׁים֙ שַֽׁאֲנַנּ֔וֹת קֹ֖מְנָה שְׁמַ֣עְנָה קוֹלִ֑י בָּנוֹת֙ בֹּֽטח֔וֹת הַאְזֵ֖נָּה אִמְרָתִֽי׃ 10 יָמִים֙ עַל־שָׁנָ֔ה תִּרְגַּ֖זְנָה בֹּֽטְח֑וֹת כִּ֚י כָּלָ֣ה בָצִ֔יר אֹ֖סֶף בְּלִ֥י יָבֽוֹא׃ 11 חִרְדוּ֙ שַֽׁאֲנַנּ֔וֹת רְגָ֖זָה בֹּֽטְח֑וֹת פְּשֹׁ֣טָֽה וְעֹ֔רָה וַחֲג֖וֹרָה עַל־חֲלָצָֽיִם׃ 12 עַל־שָׁדַ֖יִם סֹֽפְדִ֑ים עַל־שְׂדֵי־חֶ֕מֶד עַל־גֶּ֖פֶן פֹּרִיָּֽה׃ 13 עַ֚ל אַדְמַ֣ת עַמִּ֔י ק֥וֹץ שָׁמִ֖יר תַּֽעֲלֶ֑ה כִּ֚י עַל־כָּל־בָּתֵּ֣י מָשׂ֔וֹשׂ קִרְיָ֖ה עַלִּיזָֽה׃ 14 כִּֽי־אַרְמ֣וֹן נֻטָּ֔שׁ הֲמ֥וֹן עִ֖יר עֻזָּ֑ב עֹ֣פֶל וָבַ֜חַן הָיָ֨ה בְעַ֤ד מְעָרוֹת֙ עַד־עוֹלָ֔ם מְשׂ֥וֹשׂ פְּרָאִ֖ים מִרְעֵ֥ה עֲדָרִֽים׃ 15 עַד־יֵ֨עָרֶ֥ה עָלֵ֛ינוּ ר֖וּחַ מִמָּר֑וֹם וְהָיָ֤ה מִדְבָּר֙ לַכַּרְמֶ֔ל וכרמל לַיַּ֥עַר יֵחָשֵֽׁב׃ 16 וְשָׁכַ֥ן בַּמִּדְבָּ֖ר מִשְׁפָּ֑ט וּצְדָקָ֖ה בַּכַּרְמֶ֥ל תֵּשֵֽׁב׃ 17 וְהָיָ֛ה מַעֲשֵׂ֥ה הַצְּדָקָ֖ה שָׁל֑וֹם וַֽעֲבֹדַת֙ הַצְּדָקָ֔ה הַשְׁקֵ֥ט וָבֶ֖טַח עַד־עוֹלָֽם׃ 18 וְיָשַׁ֥ב עַמִּ֖י בִּנְוֵ֣ה שָׁל֑וֹם וּֽבְמִשְׁכְּנוֹת֙ מִבְטַחִ֔ים וּבִמְנוּחֹ֖ת שַׁאֲנַנּֽוֹת׃ 19 וּבָרַ֖ד בְּרֶ֣דֶת הַיָּ֑עַר וּבַשִּׁפְלָ֖ה תִּשְׁפַּ֥ל הָעִֽיר׃ 20 אַשְׁרֵיכֶ֕ם זֹרְעֵ֖י עַל־כָּל־מָ֑יִם מְשַׁלְּחֵ֥י רֶֽגֶל־הַשּׁ֖וֹר וְהַחֲמֽוֹר׃ ס

JBMLE · Judson Bible

တ​ရားသောရှင်​ဘု​ရင်

1 ကြည့်​ရှု​လော့။ တ​ရား​သ​ဖြင့်​အုပ်​စိုး​သော ရှင်​ဘု​ရင်​တစ်​ပါး ပေါ်​ထွန်း​တော်​မူ​လိမ့်​မည်။ မင်း​သား​မှူး​မတ်​တို့​သည် တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လိမ့်​မည်။ 2 ထို​မင်း​တို့​သည် လေ​လုံ၍ မိုး​သက်​မုန်​တိုင်း ကွယ်​ရာ​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ စီး​သော ချောင်း​ကဲ့​သို့​လည်း​ကောင်း၊ နေ​ပူ​သော​အ​ရပ်၌ ကျောက်​လုံး​ကြီး အ​ရိပ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ 3 မျက်​စိ​မြင်​သော​သူ​တို့​သည် ရှင်း​လင်း​စွာ မြင်​ကြ​လိမ့်​မည်။ နား​ကြား​သော​သူ​တို့​လည်း နား​ထောင်​ကြ​လိမ့်​မည်။ 4 သ​တိ​မ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည် ဆင်​ခြင်၍ ပ​ညာ​ရှိ​လိမ့်​မည်။ စ​ကား​အ​သော​သူ၏​လျှာ​သည်​လည်း စ​ကား​ပြီ​အောင် ပြော​တတ်​လိမ့်​မည်။ 5 ယုတ်​သော​သူ​ကို နောက်​တစ်​ဖန်​အ​မြတ်​ဟူ၍​လည်း​ကောင်း၊ စေး​နှဲ​သော​သူ​ကို​လည်း နောက်​တစ်​ဖန် စွန့်​ကြဲ​တတ်​သော​သူ ဟူ၍​လည်း​ကောင်း မ​ခေါ်​ရ။ 6 အ​ကြောင်း​မူ​ကား၊ ယုတ်​သော​သူ​သည် လျှို့​ဝှက်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို နှုတ်​ဖြင့်​ပြစ်​မှား​လျက်၊ မွတ်​သိပ်​သော​သူ​ကို သာ၍ ဆင်း​ရဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရေ​ငတ်​သော​သူ​ကို ရေ​မ​သောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယုတ်​သော​စ​ကား​ကို ပြော၍ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​လေ​ဦး​မည်။ 7 စေး​နှဲ​သော​သူ သုံး​ဆောင်​ရာ​တန်​ဆာ​သည်​လည်း ဆိုး​လှ၏။ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ၏ အ​မှု​သည်​မှန်​သော်​လည်း၊ ထို​သို့​သော​သူ​ကို မု​သား​စ​ကား​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ကြံ​ကို​သာ ကြံ​တတ်၏။ 8 စေ​တ​နာ​ရှိ​သော​သူ​မူ​ကား၊ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ကြံ​တို့​ကို ကြံ​စည်​တတ်၏။ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ရာများ​အား​ဖြင့် တည်​ရ​လိမ့်​မည်။

သ​တိ​မ​ရှိ​သော​သ​တို့​သ​မီး​တို့

9 ငြိမ်​သက်​စွာ​နေ​သော မိန်း​မ​တို့​ထ​ကြ။ ငါ​ပြော​သံ​ကို ကြား​ကြ​လော့။ သ​တိ​မ​ရှိ​သော သ​တို့​သ​မီး​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ 10 သ​တိ​မ​ရှိ​သော​မိန်း​မ​တို့၊ သင်​တို့​သည် တစ်​နှစ်​လွန်​မှ ပူ​ပန်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ စ​ပျစ်​သီး​ကို သိမ်း​ခြင်း​အ​မှု​ပြတ်​လိမ့်​မည်။ စ​ပါး​အ​သီး​အ​နှံ​ကို သိမ်း​ရာ​ကာ​လ​မ​ရောက်​ရ။ 11 ငြိမ်​သက်​စွာ​နေ​သော မိန်း​မ​တို့၊ တုန်​လှုပ်​ကြ​လော့။ သ​တိ​မ​ရှိ​သော​သူ​တို့၊ ပူ​ပန်​ခြင်း​ရှိ​ကြ​လော့။ အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပယ်​ချွတ်​ပြီး​မှ၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို စည်း​ကြ​လော့။ 12 ရင်​ပတ်​ကို​ခတ်​ခြင်း၊ သာ​ယာ​သော​လယ်​ယာ​နှင့် အ​သီး​များ​သော စ​ပျစ်​နွယ်​ပင်​အ​တွက် ညည်း​တွား​ခြင်း ရှိ​လိမ့်​မည်။ 13 ငါ့​လူ​တို့၏ မြေ​ကို​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​အိမ်​နှင့် ရွှင်​လန်း​သော မြို့​ကို​လည်း​ကောင်း၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် တက်၍ လွှမ်း​မိုး​ကြ​လိမ့်​မည်။ 14 ဘုံ​ဗိ​မာန်​တို့​ကို စွန့်​ပစ်၍ မြို့၏​အ​သံ​ဗ​လံ ငြိမ်း​လိမ့်​မည်။ ဩ​ဖေ​လ​ကုန်း​နှင့် ရဲ​တိုက်​တို့​သည် အ​စဉ် မြေ​တွင်း​နှင့်​ပြည်​စုံ၍၊ ရိုင်း​သော​မြည်း ပျော်​မွေ့​ရာ၊ သိုး​စု​ကျက်​စား​ရာ ဖြစ်​ကြ​လိမ့်​မည်။ 15 ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း၍၊ တော​သည် အ​သီး​အ​နှံ​များ​သော လယ်​ဖြစ်၍၊ အ​သီး​အ​နှံ​များ​သော​လယ်​သည် တော​အုပ်​ကဲ့​သို့ မှတ်​ရ​သော​ကာ​လ မ​ရောက်​မီ​တိုင်​အောင်၊ ထို​သို့ ဖြစ်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ငြိမ်​သက်​ခြင်း

16 ထို​အ​ခါ တော၌​ကား၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​တည်၍၊ အ​သီး​အ​နှံ​များ​သော လယ်၌​ကား၊ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် အ​မြဲ​နေ​ရ​လိမ့်​မည်။ 17 ဖြောင့်​မတ်​ခြင်း တ​ရား​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ကို ပြု​စု​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​အ​ကျိုး​မူ​ကား၊ ထာ​ဝ​ရ ငြိမ်​သက်​ခြင်း​နှင့် လုံ​ခြုံ​ခြင်း​တည်း။ 18 ငါ၏​လူ​တို့​သည်​လည်း၊ ငြိမ်​သက်​သော​နေ​ရာ၊ လုံ​ခြုံ​သော​မြို့​ရွာ၊ ဘေး​လွတ်​သော ချမ်း​သာ​ရာ​အ​ရပ်​တို့၌ နေ​ရ​ကြ​လိမ့်​မည်။ 19 သို့​ရာ​တွင်၊ မိုး​သီး​ကျ​သ​ဖြင့် တော​အုပ်​ကို​လှဲ၍၊ မြို့​ကို​လည်း မြေ​နှင့် တ​ညီ​တည်း ဖြို​ဖျက်​လိမ့်​မည်။ 20 ရေ​ရှိ​ရာ​အ​ရပ်​ရပ်​တို့၌ မျိုး​စေ့​ကို​ကြဲ၍၊ နွား​ခြေ​နှင့် မြည်း​ခြေ​တို့​ကို လွှတ်​တတ်​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

Todos os capítulos de Isaiah 66
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.