1 ה֣וֹי שׁוֹדֵ֗ד וְאַתָּה֙ לֹ֣א שָׁד֔וּד וּבוֹגֵ֖ד וְלֹא־בָ֣גְדוּ ב֑וֹ כַּהֲתִֽמְךָ֤ שׁוֹדֵד֙ תּוּשַּׁ֔ד כַּנְּלֹתְךָ֥ לִבְגֹּ֖ד יִבְגְּדוּ־בָֽךְ׃ ס 2 יְהוָ֥ה חָנֵּ֖נוּ לְךָ֣ קִוִּ֑ינוּ הֱיֵ֤ה זְרֹעָם֙ לַבְּקָרִ֔ים אַף־יְשׁוּעָתֵ֖נוּ בְּעֵ֥ת צָרָֽה׃ 3 מִקּ֣וֹל הָמ֔וֹן נָדְד֖וּ עַמִּ֑ים מֵר֣וֹמְמֻתֶ֔ךָ נָפְצ֖וּ גּוֹיִֽם׃ 4 וְאֻסַּ֣ף שְׁלַלְכֶ֔ם אֹ֖סֶף הֶֽחָסִ֑יל כְּמַשַּׁ֥ק גֵּבִ֖ים שׁוֹקֵ֥ק בּֽוֹ׃ 5 נִשְׂגָּ֣ב יְהוָ֔ה כִּ֥י שֹׁכֵ֖ן מָר֑וֹם מִלֵּ֣א צִיּ֔וֹן מִשְׁפָּ֖ט וּצְדָקָֽה׃ 6 וְהָיָה֙ אֱמוּנַ֣ת עִתֶּ֔יךָ חֹ֥סֶן יְשׁוּעֹ֖ת חָכְמַ֣ת וָדָ֑עַת יִרְאַ֥ת יְהוָ֖ה הִ֥יא אוֹצָרֽוֹ׃ ס 7 הֵ֚ן אֶרְאֶלָּ֔ם צָעֲק֖וּ חֻ֑צָה מַלְאֲכֵ֣י שָׁל֔וֹם מַ֖ר יִבְכָּיֽוּן׃ 8 נָשַׁ֣מּוּ מְסִלּ֔וֹת שָׁבַ֖ת עֹבֵ֣ר אֹ֑רַח הֵפֵ֤ר בְּרִית֙ מָאַ֣ס עָרִ֔ים לֹ֥א חָשַׁ֖ב אֱנֽוֹשׁ׃ 9 אָבַ֤ל אֻמְלְלָה֙ אָ֔רֶץ הֶחְפִּ֥יר לְבָנ֖וֹן קָמַ֑ל הָיָ֤ה הַשָּׁרוֹן֙ כָּֽעֲרָבָ֔ה וְנֹעֵ֥ר בָּשָׁ֖ן וְכַרְמֶֽל׃ 10 עַתָּ֥ה אָק֖וּם יֹאמַ֣ר יְהוָ֑ה עַתָּה֙ אֵֽרוֹמָ֔ם עַתָּ֖ה אֶנָּשֵֽׂא׃ 11 תַּהֲר֥וּ חֲשַׁ֖שׁ תֵּ֣לְדוּ קַ֑שׁ רוּחֲכֶ֕ם אֵ֖שׁ תֹּאכַלְכֶֽם׃ 12 וְהָי֥וּ עַמִּ֖ים מִשְׂרְפ֣וֹת שִׂ֑יד קוֹצִ֥ים כְּסוּחִ֖ים בָּאֵ֥שׁ יִצַּֽתּוּ׃ ס 13 שִׁמְע֥וּ רְחוֹקִ֖ים אֲשֶׁ֣ר עָשִׂ֑יתִי וּדְע֥וּ קְרוֹבִ֖ים גְּבֻרָתִֽי׃ 14 פָּחֲד֤וּ בְצִיּוֹן֙ חַטָּאִ֔ים אָחֲזָ֥ה רְעָדָ֖ה חֲנֵפִ֑ים מִ֣י ׀ יָג֣וּר לָ֗נוּ אֵ֚שׁ אוֹכֵלָ֔ה מִי־יָג֥וּר לָ֖נוּ מוֹקְדֵ֥י עוֹלָֽם׃ 15 הֹלֵ֣ךְ צְדָק֔וֹת וְדֹבֵ֖ר מֵֽישָׁרִ֑ים מֹאֵ֞ס בְּבֶ֣צַע מַעֲשַׁקּ֗וֹת נֹעֵ֤ר כַּפָּיו֙ מִתְּמֹ֣ךְ בַּשֹּׁ֔חַד אֹטֵ֤ם אָזְנוֹ֙ מִשְּׁמֹ֣עַ דָּמִ֔ים וְעֹצֵ֥ם עֵינָ֖יו מֵרְא֥וֹת בְּרָֽע׃ 16 ה֚וּא מְרוֹמִ֣ים יִשְׁכֹּ֔ן מְצָד֥וֹת סְלָעִ֖ים מִשְׂגַּבּ֑וֹ לַחְמ֣וֹ נִתָּ֔ן מֵימָ֖יו נֶאֱמָנִֽים׃ 17 מֶ֥לֶךְ בְּיָפְי֖וֹ תֶּחֱזֶ֣ינָה עֵינֶ֑יךָ תִּרְאֶ֖ינָה אֶ֥רֶץ מַרְחַקִּֽים׃ 18 לִבְּךָ֖ יֶהְגֶּ֣ה אֵימָ֑ה אַיֵּ֤ה סֹפֵר֙ אַיֵּ֣ה שֹׁקֵ֔ל אַיֵּ֖ה סֹפֵ֥ר אֶת־הַמִּגְדָּלִֽים׃ 19 אֶת־עַ֥ם נוֹעָ֖ז לֹ֣א תִרְאֶ֑ה עַ֣ם עִמְקֵ֤י שָׂפָה֙ מִשְּׁמ֔וֹעַ נִלְעַ֥ג לָשׁ֖וֹן אֵ֥ין בִּינָֽה׃ 20 חֲזֵ֣ה צִיּ֔וֹן קִרְיַ֖ת מֽוֹעֲדֵ֑נוּ עֵינֶיךָ֩ תִרְאֶ֨ינָה יְרוּשָׁלִַ֜ם נָוֶ֣ה שַׁאֲנָ֗ן אֹ֤הֶל בַּל־יִצְעָן֙ בַּל־יִסַּ֤ע יְתֵֽדֹתָיו֙ לָנֶ֔צַח וְכָל־חֲבָלָ֖יו בַּל־יִנָּתֵֽקוּ׃ 21 כִּ֣י אִם־שָׁ֞ם אַדִּ֤יר יְהוָה֙ לָ֔נוּ מְקוֹם־נְהָרִ֥ים יְאֹרִ֖ים רַחֲבֵ֣י יָדָ֑יִם בַּל־תֵּ֤לֶךְ בּוֹ֙ אֳנִי־שַׁ֔יִט וְצִ֥י אַדִּ֖יר לֹ֥א יַעַבְרֶֽנּוּ׃ 22 כִּ֤י יְהוָה֙ שֹׁפְטֵ֔נוּ יְהוָ֖ה מְחֹקְקֵ֑נוּ יְהוָ֥ה מַלְכֵּ֖נוּ ה֥וּא יוֹשִׁיעֵֽנוּ׃ 23 נִטְּשׁ֖וּ חֲבָלָ֑יִךְ בַּל־יְחַזְּק֤וּ כֵן־תָּרְנָם֙ בַּל־פָּ֣רְשׂוּ נֵ֔ס אָ֣ז חֻלַּ֤ק עַֽד־שָׁלָל֙ מַרְבֶּ֔ה פִּסְחִ֖ים בָּ֥זְזוּ בַֽז׃ 24 וּבַל־יֹאמַ֥ר שָׁכֵ֖ן חָלִ֑יתִי הָעָ֛ם הַיֹּשֵׁ֥ב בָּ֖הּ נְשֻׂ֥א עָוֺֽן׃
မစတော်မူရန်ဆုတောင်းခြင်း
1 သူတစ်ပါး လုယူခြင်းကိုမခံဘဲလျက်၊ လုယူတတ်သောသူ၊ သူတစ်ပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီးတတ်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် မလုမယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
2 အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မျှော်လင့်ကြပါ၏။ နံနက်တိုင်း အကျွန်ုပ်တို့၌ ခွန်အားကို ပေးတော်မူပါ။ အမှုရောက်သောအခါ၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။
3 အလုံးအရင်း၏အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ်ရပ် ကွဲပြားကြ၏။ 4 သူတစ်ပါးတို့သည် သင်တို့၏ဥစ္စာကို ကျိုင်းကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်းကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ်မှာ လူးလာပြေးကြလိမ့်မည်။
5 ထာဝရဘုရားသည် ချီးမြှောက်ခြင်း ရှိတော်မူ၏။ မြင့်သောအရပ်၌ နေတော်မူ၏။ ဇိအုန်မြို့ကို တရားသဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေတော်မူ၏။ 6 ဉာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
7 သူရဲတို့သည် ပြင်၌ အော်ဟစ်ကြ၏။ မိတ်သဟာယစကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ၏။ 8 လမ်းမတို့သည် ဆိတ်ညံကြ၏။ လမ်းခရီး၌ သွားလာသောသူ မရှိ။ ထိုမင်းသည် သစ္စာပျက်လေပြီ။ မြို့များကိုလည်း ပယ်လေပြီ။ အဘယ်သူ၏မျက်နှာကို မမှတ်တတ်။ 9 ပြည်တော်သည် ငြိုငြင်၍ အားလျော့၏။ လေဗနုန်တောသည် ရှက်ကြောက်၍ နွမ်းရိ၏။ ရှာရုန်အရပ်သည် တောကဲ့သို့ဖြစ်၏။ ဗာရှန်တောင်နှင့် ကရမေလတောင်သည် လှုပ်ရှား၏။
10 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထမည်။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကိုကိုယ် ချီးမြှောက်မည်။ 11 သင်တို့သည် ဖွဲကို ကိုယ်ဝန်ဆောင်၍၊ အမှိုက်ကို ဖွားမြင်ရလိမ့်မည်။ သင်တို့ စိတ်သဘောသည် မီးဖြစ်၍၊ သင်တို့ကို ဖျက်ဆီးလိမ့်မည်။ 12 လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့လည်းကောင်း၊ ဆူးပင်များကို ခုတ်၍ မီးရှို့သကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ 13 ဝေးသောသူတို့၊ ငါပြုသောအမှုကို မှတ်ကြလော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။ 14 အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက်ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည်နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရမီးလောင်ခြင်းကို ခံလျက်နေရမည်နည်း။ 15 တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာ ပြောထသော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသောငွေကို ရွံ၍၊ တံစိုးကိုလည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်းအမှုကို နားမခံ၊ အဓမ္မအမှုများကို မကြည့်မရှုသောသူသည် မြင့်သောအရပ်၌ နေလိမ့်မည်။ 16 ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။
ရှင်ဘုရင်၏တင့်တယ်ခြင်း
17 သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်းအသရေတော်ကို ကိုယ်မျက်စိနှင့် မြင်ရ၍၊ ဝေးလှသောပြည်ကိုလည်း ကြည့်မြင်ရလိမ့်မည်။ 18 သင်သည် ကြောက်လန့်ဖွယ်သော အခြင်းအရာကို အောက်မေ့သောအခါ၊ စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်မှာ ရှိသနည်း။ 19 ကြမ်းတမ်းသောလူမျိုး၊ နားမဝင်နိုင်အောင် နက်နဲသောစကား၊ နားမလည်နိုင်အောင် ခက်ခဲသောစကားကို ပြောသော လူမျိုးကို သင်သည် မတွေ့မမြင်ရ။ 20 ငါတို့ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့။ တိုင်တစ်ခုမျှမရွှေ့၊ ကြိုးတစ်ခုမျှမပြတ်၊ အလျှင်းမပျက်ရသော တဲတည်းဟူသော၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်။ 21 ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့်မည်။ ထိုအရပ်၌ တက်သောရဲလှေ၊ အားကြီးသော သင်္ဘောတစ်စင်းမျှ မလျှောက်မသွားရ။ 22 အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။
23 သင်၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ၏။ ရွက်တိုင်ကို ခိုင်ခံ့စွာမချည်၊ ရွက်ကိုလည်း မဖြန့်နိုင်။ သို့ဖြစ်၍၊ များစွာသောဥစ္စာကို လုယူဝေငှရ၏။ ခြေဆွံ့သောသူပင် လုယူရာ ဥစ္စာကို လုယူရ၏။ 24 မြို့သားကလည်း၊ ငါနာသည်ဟု မဆိုရ။ ထိုမြို့၌နေသော သူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်။