1 ה֥וֹי הַחֹֽקְקִ֖ים חִקְקֵי־אָ֑וֶן וּֽמְכַתְּבִ֥ים עָמָ֖ל כִּתֵּֽבוּ׃ 2 לְהַטּ֤וֹת מִדִּין֙ דַּלִּ֔ים וְלִגְזֹ֕ל מִשְׁפַּ֖ט עֲנִיֵּ֣י עַמִּ֑י לִהְי֤וֹת אַלְמָנוֹת֙ שְׁלָלָ֔ם וְאֶת־יְתוֹמִ֖ים יָבֹֽזּוּ׃ 3 וּמַֽה־תַּעֲשׂוּ֙ לְי֣וֹם פְּקֻדָּ֔ה וּלְשׁוֹאָ֖ה מִמֶּרְחָ֣ק תָּב֑וֹא עַל־מִי֙ תָּנ֣וּסוּ לְעֶזְרָ֔ה וְאָ֥נָה תַעַזְב֖וּ כְּבוֹדְכֶֽם׃ 4 בִּלְתִּ֤י כָרַע֙ תַּ֣חַת אַסִּ֔יר וְתַ֥חַת הֲרוּגִ֖ים יִפֹּ֑לוּ בְּכָל־זֹאת֙ לֹא־שָׁ֣ב אַפּ֔וֹ וְע֖וֹד יָד֥וֹ נְטוּיָֽה׃ ס 5 ה֥וֹי אַשּׁ֖וּר שֵׁ֣בֶט אַפִּ֑י וּמַטֶּה־ה֥וּא בְיָדָ֖ם זַעְמִֽי׃ 6 בְּג֤וֹי חָנֵף֙ אֲשַׁלְּחֶ֔נּוּ וְעַל־עַ֥ם עֶבְרָתִ֖י אֲצַוֶּ֑נּוּ לִשְׁלֹ֤ל שָׁלָל֙ וְלָבֹ֣ז בַּ֔ז ולשימו מִרְמָ֖ס כְּחֹ֥מֶר חוּצֽוֹת׃ 7 וְהוּא֙ לֹא־כֵ֣ן יְדַמֶּ֔ה וּלְבָב֖וֹ לֹא־כֵ֣ן יַחְשֹׁ֑ב כִּ֚י לְהַשְׁמִ֣יד בִּלְבָב֔וֹ וּלְהַכְרִ֥ית גּוֹיִ֖ם לֹ֥א מְעָֽט׃ 8 כִּ֖י יֹאמַ֑ר הֲלֹ֥א שָׂרַ֛י יַחְדָּ֖ו מְלָכִֽים׃ 9 הֲלֹ֥א כְּכַרְכְּמִ֖ישׁ כַּלְנ֑וֹ אִם־לֹ֤א כְאַרְפַּד֙ חֲמָ֔ת אִם־לֹ֥א כְדַמֶּ֖שֶׂק שֹׁמְרֽוֹן׃ 10 כַּאֲשֶׁר֙ מָצְאָ֣ה יָדִ֔י לְמַמְלְכֹ֖ת הָאֱלִ֑יל וּפְסִ֣ילֵיהֶ֔ם מִירֽוּשָׁלִַ֖ם וּמִשֹּׁמְרֽוֹן׃ 11 הֲלֹ֗א כַּאֲשֶׁ֥ר עָשִׂ֛יתִי לְשֹׁמְר֖וֹן וְלֶאֱלִילֶ֑יהָ כֵּ֛ן אֶעֱשֶׂ֥ה לִירוּשָׁלִַ֖ם וְלַעֲצַבֶּֽיהָ׃ ס 12 וְהָיָ֗ה כִּֽי־יְבַצַּ֤ע אֲדֹנָי֙ אֶת־כָּל־מַֽעֲשֵׂ֔הוּ בְּהַ֥ר צִיּ֖וֹן וּבִירוּשָׁלִָ֑ם אֶפְקֹ֗ד עַל־פְּרִי־גֹ֨דֶל֙ לְבַ֣ב מֶֽלֶךְ־אַשּׁ֔וּר וְעַל־תִּפְאֶ֖רֶת ר֥וּם עֵינָֽיו׃ 13 כִּ֣י אָמַ֗ר בְּכֹ֤חַ יָדִי֙ עָשִׂ֔יתִי וּבְחָכְמָתִ֖י כִּ֣י נְבֻנ֑וֹתִי וְאָסִ֣יר ׀ גְּבוּלֹ֣ת עַמִּ֗ים ועתידתיהם שׁוֹשֵׂ֔תִי וְאוֹרִ֥יד כַּאבִּ֖יר יוֹשְׁבִֽים׃ 14 וַתִּמְצָ֨א כַקֵּ֤ן ׀ יָדִי֙ לְחֵ֣יל הָֽעַמִּ֔ים וְכֶאֱסֹף֙ בֵּיצִ֣ים עֲזֻב֔וֹת כָּל־הָאָ֖רֶץ אֲנִ֣י אָסָ֑פְתִּי וְלֹ֤א הָיָה֙ נֹדֵ֣ד כָּנָ֔ף וּפֹצֶ֥ה פֶ֖ה וּמְצַפְצֵֽף׃ 15 הֲיִתְפָּאֵר֙ הַגַּרְזֶ֔ן עַ֖ל הַחֹצֵ֣ב בּ֑וֹ אִם־יִתְגַּדֵּ֤ל הַמַּשּׂוֹר֙ עַל־מְנִיפ֔וֹ כְּהָנִ֥יף שֵׁ֨בֶט֙ וְאֶת־מְרִימָ֔יו כְּהָרִ֥ים מַטֶּ֖ה לֹא־עֵֽץ׃ 16 לָ֠כֵן יְשַׁלַּ֨ח הָאָד֜וֹן יְהוָ֧ה צְבָא֛וֹת בְּמִשְׁמַנָּ֖יו רָז֑וֹן וְתַ֧חַת כְּבֹד֛וֹ יֵקַ֥ד יְקֹ֖ד כִּיק֥וֹד אֵֽשׁ׃ 17 וְהָיָ֤ה אֽוֹר־יִשְׂרָאֵל֙ לְאֵ֔שׁ וּקְדוֹשׁ֖וֹ לְלֶהָבָ֑ה וּבָעֲרָ֗ה וְאָֽכְלָ֛ה שִׁית֥וֹ וּשְׁמִיר֖וֹ בְּי֥וֹם אֶחָֽד׃ 18 וּכְב֤וֹד יַעְרוֹ֙ וְכַרְמִלּ֔וֹ מִנֶּ֥פֶשׁ וְעַד־בָּשָׂ֖ר יְכַלֶּ֑ה וְהָיָ֖ה כִּמְסֹ֥ס נֹסֵֽס׃ 19 וּשְׁאָ֥ר עֵ֛ץ יַעְר֖וֹ מִסְפָּ֣ר יִֽהְי֑וּ וְנַ֖עַר יִכְתְּבֵֽם׃ פ 20 וְהָיָ֣ה ׀ בַּיּ֣וֹם הַה֗וּא לֹֽא־יוֹסִ֨יף ע֜וֹד שְׁאָ֤ר יִשְׂרָאֵל֙ וּפְלֵיטַ֣ת בֵּֽית־יַעֲקֹ֔ב לְהִשָּׁעֵ֖ן עַל־מַכֵּ֑הוּ וְנִשְׁעַ֗ן עַל־יְהוָ֛ה קְד֥וֹשׁ יִשְׂרָאֵ֖ל בֶּאֱמֶֽת׃ 21 שְׁאָ֥ר יָשׁ֖וּב שְׁאָ֣ר יַעֲקֹ֑ב אֶל־אֵ֖ל גִּבּֽוֹר׃ 22 כִּ֣י אִם־יִהְיֶ֞ה עַמְּךָ֤ יִשְׂרָאֵל֙ כְּח֣וֹל הַיָּ֔ם שְׁאָ֖ר יָשׁ֣וּב בּ֑וֹ כִּלָּי֥וֹן חָר֖וּץ שׁוֹטֵ֥ף צְדָקָֽה׃ 23 כִּ֥י כָלָ֖ה וְנֶחֱרָצָ֑ה אֲדֹנָ֤י יְהוִה֙ צְבָא֔וֹת עֹשֶׂ֖ה בְּקֶ֥רֶב כָּל־הָאָֽרֶץ׃ ס 24 לָכֵ֗ן כֹּֽה־אָמַ֞ר אֲדֹנָ֤י יְהוִה֙ צְבָא֔וֹת אַל־תִּירָ֥א עַמִּ֛י יֹשֵׁ֥ב צִיּ֖וֹן מֵֽאַשּׁ֑וּר בַּשֵּׁ֣בֶט יַכֶּ֔כָּה וּמַטֵּ֥הוּ יִשָּֽׂא־עָלֶ֖יךָ בְּדֶ֥רֶךְ מִצְרָֽיִם׃ 25 כִּי־ע֖וֹד מְעַ֣ט מִזְעָ֑ר וְכָ֣לָה זַ֔עַם וְאַפִּ֖י עַל־תַּבְלִיתָֽם׃ 26 וְעוֹרֵ֨ר עָלָ֜יו יְהוָ֤ה צְבָאוֹת֙ שׁ֔וֹט כְּמַכַּ֥ת מִדְיָ֖ן בְּצ֣וּר עוֹרֵ֑ב וּמַטֵּ֨הוּ֙ עַל־הַיָּ֔ם וּנְשָׂא֖וֹ בְּדֶ֥רֶךְ מִצְרָֽיִם׃ 27 וְהָיָ֣ה ׀ בַּיּ֣וֹם הַה֗וּא יָס֤וּר סֻבֳּלוֹ֙ מֵעַ֣ל שִׁכְמֶ֔ךָ וְעֻלּ֖וֹ מֵעַ֣ל צַוָּארֶ֑ךָ וְחֻבַּ֥ל עֹ֖ל מִפְּנֵי־שָֽׁמֶן׃ 28 בָּ֥א עַל־עַיַּ֖ת עָבַ֣ר בְּמִגְר֑וֹן לְמִכְמָ֖שׂ יַפְקִ֥יד כֵּלָֽיו׃ 29 עָֽבְרוּ֙ מַעְבָּרָ֔ה גֶּ֖בַע מָל֣וֹן לָ֑נוּ חָֽרְדָה֙ הָֽרָמָ֔ה גִּבְעַ֥ת שָׁא֖וּל נָֽסָה׃ 30 צַהֲלִ֥י קוֹלֵ֖ךְ בַּת־גַּלִּ֑ים הַקְשִׁ֥יבִי לַ֖יְשָׁה עֲנִיָּ֥ה עֲנָתֽוֹת׃ 31 נָדְדָ֖ה מַדְמֵנָ֑ה יֹשְׁבֵ֥י הַגֵּבִ֖ים הֵעִֽיזוּ׃ 32 ע֥וֹד הַיּ֖וֹם בְּנֹ֣ב לַֽעֲמֹ֑ד יְנֹפֵ֤ף יָדוֹ֙ הַ֣ר בית־צִיּ֔וֹן גִּבְעַ֖ת יְרוּשָׁלִָֽם׃ ס 33 הִנֵּ֤ה הָאָדוֹן֙ יְהוָ֣ה צְבָא֔וֹת מְסָעֵ֥ף פֻּארָ֖ה בְּמַעֲרָצָ֑ה וְרָמֵ֤י הַקּוֹמָה֙ גְּדוּעִ֔ים וְהַגְּבֹהִ֖ים יִשְׁפָּֽלוּ׃ 34 וְנִקַּ֛ף סִֽבְכֵ֥י הַיַּ֖עַר בַּבַּרְזֶ֑ל וְהַלְּבָנ֖וֹן בְּאַדִּ֥יר יִפּֽוֹל׃ ס
1 ငတ်မွတ်သောသူတို့ကို တရားရှုံးစေခြင်းငှာလည်းကောင်း၊ 2 ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏အခွင့်အရာကို ရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မုဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ဥစ္စာကို လုယူခြင်းငှာလည်းကောင်း၊ မတရားသဖြင့် စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။ 3 ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးကရောက်လတ္တံ့သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်းသာရအံ့သောငှာ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့စည်းစိမ်ဥစ္စာကို အဘယ်မှာသိုထားကြလိမ့်မည်နည်း။ 4 ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထားလျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကိုခံရသော သူတို့အောက်မှာ လဲရကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
အာရှုရိကိုအသုံးပြုခြင်း
5 အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏လှံတံဖြစ်၏။ သူကိုင်သောတောင်ဝှေးသည် ငါဒဏ်ပေးစရာဖို့ ဖြစ်၏။ဟေရှာ၊ ၁၄:၂၄-၂၇၊ နာ၊ ၁:၁—၃:၁၉၊ဇေ၊ ၂:၁၃-၁၅။6 အဓမ္မလူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာလူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကိုကဲ့သို့ ကျော်နင်းစေခြင်းငှာ၊ သူ့ကိုငါမှာထားမည်။ 7 သို့သော်လည်း၊ သူသည် အခြားသောအကြံ၊ အခြားသောအလိုရှိ၏။ သူသည်ဖျက်ဆီး၍၊ များစွာသောလူမျိုးတို့ကို ပယ်ရှင်းခြင်းငှာ အလိုရှိ၏။ 8 သူသည် အဘယ်သို့ဆိုသနည်းဟူမူကား၊ ငါ၏မှူးမတ်တို့သည် မင်းကြီးဖြစ်ကြသည် မဟုတ်လော။ 9 ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့လည်းကောင်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့လည်းကောင်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော။ 10 ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍မြတ်သော ရုပ်တုဆင်းတုကို ကိုးကွယ်သောတိုင်းနိုင်ငံများကို ငါလုယူသကဲ့သို့လည်းကောင်း၊ 11 ရှမာရိမြို့နှင့် သူ၏ရုပ်တုတို့ကို ငါပြုသကဲ့သို့လည်းကောင်း၊ ယေရုရှလင်မြို့နှင့် သူ၏ရုပ်တုတို့ကို ငါပြုမည်မဟုတ်လောဟု ဆိုတတ်၏။
12 သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကိုလက်စသတ်တော်မူပြီးမှ၊ အာရှုရိရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သောမျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍စီရင်မည်။ 13 ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံးသတ္တိနှင့် ကိုယ်ဉာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတိနှင့် ငါပြည့်စုံ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကိုလုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့နှိမ့်ချပြီ။ 14 ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကိုတွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာ ရှိသမျှတို့ကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည်ဖြစ်၍၊ 15 ကြိမ်လုံးသည် ကိုင်သောသူကို လှုပ်သကဲ့သို့လည်းကောင်း၊ တောင်ဝှေးသည် မိမိသခင်ကို ချီကြွသကဲ့သို့လည်းကောင်း၊ ပုဆိန်သည် ခုတ်သောသူကို စော်ကားရမည်လော။ လွှသည် တိုက်သောသူကို ရန်ပြု၍ထောင်လွှားရမည်လော။ 16 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် ထိုမင်း၏ဆူဝသောသူတို့၌ ပိန်ကျုံခြင်းကို သွင်းပေးတော်မူမည်။ သူ၏ဘုန်းအောက်၌လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှာ ရှို့တော်မူမည်။ 17 ဣသရေလအမျိုး၏အလင်းသည် မီးဖြစ်တော်မူမည်။ သန့်ရှင်းသောဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တစ်နေ့ချင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်။ 18 တော၏ဘုန်းကိုလည်းကောင်း၊ အသီးအနှံထွက်သော လယ်၏ဘုန်းကိုလည်းကောင်း၊ သူ၏ကိုယ်ခန္ဓာ နာမ်ဝိညာဉ်နှင့်တကွ ကုန်စေတော်မူသဖြင့်၊ ထိုမင်းသည် နာသောသူကဲ့သို့အားလျော့လိမ့်မည်။ 19 ကြွင်းသောတောပင်တို့ကို သူငယ်သည် စာရင်းယူနိုင်အောင်၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။
ကြွင်းသောသူသာနောင်တရခြင်း
20 ထိုအခါမှစ၍၊ ဘေးလွတ်လျက်ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိတို့ကို ညှဉ်းဆဲသောသူ၌ နောက်တစ်ဖန် မကိုးစားဘဲ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင်ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။ 21 ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရားသခင့်ထံသို့ ပြန်လာကြလိမ့်မည်။ 22 အိုဣသရေလအမျိုး၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ပြန်လာကြလိမ့်မည်။ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရလိမ့်မည်။ 23 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မြေတစ်ပြင်လုံးအလယ်၌ စီရင်ဆုံးဖြတ်သော၊ သုတ်သင်ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည်။ရော၊ ၉:၂၇။
အာရှုရိပြည်ကိုအပြစ်ဒဏ်ခတ်မည်
24 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသောငါ၏လူမျိုး၊ အာရှုရိမင်းကြောင့် မကြောက်နှင့်။ သူ၏ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်းပြုသည်နည်းတူ သူ၏လှံတံကို သင်၏အပေါ်မှာမိုးလိမ့်မည်။ 25 သို့သော်လည်း၊ ခဏကြာပြီးမှ သူတို့သည်ပျက်စီးခြင်းသို့ ရောက်သောအားဖြင့်၊ ငါ့အမျက်သည်ငြိမ်း၍၊ ငါ့စိတ်လည်းပြေ လိမ့်မည်။ 26 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ်သကဲ့သို့လည်းကောင်း၊ ပင်လယ်ကို လှံတံတော်နှင့် မိုးသကဲ့သို့လည်းကောင်း၊ ထိုမင်းအဖို့ ဘေးဥပဒ်ကိုပြင်ဆင်၍၊ အဲဂုတ္ထုလက်ထက်၌ကဲ့သို့ တစ်ဖန်လှံတံတော်ကို ချီတော်မူမည်။ 27 ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်ကလည်းကောင်း၊ သူ၏ထမ်းပိုးကို သင်၏လည်ပင်းပေါ်ကလည်းကောင်းချရ၏။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းပိုးပျက်စီးရ၏။
ရန်သူများဝင်ရောက်တိုက်ခိုက်ခြင်း
28 အာရပ်မြို့သို့ ရောက်လေပြီ။ မိဂရုန်မြို့တိုင်အောင် လွန်သွားပြီ။ မိတ်မတ်မြို့၌ လှည်းများကိုချထားပြီ။ 29 တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စခန်းချကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလုနေရာ ဂိဗာမြို့သည် ပြေး၏။ 30 အို ဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ အို လဲရှမြို့၊ နားထောင်လော့။ အာနသုတ်မြို့သည် အမင်္ဂလာရှိ၏။ 31 မာဒမေနမြို့သည် ပြောင်းသွားပြီ။ ဂေဗိမ်မြို့သားတို့သည် လွတ်အောင်ပြေးကြ၏။ 32 နောဘမြို့၌ တစ်ရက်နေပြီးမှ၊ ဇိအုန်သတို့သမီး၏တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ်၍၊ မိမိလက်ကို လှုပ်လိမ့်မည်။ 33 ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ကြောက်မက်ဖွယ်သောအခြင်းအရာနှင့် သစ်ပင်အထွတ်ကိုပယ်ရှင်းတော်မူမည်။ အရပ်မြင့်သော အခက်တို့ကိုခုတ်လှဲ၍၊ ကြီးမားသောအခက်တို့ကို နှိမ့်ချတော်မူမည်။ 34 တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနုန်တောသည် တန်ခိုးကြီးသောသူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။