1 ה֗וֹי עֲטֶ֤רֶת גֵּאוּת֙ שִׁכֹּרֵ֣י אֶפְרַ֔יִם וְצִ֥יץ נֹבֵ֖ל צְבִ֣י תִפְאַרְתּ֑וֹ אֲשֶׁ֛ר עַל־רֹ֥אשׁ גֵּֽיא־שְׁמָנִ֖ים הֲל֥וּמֵי יָֽיִן׃ 2 הִנֵּ֨ה חָזָ֤ק וְאַמִּץ֙ לַֽאדֹנָ֔י כְּזֶ֥רֶם בָּרָ֖ד שַׂ֣עַר קָ֑טֶב כְּ֠זֶרֶם מַ֣יִם כַּבִּירִ֥ים שֹׁטְפִ֛ים הִנִּ֥יחַ לָאָ֖רֶץ בְּיָֽד׃ 3 בְּרַגְלַ֖יִם תֵּֽרָמַ֑סְנָה עֲטֶ֥רֶת גֵּא֖וּת שִׁכּוֹרֵ֥י אֶפְרָֽיִם׃ 4 וְֽהָ֨יְתָ֜ה צִיצַ֤ת נֹבֵל֙ צְבִ֣י תִפְאַרְתּ֔וֹ אֲשֶׁ֥ר עַל־רֹ֖אשׁ גֵּ֣יא שְׁמָנִ֑ים כְּבִכּוּרָהּ֙ בְּטֶ֣רֶם קַ֔יִץ אֲשֶׁ֨ר יִרְאֶ֤ה הָֽרֹאֶה֙ אוֹתָ֔הּ בְּעוֹדָ֥הּ בְּכַפּ֖וֹ יִבְלָעֶֽנָּה׃ ס 5 בַּיּ֣וֹם הַה֗וּא יִֽהְיֶה֙ יְהוָ֣ה צְבָא֔וֹת לַעֲטֶ֣רֶת צְבִ֔י וְלִצְפִירַ֖ת תִּפְאָרָ֑ה לִשְׁאָ֖ר עַמּֽוֹ׃ 6 וּלְר֖וּחַ מִשְׁפָּ֑ט לַיּוֹשֵׁב֙ עַל־הַמִּשְׁפָּ֔ט וְלִ֨גְבוּרָ֔ה מְשִׁיבֵ֥י מִלְחָמָ֖ה שָֽׁעְרָה׃ ס 7 וְגַם־אֵ֨לֶּה֙ בַּיַּ֣יִן שָׁג֔וּ וּבַשֵּׁכָ֖ר תָּע֑וּ כֹּהֵ֣ן וְנָבִיא֩ שָׁג֨וּ בַשֵּׁכָ֜ר נִבְלְע֣וּ מִן־הַיַּ֗יִן תָּעוּ֙ מִן־הַשֵּׁכָ֔ר שָׁגוּ֙ בָּֽרֹאֶ֔ה פָּק֖וּ פְּלִילִיָּֽה׃ 8 כִּ֚י כָּל־שֻׁלְחָנ֔וֹת מָלְא֖וּ קִ֣יא צֹאָ֑ה בְּלִ֖י מָקֽוֹם׃ ס 9 אֶת־מִי֙ יוֹרֶ֣ה דֵעָ֔ה וְאֶת־מִ֖י יָבִ֣ין שְׁמוּעָ֑ה גְּמוּלֵי֙ מֵֽחָלָ֔ב עַתִּיקֵ֖י מִשָּׁדָֽיִם׃ 10 כִּ֣י צַ֤ו לָצָו֙ צַ֣ו לָצָ֔ו קַ֥ו לָקָ֖ו קַ֣ו לָקָ֑ו זְעֵ֥יר שָׁ֖ם זְעֵ֥יר שָֽׁם׃ 11 כִּ֚י בְּלַעֲגֵ֣י שָׂפָ֔ה וּבְלָשׁ֖וֹן אַחֶ֑רֶת יְדַבֵּ֖ר אֶל־הָעָ֥ם הַזֶּֽה׃ 12 אֲשֶׁ֣ר ׀ אָמַ֣ר אֲלֵיהֶ֗ם זֹ֤את הַמְּנוּחָה֙ הָנִ֣יחוּ לֶֽעָיֵ֔ף וְזֹ֖את הַמַּרְגֵּעָ֑ה וְלֹ֥א אָב֖וּא שְׁמֽוֹעַ׃ 13 וְהָיָ֨ה לָהֶ֜ם דְּבַר־יְהוָ֗ה צַ֣ו לָצָ֞ו צַ֤ו לָצָו֙ קַ֤ו לָקָו֙ קַ֣ו לָקָ֔ו זְעֵ֥יר שָׁ֖ם זְעֵ֣יר שָׁ֑ם לְמַ֨עַן יֵלְכ֜וּ וְכָשְׁל֤וּ אָחוֹר֙ וְנִשְׁבָּ֔רוּ וְנוֹקְשׁ֖וּ וְנִלְכָּֽדוּ׃ פ 14 לָכֵ֛ן שִׁמְע֥וּ דְבַר־יְהוָ֖ה אַנְשֵׁ֣י לָצ֑וֹן מֹֽשְׁלֵי֙ הָעָ֣ם הַזֶּ֔ה אֲשֶׁ֖ר בִּירוּשָׁלִָֽם׃ 15 כִּ֣י אֲמַרְתֶּ֗ם כָּרַ֤תְנֽוּ בְרִית֙ אֶת־מָ֔וֶת וְעִם־שְׁא֖וֹל עָשִׂ֣ינוּ חֹזֶ֑ה שיט שׁוֹטֵ֤ף כִּֽי־עבר לֹ֣א יְבוֹאֵ֔נוּ כִּ֣י שַׂ֧מְנוּ כָזָ֛ב מַחְסֵ֖נוּ וּבַשֶּׁ֥קֶר נִסְתָּֽרְנוּ׃ ס 16 לָכֵ֗ן כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה הִנְנִ֛י יִסַּ֥ד בְּצִיּ֖וֹן אָ֑בֶן אֶ֣בֶן בֹּ֜חַן פִּנַּ֤ת יִקְרַת֙ מוּסָ֣ד מוּסָּ֔ד הַֽמַּאֲמִ֖ין לֹ֥א יָחִֽישׁ׃ 17 וְשַׂמְתִּ֤י מִשְׁפָּט֙ לְקָ֔ו וּצְדָקָ֖ה לְמִשְׁקָ֑לֶת וְיָעָ֤ה בָרָד֙ מַחְסֵ֣ה כָזָ֔ב וְסֵ֥תֶר מַ֖יִם יִשְׁטֹֽפוּ׃ 18 וְכֻפַּ֤ר בְּרִֽיתְכֶם֙ אֶת־מָ֔וֶת וְחָזוּתְכֶ֥ם אֶת־שְׁא֖וֹל לֹ֣א תָק֑וּם שׁ֤וֹט שׁוֹטֵף֙ כִּ֣י יַֽעֲבֹ֔ר וִהְיִ֥יתֶם ל֖וֹ לְמִרְמָֽס׃ 19 מִדֵּ֤י עָבְרוֹ֙ יִקַּ֣ח אֶתְכֶ֔ם כִּֽי־בַבֹּ֧קֶר בַּבֹּ֛קֶר יַעֲבֹ֖ר בַּיּ֣וֹם וּבַלָּ֑יְלָה וְהָיָ֥ה רַק־זְוָעָ֖ה הָבִ֥ין שְׁמוּעָֽה׃ 20 כִּֽי־קָצַ֥ר הַמַּצָּ֖ע מֵֽהִשְׂתָּרֵ֑עַ וְהַמַּסֵּכָ֥ה צָ֖רָה כְּהִתְכַּנֵּֽס׃ 21 כִּ֤י כְהַר־פְּרָצִים֙ יָק֣וּם יְהוָ֔ה כְּעֵ֖מֶק בְּגִבְע֣וֹן יִרְגָּ֑ז לַעֲשׂ֤וֹת מַעֲשֵׂ֨הוּ֙ זָ֣ר מַעֲשֵׂ֔הוּ וְלַֽעֲבֹד֙ עֲבֹ֣דָת֔וֹ נָכְרִיָּ֖ה עֲבֹדָתֽוֹ׃ 22 וְעַתָּה֙ אַל־תִּתְלוֹצָ֔צוּ פֶּֽן־יֶחְזְק֖וּ מֽוֹסְרֵיכֶ֑ם כִּֽי־כָלָ֨ה וְנֶחֱרָצָ֜ה שָׁמַ֗עְתִּי מֵאֵ֨ת אֲדֹנָ֧י יְהוִ֛ה צְבָא֖וֹת עַל־כָּל־הָאָֽרֶץ׃ 23 הַאֲזִ֥ינוּ וְשִׁמְע֖וּ קוֹלִ֑י הַקְשִׁ֥יבוּ וְשִׁמְע֖וּ אִמְרָתִֽי׃ 24 הֲכֹ֣ל הַיּ֔וֹם יַחֲרֹ֥שׁ הַחֹרֵ֖שׁ לִזְרֹ֑עַ יְפַתַּ֥ח וִֽישַׂדֵּ֖ד אַדְמָתֽוֹ׃ 25 הֲלוֹא֙ אִם־שִׁוָּ֣ה פָנֶ֔יהָ וְהֵפִ֥יץ קֶ֖צַח וְכַמֹּ֣ן יִזְרֹ֑ק וְשָׂ֨ם חִטָּ֤ה שׂוֹרָה֙ וּשְׂעֹרָ֣ה נִסְמָ֔ן וְכֻסֶּ֖מֶת גְּבֻלָתֽוֹ׃ 26 וְיִסְּר֥וֹ לַמִּשְׁפָּ֖ט אֱלֹהָ֥יו יוֹרֶֽנּוּ׃ 27 כִּ֣י לֹ֤א בֶֽחָרוּץ֙ י֣וּדַשׁ קֶ֔צַח וְאוֹפַ֣ן עֲגָלָ֔ה עַל־כַּמֹּ֖ן יוּסָּ֑ב כִּ֧י בַמַּטֶּ֛ה יֵחָ֥בֶט קֶ֖צַח וְכַמֹּ֥ן בַּשָּֽׁבֶט׃ 28 לֶ֣חֶם יוּדָ֔ק כִּ֛י לֹ֥א לָנֶ֖צַח אָד֣וֹשׁ יְדוּשֶׁ֑נּוּ וְ֠הָמַם גִּלְגַּ֧ל עֶגְלָת֛וֹ וּפָרָשָׁ֖יו לֹֽא־יְדֻקֶּֽנּוּ׃ 29 גַּם־זֹ֕את מֵעִ֛ם יְהוָ֥ה צְבָא֖וֹת יָצָ֑אָה הִפְלִ֣יא עֵצָ֔ה הִגְדִּ֖יל תּוּשִׁיָּֽה׃ ס
ဧဖရိမ်အမျိုးကိုစီရင်ခြင်း
1 စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏နေရာ ကြွယ်ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည် အမင်္ဂလာရှိ၏။ 2 ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူသည်၊ မိုးသီးပါလျက် ဖျက်ဆီးသော မိုးသက်မုန်တိုင်း ကဲ့သို့လည်းကောင်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့လည်းကောင်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။ 3 ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည်၊ ကျော်နင်းခြင်းကို ခံရလိမ့်မည်။ 4 ကြွယ်ဝသော ချိုင့်ဦးတွင်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည်၊ နွေကာလမစေ့မီ အလျင်သီးသော အသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့် ကိုင်လျက်ပင် စားတတ်၏။
5 ထိုကာလ၌လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိသောသရဖူ၊ အသရေတင့်တယ်သော ဦးရစ် ဖြစ်တော်မူလိမ့်မည်။ 6 တရားမှုကို စီရင်သောသူတို့အား တရားစီရင်သော ဉာဏ်ကိုလည်းကောင်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှုကိုလှန်သောသူတို့အား၊ ခွန်အားဗလကိုလည်းကောင်း ပေးတော်မူလိမ့်မည်။
7 သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက်ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည်အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲလျက်နေကြ၏။ 8 သူတို့စားပွဲ ရှိသမျှတို့သည်၊ လွတ်လပ်ရာ မရှိသည်တိုင်အောင်၊ အန်ဖတ်နှင့်လည်းကောင်း၊ အညစ်အကြေးနှင့်လည်းကောင်း ပြည့်လျက်ရှိကြ၏။ 9 သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူ ဖြစ်ကြသလော။ 10 ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ်ရှိပါသည်တကားဟု ဆိုကြ၏။ 11 အကယ်စင်စစ်၊ စကားမပြီသောနှုတ်၊ ရိုင်းသောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။ 12 ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည်ဟု မိန့်တော်မူသော်လည်း၊ သူတို့သည် နားမထောင်ကြ။၁ကော၊ ၁၄:၂၁။13 ထိုကြောင့်၊ သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိ ဖမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
ယေရုရှလင်မြို့ကိုသတိပေးခြင်း
14 သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့သား အကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ 15 သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိတ်သဟာယ ဖွဲ့ကြပြီ။ မရဏနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။ ငါတို့သည် မုသားကိုကိုးစားကြ၏။ လှည့်စားခြင်းအောက်၌ ပုန်းကွယ်၍ နေကြ၏ဟု ဆိုတတ်သောကြောင့်၊ 16 အရှင်ထာဝရဘုရားက၊ စုံစမ်းသောအမြစ်ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသောအကြောင်း မရှိ။ဆာ၊ ၁၁၈:၂၂-၂၃။ ရော၊ ၉:၃၃၊ ၁၀:၁၁။ ၁ ပေ၊ ၂:၆။17 တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုးသီးရွာ၍ ကိုးစားရာမုသားကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။ 18 သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိတ်သဟာယပျက်လိမ့်မည်။ မရဏနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။ 19 ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန်ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညမပြတ် ချင်းနင်းသည်ဖြစ်၍၊ သတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအကြောင်း ရှိလိမ့်မည်။ 20 ခုတင်သည် ကိုယ်မဆန့်လောက်အောင်တို၏။ စောင်သည်လည်း မခြုံလောက်အောင် ငယ်၏။ 21 ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော အမှုတော်ကို ပြုခြင်းငှာလည်းကောင်း၊ အလုပ်တော်တည်းဟူသော၊ လုပ်မြဲမဟုတ်သော အလုပ်တော်ကို လက်စသတ်ခြင်းငှာလည်းကောင်း၊ ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထတော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက်တော်မူမည်။ယောရှု၊ ၁၀:၁၀-၁၂။ ၂ရာ၊ ၅:၂၀။ ၅ရာ၊၁၄:၁၁။22 ယခုမှာ သင်တို့သည် သာ၍ပြင်းစွာသော ဆုံးမခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တစ်ဖန် ဆဲရေးခြင်းကို မပြုကြနှင့်။ ပြည်တစ်ပြည်လုံး၌ အနှံ့အပြား စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းရှိလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော်၌ ငါကြားရပြီ။
ဘုရားသခင်၏ဉာဏ်တော်
23 ငါပြောသံကိုကြား၍ မှတ်ကြလော့။ ငါ့စကားကို စေ့စေ့ နားထောင်နာယူကြလော့။ 24 လယ်လုပ်သောသူသည် မျိုးစေ့ကို ကြဲခြင်းငှာ၊ မြေကိုဆွလျက်၊ မြေစိုင်ကိုချေလျက် အစဉ် လယ်ထွန်တတ်သလော။ 25 လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ ဇီယာမျိုးစေ့ကို ကြဲသည်မဟုတ်လော။ ဂျုံစပါးမျိုးစေ့ကို အတန်းတန်းစိုက်၍၊ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့ အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော။ 26 အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီရင်တတ်သော ဉာဏ်ကိုပေးတော်မူ၏။ သူ့ကိုလည်း သွန်သင်တော်မူ၏။ 27 စမုန်နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မနယ်တတ်။ ဇီယာစေ့ပေါ်၌လည်း လှည်းဘီးကို မလှိမ့်တတ်။ စမုန်နက်စေ့ကို တုတ်နှင့်လည်းကောင်း၊ ဇီယာစေ့ကို ကြိမ်လုံးနှင့်လည်းကောင်း ရိုက်တတ်၏။ 28 ဂျုံစပါးကိုကား နယ်တတ်၏။ သို့သော်လည်း၊ အစဉ်နယ်တတ်သည် မဟုတ်။ လှည်းဘီးနှင့် မြင်းတို့ကို နှင်သော်လည်း၊ စပါးကို ညက်စေတတ်သည် မဟုတ်။ 29 ထိုအမှုသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံပေးတော်မူခြင်းသည် အံ့ဩဖွယ်ဖြစ်၏။ ဉာဏ်တော်သည်လည်း ထူးဆန်းပေ၏။