1 לְמַ֤עַן צִיּוֹן֙ לֹ֣א אֶחֱשֶׁ֔ה וּלְמַ֥עַן יְרוּשָׁלִַ֖ם לֹ֣א אֶשְׁק֑וֹט עַד־יֵצֵ֤א כַנֹּ֨גַהּ֙ צִדְקָ֔הּ וִישׁוּעָתָ֖הּ כְּלַפִּ֥יד יִבְעָֽר׃ 2 וְרָא֤וּ גוֹיִם֙ צִדְקֵ֔ךְ וְכָל־מְלָכִ֖ים כְּבוֹדֵ֑ךְ וְקֹ֤רָא לָךְ֙ שֵׁ֣ם חָדָ֔שׁ אֲשֶׁ֛ר פִּ֥י יְהוָ֖ה יִקֳּבֶֽנּוּ׃ 3 וְהָיִ֛יתְ עֲטֶ֥רֶת תִּפְאֶ֖רֶת בְּיַד־יְהוָ֑ה וצנוף מְלוּכָ֖ה בְּכַף־אֱלֹהָֽיִךְ׃ 4 לֹֽא־יֵאָמֵר֩ לָ֨ךְ ע֜וֹד עֲזוּבָ֗ה וּלְאַרְצֵךְ֙ לֹא־יֵאָמֵ֥ר עוֹד֙ שְׁמָמָ֔ה כִּ֣י לָ֗ךְ יִקָּרֵא֙ חֶפְצִי־בָ֔הּ וּלְאַרְצֵ֖ךְ בְּעוּלָ֑ה כִּֽי־חָפֵ֤ץ יְהוָה֙ בָּ֔ךְ וְאַרְצֵ֖ךְ תִּבָּעֵֽל׃ 5 כִּֽי־יִבְעַ֤ל בָּחוּר֙ בְּתוּלָ֔ה יִבְעָל֖וּךְ בָּנָ֑יִךְ וּמְשׂ֤וֹשׂ חָתָן֙ עַל־כַּלָּ֔ה יָשִׂ֥ישׂ עָלַ֖יִךְ אֱלֹהָֽיִךְ׃ 6 עַל־חוֹמֹתַ֣יִךְ יְרוּשָׁלִַ֗ם הִפְקַ֨דְתִּי֙ שֹֽׁמְרִ֔ים כָּל־הַיּ֧וֹם וְכָל־הַלַּ֛יְלָה תָּמִ֖יד לֹ֣א יֶחֱשׁ֑וּ הַמַּזְכִּרִים֙ אֶת־יְהוָ֔ה אַל־דֳּמִ֖י לָכֶֽם׃ 7 וְאַֽל־תִּתְּנ֥וּ דֳמִ֖י ל֑וֹ עַד־יְכוֹנֵ֞ן וְעַד־יָשִׂ֧ים אֶת־יְרֽוּשָׁלִַ֛ם תְּהִלָּ֖ה בָּאָֽרֶץ׃ 8 נִשְׁבַּ֧ע יְהוָ֛ה בִּֽימִינ֖וֹ וּבִזְר֣וֹעַ עֻזּ֑וֹ אִם־אֶתֵּן֩ אֶת־דְּגָנֵ֨ךְ ע֤וֹד מַֽאֲכָל֙ לְאֹ֣יְבַ֔יִךְ וְאִם־יִשְׁתּ֤וּ בְנֵֽי־נֵכָר֙ תִּֽירוֹשֵׁ֔ךְ אֲשֶׁ֥ר יָגַ֖עַתְּ בּֽוֹ׃ 9 כִּ֤י מְאַסְפָיו֙ יֹאכְלֻ֔הוּ וְהִֽלְל֖וּ אֶת־יְהוָ֑ה וּֽמְקַבְּצָ֥יו יִשְׁתֻּ֖הוּ בְּחַצְר֥וֹת קָדְשִֽׁי׃ ס 10 עִבְר֤וּ עִבְרוּ֙ בַּשְּׁעָרִ֔ים פַּנּ֖וּ דֶּ֣רֶךְ הָעָ֑ם סֹ֣לּוּ סֹ֤לּוּ הַֽמְסִלָּה֙ סַקְּל֣וּ מֵאֶ֔בֶן הָרִ֥ימוּ נֵ֖ס עַל־הָעַמִּֽים׃ 11 הִנֵּ֣ה יְהוָ֗ה הִשְׁמִ֨יעַ֙ אֶל־קְצֵ֣ה הָאָ֔רֶץ אִמְרוּ֙ לְבַת־צִיּ֔וֹן הִנֵּ֥ה יִשְׁעֵ֖ךְ בָּ֑א הִנֵּ֤ה שְׂכָרוֹ֙ אִתּ֔וֹ וּפְעֻלָּת֖וֹ לְפָנָֽיו׃ 12 וְקָרְא֥וּ לָהֶ֛ם עַם־הַקֹּ֖דֶשׁ גְּאוּלֵ֣י יְהוָ֑ה וְלָךְ֙ יִקָּרֵ֣א דְרוּשָׁ֔ה עִ֖יר לֹ֥א נֶעֱזָֽבָה׃ ס
1 ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့လည်းကောင်း၊ သူ၏ ကယ်တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့လည်းကောင်း မထင်ရှားမီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ်ငြိမ်သက်စွာ မနေရ။ 2 တစ်ပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေကိုလည်းကောင်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏နှုတ်တော်ထွက်နာမသစ်ဖြင့် သင့်ကိုခေါ်ကြလိမ့်မည်။ 3 သင်သည် ထာဝရဘုရား၏လက်တော်၌ တင့်တယ်သော ဦးရစ်၊ သင်၏ ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်။ 4 သင့်ကို၊ စွန့်ပစ်သောသူ ဟူ၍လည်းကောင်း၊ သင်၏မြေကို၊ လူဆိတ်ညံသောမြေဟူ၍လည်းကောင်း နောက်တစ်ဖန် မခေါ်ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏မြေသည် လက်ထပ်သောမြေဟူသောအမည်ကို ရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင့်ကို နှစ်သက်တော်မူ၏။ သင်၏မြေကိုလည်း လက်ထပ်ရလိမ့်မည်။ 5 လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့၊ သင်၏သားတို့သည် သင်နှင့် လက်ထပ်ကြလိမ့်မည်။ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့၊ သင်၏ဘုရားသခင်သည် သင်၌ဝမ်းမြောက်တော်မူလိမ့်မည်။ 6 အို ယေရုရှလင်မြို့၊ နေ့ညမပြတ် တိတ်ဆိတ်စွာမနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထားပြီ။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့၊ တိတ်ဆိတ်စွာ မနေကြနှင့်။ 7 ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ၊ မြေကြီးပေါ်မှာ ချီးမွမ်းစရာအကြောင်း ဖြစ်စေတော်မမူမီတိုင်အောင်၊ ဘုရားသခင်ကို မငြိမ်စေကြနှင့်။ 8 ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏စပါးနှင့် နောက်တစ်ဖန် ငါမကျွေး။ သင်သည် ကြိုးစား၍လုပ်သော စပျစ်ရည်ကို တစ်ပါးအမျိုးသားတို့သည် မသောက်ရကြ။ 9 စပါးကိုရိတ်သောသူတို့သည် ကိုယ်တိုင်စား၍၊ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ စပျစ်သီးကို သိမ်းသောသူတို့သည် ငါ၏ သန့်ရှင်းရာဌာနတံတိုင်းအတွင်း၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ယာလက်ရုံးတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။
10 မြို့တံခါးမှ ထွက်ကြ။ ထွက်ကြ။ လူများဖို့လမ်းကို ပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဖို့ အလံကိုထူကြ။ 11 မြေကြီးစွန်းတိုင်အောင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင်သောသူသည် လာ၏။ မိမိခံထိုက်သောအခသည် မိမိ၌ပါလျက်၊ ဆုလာဘ်တော်သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန်သတို့သမီးကို ပြောကြလော့။ဟေရှာ၊ ၄၀:၁၀။ ဗျာ၊ ၂၂:၁၂။12 သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရား ရွေးနုတ်တော်မူသောသူ ဟူ၍လည်းကောင်း၊ သင်သည် သူတစ်ပါး မစွန့်ပစ်၊ စည်ပင်သောမြို့ဟူ၍လည်းကောင်း သမုတ်ခြင်းကိုခံရလိမ့်မည်။