1 ה֣וֹי בָּנִ֤ים סֽוֹרְרִים֙ נְאֻם־יְהוָ֔ה לַעֲשׂ֤וֹת עֵצָה֙ וְלֹ֣א מִנִּ֔י וְלִנְסֹ֥ךְ מַסֵּכָ֖ה וְלֹ֣א רוּחִ֑י לְמַ֛עַן סְפ֥וֹת חַטָּ֖את עַל־חַטָּֽאת׃ 2 הַהֹלְכִים֙ לָרֶ֣דֶת מִצְרַ֔יִם וּפִ֖י לֹ֣א שָׁאָ֑לוּ לָעוֹז֙ בְּמָע֣וֹז פַּרְעֹ֔ה וְלַחְס֖וֹת בְּצֵ֥ל מִצְרָֽיִם׃ 3 וְהָיָ֥ה לָכֶ֛ם מָע֥וֹז פַּרְעֹ֖ה לְבֹ֑שֶׁת וְהֶחָס֥וּת בְּצֵל־מִצְרַ֖יִם לִכְלִמָּֽה׃ 4 כִּֽי־הָי֥וּ בְצֹ֖עַן שָׂרָ֑יו וּמַלְאָכָ֖יו חָנֵ֥ס יַגִּֽיעוּ׃ 5 כֹּ֣ל הבאיש עַל־עַ֖ם לֹא־יוֹעִ֣ילוּ לָ֑מוֹ לֹ֤א לְעֵ֨זֶר֙ וְלֹ֣א לְהוֹעִ֔יל כִּ֥י לְבֹ֖שֶׁת וְגַם־לְחֶרְפָּֽה׃ ס 6 מַשָּׂ֖א בַּהֲמ֣וֹת נֶ֑גֶב בְּאֶרֶץ֩ צָרָ֨ה וְצוּקָ֜ה לָבִ֧יא וָלַ֣יִשׁ מֵהֶ֗ם אֶפְעֶה֙ וְשָׂרָ֣ף מְעוֹפֵ֔ף יִשְׂאוּ֩ עַל־כֶּ֨תֶף עֲיָרִ֜ים חֵֽילֵהֶ֗ם וְעַל־דַּבֶּ֤שֶׁת גְּמַלִּים֙ אֽוֹצְרֹתָ֔ם עַל־עַ֖ם לֹ֥א יוֹעִֽילוּ׃ 7 וּמִצְרַ֕יִם הֶ֥בֶל וָרִ֖יק יַעְזֹ֑רוּ לָכֵן֙ קָרָ֣אתִי לָזֹ֔את רַ֥הַב הֵ֖ם שָֽׁבֶת׃ 8 עַתָּ֗ה בּ֣וֹא כָתְבָ֥הּ עַל־ל֛וּחַ אִתָּ֖ם וְעַל־סֵ֣פֶר חֻקָּ֑הּ וּתְהִי֙ לְי֣וֹם אַחֲר֔וֹן לָעַ֖ד עַד־עוֹלָֽם׃ 9 כִּ֣י עַ֤ם מְרִי֙ ה֔וּא בָּנִ֖ים כֶּחָשִׁ֑ים בָּנִ֕ים לֹֽא־אָב֥וּ שְׁמ֖וֹעַ תּוֹרַ֥ת יְהוָֽה׃ 10 אֲשֶׁ֨ר אָמְר֤וּ לָֽרֹאִים֙ לֹ֣א תִרְא֔וּ וְלַ֣חֹזִ֔ים לֹ֥א תֶחֱזוּ־לָ֖נוּ נְכֹח֑וֹת דַּבְּרוּ־לָ֣נוּ חֲלָק֔וֹת חֲז֖וּ מַהֲתַלּֽוֹת׃ 11 ס֚וּרוּ מִנֵּי־דֶ֔רֶךְ הַטּ֖וּ מִנֵּי־אֹ֑רַח הַשְׁבִּ֥יתוּ מִפָּנֵ֖ינוּ אֶת־קְד֥וֹשׁ יִשְׂרָאֵֽל׃ ס 12 לָכֵ֗ן כֹּ֤ה אָמַר֙ קְד֣וֹשׁ יִשְׂרָאֵ֔ל יַ֥עַן מָֽאָסְכֶ֖ם בַּדָּבָ֣ר הַזֶּ֑ה וַֽתִּבְטְחוּ֙ בְּעֹ֣שֶׁק וְנָל֔וֹז וַתִּֽשָּׁעֲנ֖וּ עָלָֽיו׃ 13 לָכֵ֗ן יִֽהְיֶ֤ה לָכֶם֙ הֶעָוֺ֣ן הַזֶּ֔ה כְּפֶ֣רֶץ נֹפֵ֔ל נִבְעֶ֖ה בְּחוֹמָ֣ה נִשְׂגָּבָ֑ה אֲשֶׁר־פִּתְאֹ֥ם לְפֶ֖תַע יָב֥וֹא שִׁבְרָֽהּ׃ 14 וּ֠שְׁבָרָהּ כְּשֵׁ֨בֶר נֵ֧בֶל יוֹצְרִ֛ים כָּת֖וּת לֹ֣א יַחְמֹ֑ל וְלֹֽא־יִמָּצֵ֤א בִמְכִתָּתוֹ֙ חֶ֔רֶשׂ לַחְתּ֥וֹת אֵשׁ֙ מִיָּק֔וּד וְלַחְשֹׂ֥ף מַ֖יִם מִגֶּֽבֶא׃ פ 15 כִּ֣י כֹֽה־אָמַר֩ אֲדֹנָ֨י יְהוִ֜ה קְד֣וֹשׁ יִשְׂרָאֵ֗ל בְּשׁוּבָ֤ה וָנַ֨חַת֙ תִּוָּ֣שֵׁע֔וּן בְּהַשְׁקֵט֙ וּבְבִטְחָ֔ה תִּהְיֶ֖ה גְּבֽוּרַתְכֶ֑ם וְלֹ֖א אֲבִיתֶֽם׃ 16 וַתֹּ֨אמְר֥וּ לֹא־כִ֛י עַל־ס֥וּס נָנ֖וּס עַל־כֵּ֣ן תְּנוּס֑וּן וְעַל־קַ֣ל נִרְכָּ֔ב עַל־כֵּ֖ן יִקַּ֥לּוּ רֹדְפֵיכֶֽם׃ 17 אֶ֣לֶף אֶחָ֗ד מִפְּנֵי֙ גַּעֲרַ֣ת אֶחָ֔ד מִפְּנֵ֛י גַּעֲרַ֥ת חֲמִשָּׁ֖ה תָּנֻ֑סוּ עַ֣ד אִם־נוֹתַרְתֶּ֗ם כַּתֹּ֨רֶן֙ עַל־רֹ֣אשׁ הָהָ֔ר וְכַנֵּ֖ס עַל־הַגִּבְעָֽה׃ 18 וְלָכֵ֞ן יְחַכֶּ֤ה יְהוָה֙ לַֽחֲנַנְכֶ֔ם וְלָכֵ֥ן יָר֖וּם לְרַֽחֶמְכֶ֑ם כִּֽי־אֱלֹהֵ֤י מִשְׁפָּט֙ יְהוָ֔ה אַשְׁרֵ֖י כָּל־ח֥וֹכֵי לֽוֹ׃ ס 19 כִּי־עַ֛ם בְּצִיּ֥וֹן יֵשֵׁ֖ב בִּירֽוּשָׁלִָ֑ם בָּכ֣וֹ לֹֽא־תִבְכֶּ֗ה חָנ֤וֹן יָחְנְךָ֙ לְק֣וֹל זַעֲקֶ֔ךָ כְּשָׁמְעָת֖וֹ עָנָֽךְ׃ 20 וְנָתַ֨ן לָכֶ֧ם אֲדֹנָ֛י לֶ֥חֶם צָ֖ר וּמַ֣יִם לָ֑חַץ וְלֹֽא־יִכָּנֵ֥ף עוֹד֙ מוֹרֶ֔יךָ וְהָי֥וּ עֵינֶ֖יךָ רֹא֥וֹת אֶת־מוֹרֶֽיךָ׃ 21 וְאָזְנֶ֨יךָ֙ תִּשְׁמַ֣עְנָה דָבָ֔ר מֵֽאַחֲרֶ֖יךָ לֵאמֹ֑ר זֶ֤ה הַדֶּ֨רֶךְ֙ לְכ֣וּ ב֔וֹ כִּ֥י תַאֲמִ֖ינוּ וְכִ֥י תַשְׂמְאִֽילוּ׃ 22 וְטִמֵּאתֶ֗ם אֶת־צִפּוּי֙ פְּסִילֵ֣י כַסְפֶּ֔ךָ וְאֶת־אֲפֻדַּ֖ת מַסֵּכַ֣ת זְהָבֶ֑ךָ תִּזְרֵם֙ כְּמ֣וֹ דָוָ֔ה צֵ֖א תֹּ֥אמַר לֽוֹ׃ 23 וְנָתַן֩ מְטַ֨ר זַרְעֲךָ֜ אֲשֶׁר־תִּזְרַ֣ע אֶת־הָאֲדָמָ֗ה וְלֶ֨חֶם֙ תְּבוּאַ֣ת הָֽאֲדָמָ֔ה וְהָיָ֥ה דָשֵׁ֖ן וְשָׁמֵ֑ן יִרְעֶ֥ה מִקְנֶ֛יךָ בַּיּ֥וֹם הַה֖וּא כַּ֥ר נִרְחָֽב׃ 24 וְהָאֲלָפִ֣ים וְהָעֲיָרִ֗ים עֹֽבְדֵי֙ הָֽאֲדָמָ֔ה בְּלִ֥יל חָמִ֖יץ יֹאכֵ֑לוּ אֲשֶׁר־זֹרֶ֥ה בָרַ֖חַת וּבַמִּזְרֶֽה׃ 25 וְהָיָ֣ה ׀ עַל־כָּל־הַ֣ר גָּבֹ֗הַ וְעַל֙ כָּל־גִּבְעָ֣ה נִשָּׂאָ֔ה פְּלָגִ֖ים יִבְלֵי־מָ֑יִם בְּיוֹם֙ הֶ֣רֶג רָ֔ב בִּנְפֹ֖ל מִגְדָּלִֽים׃ 26 וְהָיָ֤ה אֽוֹר־הַלְּבָנָה֙ כְּא֣וֹר הַֽחַמָּ֔ה וְא֤וֹר הַֽחַמָּה֙ יִהְיֶ֣ה שִׁבְעָתַ֔יִם כְּא֖וֹר שִׁבְעַ֣ת הַיָּמִ֑ים בְּי֗וֹם חֲבֹ֤שׁ יְהוָה֙ אֶת־שֶׁ֣בֶר עַמּ֔וֹ וּמַ֥חַץ מַכָּת֖וֹ יִרְפָּֽא׃ ס 27 הִנֵּ֤ה שֵׁם־יְהוָה֙ בָּ֣א מִמֶּרְחָ֔ק בֹּעֵ֣ר אַפּ֔וֹ וְכֹ֖בֶד מַשָּׂאָ֑ה שְׂפָתָיו֙ מָ֣לְאוּ זַ֔עַם וּלְשׁוֹנ֖וֹ כְּאֵ֥שׁ אֹכָֽלֶת׃ 28 וְרוּח֞וֹ כְּנַ֤חַל שׁוֹטֵף֙ עַד־צַוָּ֣אר יֶֽחֱצֶ֔ה לַהֲנָפָ֥ה גוֹיִ֖ם בְּנָ֣פַת שָׁ֑וְא וְרֶ֣סֶן מַתְעֶ֔ה עַ֖ל לְחָיֵ֥י עַמִּֽים׃ 29 הַשִּׁיר֙ יִֽהְיֶ֣ה לָכֶ֔ם כְּלֵ֖יל הִתְקַדֶּשׁ־חָ֑ג וְשִׂמְחַ֣ת לֵבָ֗ב כַּֽהוֹלֵךְ֙ בֶּֽחָלִ֔יל לָב֥וֹא בְהַר־יְהוָ֖ה אֶל־צ֥וּר יִשְׂרָאֵֽל׃ 30 וְהִשְׁמִ֨יעַ יְהוָ֜ה אֶת־ה֣וֹד קוֹל֗וֹ וְנַ֤חַת זְרוֹעוֹ֙ יַרְאֶ֔ה בְּזַ֣עַף אַ֔ף וְלַ֖הַב אֵ֣שׁ אוֹכֵלָ֑ה נֶ֥פֶץ וָזֶ֖רֶם וְאֶ֥בֶן בָּרָֽד׃ 31 כִּֽי־מִקּ֥וֹל יְהוָ֖ה יֵחַ֣ת אַשּׁ֑וּר בַּשֵּׁ֖בֶט יַכֶּֽה׃ 32 וְהָיָ֗ה כֹּ֤ל מַֽעֲבַר֙ מַטֵּ֣ה מֽוּסָדָ֔ה אֲשֶׁ֨ר יָנִ֤יחַ יְהוָה֙ עָלָ֔יו בְּתֻפִּ֖ים וּבְכִנֹּר֑וֹת וּבְמִלְחֲמ֥וֹת תְּנוּפָ֖ה נִלְחַם־בה׃ 33 כִּֽי־עָר֤וּךְ מֵֽאֶתְמוּל֙ תָּפְתֶּ֔ה גַּם־הוא לַמֶּ֥לֶךְ הוּכָ֖ן הֶעְמִ֣יק הִרְחִ֑ב מְדֻרָתָ֗הּ אֵ֤שׁ וְעֵצִים֙ הַרְבֵּ֔ה נִשְׁמַ֤ת יְהוָה֙ כְּנַ֣חַל גָּפְרִ֔ית בֹּעֲרָ֖ה בָּֽהּ׃ ס
အဲဂုတ္တုပြည်နှင့်မဟာမိတ်မပြုရ
1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပုန်ကန်သောအမျိုးသားတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့ကိုအမှီမပြုဘဲ အချင်းချင်းတိုင်ပင်ကြ၏။ ငါ့ဝိညာဉ်အခွင့်မရှိဘဲ မိတ်သဟာယဖွဲ့၍ အထပ်ထပ်အပြစ် ရောက်ကြ၏။ 2 ဖာရောဘုရင်၏ဘုန်းကိုအမှီပြု၍၊ အဲဂုတ္တုအရိပ်ကို ခိုလှုံခြင်းငှာ၊ ငါ့နှုတ်ထွက်ကို အခွင့်မပန်ဘဲ၊ အဲဂုတ္တုပြည်သို့ ရောက်အောင် သွားကြ၏။ 3 သို့ဖြစ်၍ သင်တို့သည် ဖာရောဘုရင်၏ ဘုန်းကိုအမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည်။ အဲဂုတ္တုအရိပ်ကို ခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည်။ 4 သူတို့မင်းတို့သည် ဇောနမြို့၌ ရှိကြပြီ။ သံတမန်တို့သည် ဟာနက်မြို့သို့ ရောက်ကြပြီ။ 5 အသုံးမဝင်၊ အကူအညီမပေး၊ ကျေးဇူးမပြုနိုင်ဘဲ ရှက်ကြောက်ခြင်း၊ အသရေပျက်ခြင်း အကြောင်းသာဖြစ်သော လူမျိုးကို သူတို့ရှိသမျှသည် ရှက်ကြောက်ကြ၏။ 6 ခြင်္သေ့မ၊ ခြင်္သေ့ပျို၊ မြွေဆိုး၊ ပျံတတ်သောမီးမြွေ များသဖြင့်၊ အလွန်ခဲယဉ်း၍ ဆင်းရဲသောပြည်ကို လျှောက်လျက်၊ တောင်မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ်မှာ တင်သောဝန်များကို ကြည့်ရှုကြလော့။ မြည်းပခုံးပေါ်မှာ ဥစ္စာပစ္စည်းများကိုလည်းကောင်း၊ ကုလားအုတ်၏ဘို့ပေါ်မှာ ဘဏ္ဍာများကိုလည်းကောင်း တင်၍၊ ကျေးဇူးမပြုနိုင်သော လူမျိုးထံသို့ ဆောင်သွားကြသည်တကား။ 7 အဲဂုတ္တုပြည်သည် အချည်းနှီးသက်သက်၊ အကျိုးမပေးနိုင်။ ထိုကြောင့်၊ မလှုပ်ဘဲနေတတ်သော ရာခပ်ဟု ငါသမုတ်ပေ၏။
ပုန်ကန်တတ်သောလူမျိုး
8 သင်သည် ယခုသွား၍ သူတို့ရှေ့မှာသင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက်တည်စေခြင်းငှာ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူကား၊ 9 ဤလူမျိုးသည် ပုန်ကန်တတ်၏။ ဖောက်ပြန်သောအမျိုးသား၊ ထာဝရဘုရား၏တရားတော်ကို နာယူခြင်းငှာ အလိုမရှိသော အမျိုးသားဖြစ်ကြ၏။ 10 သူတို့ကလည်း၊ ဗျာဒိတ်တော်ကို မခံပါနှင့်ဟု ဗျာဒိတ်ခံသော သူတို့အားလည်းကောင်း၊ မှန်သောစကားကို ငါတို့အား မဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ဟောကြပါ။ 11 လမ်းလွှဲကြပါ။ မှန်သောလမ်းကို ရှောင်ကြပါ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အားလည်းကောင်း ဆိုတတ်ကြ၏။ 12 သို့ဖြစ်၍၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် နှုတ်ကပတ်တော်ကိုပယ်၍၊ လိမ်ကောက် ယိုယွင်းခြင်းကိုသာ မှီဝဲခိုလှုံသောကြောင့်၊ 13 သင်တို့အပြစ်သည် ပြိုကျလုသော အုတ်ရိုးပျက်ကဲ့သို့လည်းကောင်း၊ မြင့်သောအုတ်ထရံ၌ မညီမညွတ် ထွက်ဝင်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ထိုထရံသည် အလျင်တဆော ချက်ချင်း ပြိုပျက်တတ်၏။ 14 မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည်။ ကွဲရာတွင်လည်း မီးဖိုထဲက မီးခဲခံစရာဖို့၊ ရေကန်ထဲက ရေခပ်စရာဖို့ အိုးခြမ်းတစ်ခုမျှ မရှိစေခြင်းငှာ၊ နှမြောခြင်းမရှိဘဲ ခွဲခြင်းကို ခံရလိမ့်မည်။
15 ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာနေလျှင်၊ ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ သင်တို့သည် ထိုသို့သော အလိုမရှိကြ။ 16 ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်ဟု ဆိုသောကြောင့်၊ သူတစ်ပါးတို့သည် သင်တို့ကို ပြေးစေမည်။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသောကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြလိမ့်မည်။ 17 သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သော မှတ်တိုင်ကဲ့သို့လည်းကောင်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့လည်းကောင်း ဖြစ်ရသည်တိုင်အောင်၊ တစ်ယောက်သောသူသည် ခြိမ်းလျှင်၊ တစ်ထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တစ်သောင်းပြေးကြလိမ့်မည်။
18 9*8/သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာပြုလိုသောငှာ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မျှော်လင့်သောသူ အပေါင်းတို့သည် မင်္ဂလာရှိကြ၏။
ဇိအုန်မြို့အတွက်ကတိတော်
19 ယေရုရှလင်မြို့၌နေသော ဇိအုန်အမျိုး၊ သင်သည် အစဉ် ငိုကြွေးရမည်မဟုတ်။ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်။ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်။ 20 ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကိုကျွေး၍၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ဆရာတို့သည် နောက်တစ်ဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။ 21 သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ ပြောသောစကားသံကို ကိုယ်နားနှင့် ကြားရလိမ့်မည်။ 22 ထုလုပ်သော ငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့ဟု ဆိုရလိမ့်မည်။ 23 သင်သည် လယ်၌ကြဲသောမျိုးစေ့ဖို့ မိုးကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်။ 24 ဆန်ကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍၊ ကောင်းမွန်စွာ ရောနှောသော စပါးကိုသာ မြေ၌လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။ 25 များစွာသော လူတို့ကို သတ်၍၊ ရဲတိုက်တို့သည် ပြိုလဲသောအခါ၊ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှားသော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်းများ ရှိကြလိမ့်မည်။ 26 ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက်စေတော်မူသောအခါ၊ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်၍၊ နေ၏အလင်းသည်လည်း ပကတိထက် ခုနစ်ဆလင်းလိမ့်မည်။
အာရှုရိပြည်ကိုဒဏ်ခတ်မည်
27 ကြည့်ရှုလော့။ ထာဝရဘုရား၏နာမတော်သည် ဝေးသောအရပ်မှ လာ၏။ အမျက်တော်လောင်၍ မီးလျှံဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာတော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။ 28 ထွက်သက်တော်သည်လည်း၊ လူမျိုးတို့ကို ရှင်းရှင်း ဖျက်ဆီးခြင်းငှာ၊ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မီလိမ့်မည်။ လမ်းလွဲစေသောဇက်ကို သူတို့ပါးစပ်၌ ခွံ့တော်မူလိမ့်မည်။ 29 သင်တို့သည် ပွဲခံသောနေ့ညတွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည်။ ဣသရေလအမျိုး၏ကျောက်၊ ထာဝရဘုရား၏ တောင်တော်သို့ ပုလွေမှုတ်လျက် သွားသကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်။ 30 ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံတော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော် သက်ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုးသီးပါလျက်၊ မိုးသက်မုန်တိုင်းများတို့ကို ပြတော်မူလိမ့်မည်။ 31 သို့ဖြစ်၍၊ အာရှုရိလူသည် ထာဝရဘုရား၏အသံတော်အားဖြင့် လှဲချခြင်း၊ လှံတံတော်အားဖြင့် ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။ 32 ထာဝရဘုရားစီရင်၍၊ သူ၏အပေါ်မှာ လေးစွာချထားတော်မူသော လှံတံသည် လျှောက်သွားရာရာ၌ စောင်း၊ ပတ်သာတီးခြင်းနှင့်တကွ ဖြစ်လိမ့်မည်။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည်။ 33 အကြောင်းမူကား၊ တောဖက်အရပ်သည် ရှေးကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဖို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှာ ဖန်ဆင်းတော်မူပြီ။ မီးရှို့ဖို့ ထင်းပုံကြီးလည်း ရှိ၏။ ထာဝရဘုရား၏ထွက်သက်တော်သည် အရည်ကျိုသော ကန့်ကဲ့သို့၊ ထိုထင်းပုံကို မီးရှို့ရလိမ့်မည်။