1 מַשָּׂ֖א נִֽינְוֵ֑ה סֵ֧פֶר חֲז֛וֹן נַח֖וּם הָאֶלְקֹשִֽׁי׃ 2 אֵ֣ל קַנּ֤וֹא וְנֹקֵם֙ יְהוָ֔ה נֹקֵ֥ם יְהוָ֖ה וּבַ֣עַל חֵמָ֑ה נֹקֵ֤ם יְהוָה֙ לְצָרָ֔יו וְנוֹטֵ֥ר ה֖וּא לְאֹיְבָֽיו׃ 3 יְהֹוָ֗ה אֶ֤רֶךְ אַפַּ֨יִם֙ וגדול־כֹּ֔חַ וְנַקֵּ֖ה לֹ֣א יְנַקֶּ֑ה יְהוָ֗ה בְּסוּפָ֤ה וּבִשְׂעָרָה֙ דַּרְכּ֔וֹ וְעָנָ֖ן אֲבַ֥ק רַגְלָֽיו׃ 4 גּוֹעֵ֤ר בַּיָּם֙ וַֽיַּבְּשֵׁ֔הוּ וְכָל־הַנְּהָר֖וֹת הֶֽחֱרִ֑יב אֻמְלַ֤ל בָּשָׁן֙ וְכַרְמֶ֔ל וּפֶ֥רַח לְבָנ֖וֹן אֻמְלָֽל׃ 5 הָרִים֙ רָעֲשׁ֣וּ מִמֶּ֔נּוּ וְהַגְּבָע֖וֹת הִתְמֹגָ֑גוּ וַתִּשָּׂ֤א הָאָ֨רֶץ֙ מִפָּנָ֔יו וְתֵבֵ֖ל וְכָל־יֹ֥שְׁבֵי בָֽהּ׃ 6 לִפְנֵ֤י זַעְמוֹ֙ מִ֣י יַֽעֲמ֔וֹד וּמִ֥י יָק֖וּם בַּחֲר֣וֹן אַפּ֑וֹ חֲמָתוֹ֙ נִתְּכָ֣ה כָאֵ֔שׁ וְהַצֻּרִ֖ים נִתְּצ֥וּ מִמֶּֽנּוּ׃ 7 ט֣וֹב יְהוָ֔ה לְמָע֖וֹז בְּי֣וֹם צָרָ֑ה וְיֹדֵ֖עַ חֹ֥סֵי בֽוֹ׃ 8 וּבְשֶׁ֣טֶף עֹבֵ֔ר כָּלָ֖ה יַעֲשֶׂ֣ה מְקוֹמָ֑הּ וְאֹיְבָ֖יו יְרַדֶּף־חֹֽשֶׁךְ׃ 9 מַה־תְּחַשְּׁבוּן֙ אֶל־יְהוָ֔ה כָּלָ֖ה ה֣וּא עֹשֶׂ֑ה לֹֽא־תָק֥וּם פַּעֲמַ֖יִם צָרָֽה׃ 10 כִּ֚י עַד־סִירִ֣ים סְבֻכִ֔ים וּכְסָבְאָ֖ם סְבוּאִ֑ים אֻ֨כְּל֔וּ כְּקַ֥שׁ יָבֵ֖שׁ מָלֵֽא׃ 11 מִמֵּ֣ךְ יָצָ֔א חֹשֵׁ֥ב עַל־יְהוָ֖ה רָעָ֑ה יֹעֵ֖ץ בְּלִיָּֽעַל׃ ס 12 כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה אִם־שְׁלֵמִים֙ וְכֵ֣ן רַבִּ֔ים וְכֵ֥ן נָגֹ֖זּוּ וְעָבָ֑ר וְעִ֨נִּתִ֔ךְ לֹ֥א אֲעַנֵּ֖ךְ עֽוֹד׃ 13 וְעַתָּ֕ה אֶשְׁבֹּ֥ר מֹטֵ֖הוּ מֵֽעָלָ֑יִךְ וּמוֹסְרֹתַ֖יִךְ אֲנַתֵּֽק׃ 14 וְצִוָּ֤ה עָלֶ֨יךָ֙ יְהוָ֔ה לֹֽא־יִזָּרַ֥ע מִשִּׁמְךָ֖ ע֑וֹד מִבֵּ֨ית אֱלֹהֶ֜יךָ אַכְרִ֨ית פֶּ֧סֶל וּמַסֵּכָ֛ה אָשִׂ֥ים קִבְרֶ֖ךָ כִּ֥י קַלּֽוֹתָ׃ פ
1 ဧလကောရှရွာသား နာဟုံခံရ၍၊ နိနေဝေမြို့နှင့် ဆိုင်သော ဗျာဒိတ်တော်အချက်ဟူမူကား၊ဟေရှာ၊ ၁၀:၅-၃၄၊ ၁၄:၂၄-၂၇။ ဇေ၊ ၂:၁၃-၁၅။
ထာဝရဘုရား၏အမျက်တော်
2 အပြစ်ရှိသည်ဟု ထာဝရဘုရားသည် ယုံလွယ်၍ ဒဏ်ပေးသောဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဒဏ်ပေး၍ အမျက် ပြင်းထန်တော်မူ၏။ ထာဝရဘုရားသည် ရန်ဘက်ပြုသောသူတို့ကို ဒဏ်ပေး၍၊ ရန်သူတို့ကို အငြိုးထားတော်မူ၏။ 3 ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်း ကြီးတော်မူ၏။ သို့ရာတွင်၊ အပြစ်တည်သော သူတို့ကို အပြစ်မှ လွှတ်တော်မမူ။ ထာဝရဘုရားသည် လေပွေ၌လည်းကောင်း၊ မိုးသက်မုန်တိုင်း၌လည်းကောင်းကြွတော်မူ၍၊ မိုးတိမ်တို့သည် စက်တော်အောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြ၏။ 4 ပင်လယ်ကို ဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသော မြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန်တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။ 5 ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ်လျက်၊ ကုန်းတို့သည် အရည်ကျိုလျက်၊ ရှေ့တော်၌ မြေကြီးနှင့် လောကဓာတ်မှစ၍ လောကသားအပေါင်းတို့သည် ရွေ့လျက်ရှိကြ၏။ 6 အမျက်တော်ရှေ့မှာ အဘယ်သူ ရပ်နိုင်သနည်း။ အမျက်တော်အရှိန်ကို အဘယ်သူ ဆီးတားနိုင်သနည်း။ မီးလောင်သကဲ့သို့ အမျက်ထွက်၍၊ ကျောက်တို့ကို ဖြိုချတော်မူ၏။ 7 ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။ 8 ရန်သူနေရာကို လွှမ်းမိုးသောမြစ်ရေနှင့် ဆုံးရှုံးစေတော်မူသဖြင့်၊ ရန်သူတို့ကို မှောင်မိုက်လိုက်လိမ့်မည်။
9 ထာဝရဘုရားတစ်ဖက်၌ အဘယ်သို့ ကြံစည်ကြသနည်း။ အပြီးဆုံးရှုံးစေတော်မူမည်။ တစ်ဖန် နှိပ်နင်းစရာ အကြောင်းမရှိရ။ 10 သူတို့သည် ဆူးပင်ကဲ့သို့ အချင်းချင်း ညှိတွယ်လျက်၊ စပျစ်ရည်နှင့် ယစ်မူးသကဲ့သို့ဖြစ်လျက်၊ သွေ့ခြောက်သော အမှိုက်ကဲ့သို့ မီးလောင်ခြင်းကို ခံရကြလိမ့်မည်။ 11 ထာဝရဘုရားတစ်ဖက်၌ မကောင်းသော အကြံကို ကြံစည်သော အဓမ္မတိုင်ပင်အမတ်သည် သင့်အထဲက ပေါ်လာပြီ။ 12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် စုံလင်၍ အရေအတွက်အားဖြင့် များပြားသော်လည်း၊ ဆုံးရှုံး၍ ကွယ်ပျောက်ရကြလိမ့်မည်။ သင့်ကို ငါညှဉ်းဆဲဖူးသော်လည်း နောက်တစ်ဖန် မညှဉ်းဆဲ။ 13 ယခုမှာ သင်၌ သူတင်သော ထမ်းပိုးကို ငါချိုးပယ်၍၊ ချည်နှောင်သော ကြိုးတို့ကိုလည်း ဖြတ်မည်။ 14 သင်၏အမှု၌ ထာဝရဘုရား စီရင်တော်မူသည်ကား၊ သင်၏အမျိုး မဆက်မနွယ်ရ။ ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုတို့ကို သင်၏ဘုရားကျောင်းမှ ငါပယ်ရှင်းမည်။ သင်သည် ယုတ်မာသောကြောင့် သင်၏သင်္ချိုင်းကို ငါလုပ်မည်။ 15 ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းစကားကို ကြားပြောသောသူ၏ ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။ အို ယုဒအမျိုး၊ သင်၏ဓမ္မပွဲကိုခံလော့။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေလော့။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖြတ်ခြင်းကို ခံရသောကြောင့် နောက်တစ်ဖန်သင့်ကို မကျော်မနင်းရ။ဟေရှာ၊ ၅၂:၇။