1 אַ֣לְלַי לִ֗י כִּ֤י הָיִ֨יתִי֙ כְּאָסְפֵּי־קַ֔יִץ כְּעֹלְלֹ֖ת בָּצִ֑יר אֵין־אֶשְׁכּ֣וֹל לֶאֱכ֔וֹל בִּכּוּרָ֖ה אִוְּתָ֥ה נַפְשִֽׁי׃ 2 אָבַ֤ד חָסִיד֙ מִן־הָאָ֔רֶץ וְיָשָׁ֥ר בָּאָדָ֖ם אָ֑יִן כֻּלָּם֙ לְדָמִ֣ים יֶאֱרֹ֔בוּ אִ֥ישׁ אֶת־אָחִ֖יהוּ יָצ֥וּדוּ חֵֽרֶם׃ 3 עַל־הָרַ֤ע כַּפַּ֨יִם֙ לְהֵיטִ֔יב הַשַּׂ֣ר שֹׁאֵ֔ל וְהַשֹּׁפֵ֖ט בַּשִׁלּ֑וּם וְהַגָּד֗וֹל דֹּבֵ֨ר הַוַּ֥ת נַפְשׁ֛וֹ ה֖וּא וַֽיְעַבְּתֽוּהָ׃ 4 טוֹבָ֣ם כְּחֵ֔דֶק יָשָׁ֖ר מִמְּסוּכָ֑ה י֤וֹם מְצַפֶּ֨יךָ֙ פְּקֻדָּתְךָ֣ בָ֔אָה עַתָּ֥ה תִהְיֶ֖ה מְבוּכָתָֽם׃ 5 אַל־תַּאֲמִ֣ינוּ בְרֵ֔עַ אַֽל־תִּבְטְח֖וּ בְּאַלּ֑וּף מִשֹּׁכֶ֣בֶת חֵיקֶ֔ךָ שְׁמֹ֖ר פִּתְחֵי־פִֽיךָ׃ 6 כִּֽי־בֵן֙ מְנַבֵּ֣ל אָ֔ב בַּ֚ת קָמָ֣ה בְאִמָּ֔הּ כַּלָּ֖ה בַּחֲמֹתָ֑הּ אֹיְבֵ֥י אִ֖ישׁ אַנְשֵׁ֥י בֵיתֽוֹ׃ 7 וַאֲנִי֙ בַּיהוָ֣ה אֲצַפֶּ֔ה אוֹחִ֖ילָה לֵאלֹהֵ֣י יִשְׁעִ֑י יִשְׁמָעֵ֖נִי אֱלֹהָֽי׃ 8 אַֽל־תִּשְׂמְחִ֤י אֹיַ֨בְתִּי֙ לִ֔י כִּ֥י נָפַ֖לְתִּי קָ֑מְתִּי כִּֽי־אֵשֵׁ֣ב בַּחֹ֔שֶׁךְ יְהוָ֖ה א֥וֹר לִֽי׃ ס 9 זַ֤עַף יְהוָה֙ אֶשָּׂ֔א כִּ֥י חָטָ֖אתִי ל֑וֹ עַד֩ אֲשֶׁ֨ר יָרִ֤יב רִיבִי֙ וְעָשָׂ֣ה מִשְׁפָּטִ֔י יוֹצִיאֵ֣נִי לָא֔וֹר אֶרְאֶ֖ה בְּצִדְקָתֽוֹ׃ 10 וְתֵרֶ֤א אֹיַ֨בְתִּי֙ וּתְכַסֶּ֣הָ בוּשָׁ֔ה הָאֹמְרָ֣ה אֵלַ֔י אַיּ֖וֹ יְהוָ֣ה אֱלֹהָ֑יִךְ עֵינַי֙ תִּרְאֶ֣ינָּה בָּ֔הּ עַתָּ֛ה תִּֽהְיֶ֥ה לְמִרְמָ֖ס כְּטִ֥יט חוּצֽוֹת׃ 11 י֖וֹם לִבְנ֣וֹת גְּדֵרָ֑יִךְ י֥וֹם הַה֖וּא יִרְחַק־חֹֽק׃ 12 י֥וֹם הוּא֙ וְעָדֶ֣יךָ יָב֔וֹא לְמִנִּ֥י אַשּׁ֖וּר וְעָרֵ֣י מָצ֑וֹר וּלְמִנִּ֤י מָצוֹר֙ וְעַד־נָהָ֔ר וְיָ֥ם מִיָּ֖ם וְהַ֥ר הָהָֽר׃ 13 וְהָיְתָ֥ה הָאָ֛רֶץ לִשְׁמָמָ֖ה עַל־יֹֽשְׁבֶ֑יהָ מִפְּרִ֖י מַֽעַלְלֵיהֶֽם׃ ס 14 רְעֵ֧ה עַמְּךָ֣ בְשִׁבְטֶ֗ךָ צֹ֚אן נַֽחֲלָתֶ֔ךָ שֹׁכְנִ֣י לְבָדָ֔ד יַ֖עַר בְּת֣וֹךְ כַּרְמֶ֑ל יִרְע֥וּ בָשָׁ֛ן וְגִלְעָ֖ד כִּימֵ֥י עוֹלָֽם׃ 15 כִּימֵ֥י צֵאתְךָ֖ מֵאֶ֣רֶץ מִצְרָ֑יִם אַרְאֶ֖נּוּ נִפְלָאֽוֹת׃ 16 יִרְא֤וּ גוֹיִם֙ וְיֵבֹ֔שׁוּ מִכֹּ֖ל גְּבֽוּרָתָ֑ם יָשִׂ֤ימוּ יָד֙ עַל־פֶּ֔ה אָזְנֵיהֶ֖ם תֶּחֱרַֽשְׁנָה׃ 17 יְלַחֲכ֤וּ עָפָר֙ כַּנָּחָ֔שׁ כְּזֹחֲלֵ֣י אֶ֔רֶץ יִרְגְּז֖וּ מִמִּסְגְּרֹֽתֵיהֶ֑ם אֶל־יְהוָ֤ה אֱלֹהֵ֨ינוּ֙ יִפְחָ֔דוּ וְיִֽרְא֖וּ מִמֶּֽךָּ׃ 18 מִי־אֵ֣ל כָּמ֗וֹךָ נֹשֵׂ֤א עָוֺן֙ וְעֹבֵ֣ר עַל־פֶּ֔שַׁע לִשְׁאֵרִ֖ית נַחֲלָת֑וֹ לֹא־הֶחֱזִ֤יק לָעַד֙ אַפּ֔וֹ כִּֽי־חָפֵ֥ץ חֶ֖סֶד הֽוּא׃ 19 יָשׁ֣וּב יְרַֽחֲמֵ֔נוּ יִכְבֹּ֖שׁ עֲוֺֽנֹתֵ֑ינוּ וְתַשְׁלִ֛יךְ בִּמְצֻל֥וֹת יָ֖ם כָּל־חַטֹּאותָֽם׃ 20 תִּתֵּ֤ן אֱמֶת֙ לְיַֽעֲקֹ֔ב חֶ֖סֶד לְאַבְרָהָ֑ם אֲשֶׁר־נִשְׁבַּ֥עְתָּ לַאֲבֹתֵ֖ינוּ מִ֥ימֵי קֶֽדֶם׃
အကျင့်စာရိတ္တပျက်ခြင်း
1 ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့လည်းကောင်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့လည်းကောင်း ငါဖြစ်၏။ စားစရာဖို့ စပျစ်သီးပြွတ် မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီးကို ငါတောင့်တရ၏။ 2 ကောင်းသောပြည်သားအပေါင်းတို့သည် ကွယ်ပျောက်ကြပြီ။ ဖြောင့်မတ်သောသူ တစ်ယောက်မျှမရှိ။ ခပ်သိမ်းသောသူတို့သည် လူအသက်ကို သတ်ခြင်းငှာ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကျော့ကွင်းနှင့် ဖမ်းတတ်ကြ၏။ 3 ဒုစရိုက်ကို ကြိုးစား၍ပြုခြင်းငှာ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီးသည် တံစိုးကို စားတတ်၏။ သူတစ်ပါးထက်ကြီးသောသူသည် မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှာ ပြုတတ်ကြ၏။ 4 အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ်၏။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက်ခက်လှ၏။ သင်၏ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ်ကြောခြင်းကို ခံရသော နေ့ရက်သည် ရောက်လာပြီ။ နှိပ်စက်နှောင့်ယှက်ရာကာလ ဖြစ်၏။ 5 အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသောသူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သောမယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။ 6 အကြောင်းမူကား၊ သားသည် အဘ၏အသရေကို ဖျက်လိမ့်မည်။ သမီးသည် အမိကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။မ၊ ၁၀:၃၅-၃၆။ လု၊ ၁၂:၅၃။
7 ငါမူကား၊ ထာဝရဘုရားကို မျှော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။
အလင်းနှင့်ကယ်တင်ခြင်း
8 အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက်ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။ 9 ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံးဖြတ်တော် မမူမီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။ 10 သင်၏ ဘုရားသခင် ထာဝရဘုရားကား၊ အဘယ်မှာရှိသနည်းဟုမေးသော ငါ့ရန်သူသည် ထိုအမှုကို မြင်၍ ရှက်ကြောက်လိမ့်မည်။ သူ၌ ငါ့စိတ်ပြေလိမ့်မည်။ သူသည် လမ်းမှာ ရွှံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရလိမ့်မည်။
11 သင်၏မြို့ရိုးတည်သောကာလသည် ရောက်လိမ့်မည်။ အမိန့်တော်အရှိန် ကုန်လိမ့်မည်။ 12 ထိုကာလ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှလည်းကောင်း၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြား အရပ်မှလည်းကောင်း၊ ပင်လယ်ကမ်းနားအရပ်ရပ်၊ တောင်ခြေရင်း အရပ်ရပ်တို့မှလည်းကောင်း၊ သင့်ထံသို့ လာကြလိမ့်မည်။ 13 ထိုသို့ မဖြစ်မီ ပြည်သူပြည်သားပြုမိသော ဒုစရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည်။
ဣသရေလတို့အပေါ်သနားခြင်း
14 ကိုယ်တော်၏ လူတည်းဟူသော အပေါင်းအဖော်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရသော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော်မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ။ 15 သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင်သည်အတိုင်း၊ တစ်ဖန် အံ့ဩဖွယ်သောအမှုတို့ကို ငါပြမည်။ 16 လူအမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှသော တန်ခိုးကိုမြင်၍ မိန်းမောတွေဝေလျက်၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်၍ နားပင်းကြလိမ့်မည်။ 17 မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင်းထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကိုလည်းကောင်း၊ သင့်ကိုလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။
18 အပြစ်မှ လွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော်မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ်အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ်ဘုရား ရှိပါသနည်း။ 19 ကိုယ်တော်သည် အကျွန်ုပ်တို့ကို တစ်ဖန်သနား၍၊ အကျွန်ုပ်တို့၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့်မည်။ အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။ 20 ရှေးကာလမှစ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၌ သစ္စာစောင့်ခြင်း၊ အာဗြဟံအား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည်။
ပရောဖက်မိက္ခာ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။