1 בַּיּ֣וֹם הַה֗וּא יִֽהְיֶה֙ מָק֣וֹר נִפְתָּ֔ח לְבֵ֥ית דָּוִ֖יד וּלְיֹשְׁבֵ֣י יְרֽוּשָׁלִָ֑ם לְחַטַּ֖את וּלְנִדָּֽה׃ 2 וְהָיָה֩ בַיּ֨וֹם הַה֜וּא נְאֻ֣ם ׀ יְהוָ֣ה צְבָא֗וֹת אַכְרִ֞ית אֶת־שְׁמ֤וֹת הָֽעֲצַבִּים֙ מִן־הָאָ֔רֶץ וְלֹ֥א יִזָּכְר֖וּ ע֑וֹד וְגַ֧ם אֶת־הַנְּבִיאִ֛ים וְאֶת־ר֥וּחַ הַטֻּמְאָ֖ה אַעֲבִ֥יר מִן־הָאָֽרֶץ׃ 3 וְהָיָ֗ה כִּֽי־יִנָּבֵ֣א אִישׁ֮ עוֹד֒ וְאָמְר֣וּ אֵ֠לָיו אָבִ֨יו וְאִמּ֤וֹ יֹֽלְדָיו֙ לֹ֣א תִֽחְיֶ֔ה כִּ֛י שֶׁ֥קֶר דִּבַּ֖רְתָּ בְּשֵׁ֣ם יְהוָ֑ה וּדְקָרֻ֜הוּ אָבִ֧יהוּ וְאִמּ֛וֹ יֹלְדָ֖יו בְּהִנָּבְאֽוֹ׃ 4 וְהָיָ֣ה ׀ בַּיּ֣וֹם הַה֗וּא יֵבֹ֧שׁוּ הַנְּבִיאִ֛ים אִ֥ישׁ מֵחֶזְיֹנ֖וֹ בְּהִנָּֽבְאֹת֑וֹ וְלֹ֧א יִלְבְּשׁ֛וּ אַדֶּ֥רֶת שֵׂעָ֖ר לְמַ֥עַן כַּחֵֽשׁ׃ 5 וְאָמַ֕ר לֹ֥א נָבִ֖יא אָנֹ֑כִי אִישׁ־עֹבֵ֤ד אֲדָמָה֙ אָנֹ֔כִי כִּ֥י אָדָ֖ם הִקְנַ֥נִי מִנְּעוּרָֽי׃ 6 וְאָמַ֣ר אֵלָ֔יו מָ֧ה הַמַּכּ֛וֹת הָאֵ֖לֶּה בֵּ֣ין יָדֶ֑יךָ וְאָמַ֕ר אֲשֶׁ֥ר הֻכֵּ֖יתִי בֵּ֥ית מְאַהֲבָֽי׃ ס 7 חֶ֗רֶב עוּרִ֤י עַל־רֹעִי֙ וְעַל־גֶּ֣בֶר עֲמִיתִ֔י נְאֻ֖ם יְהוָ֣ה צְבָא֑וֹת הַ֤ךְ אֶת־הָֽרֹעֶה֙ וּתְפוּצֶ֣יןָ הַצֹּ֔אן וַהֲשִׁבֹתִ֥י יָדִ֖י עַל־הַצֹּעֲרִֽים׃ 8 וְהָיָ֤ה בְכָל־הָאָ֨רֶץ֙ נְאֻם־יְהוָ֔ה פִּֽי־שְׁנַ֣יִם בָּ֔הּ יִכָּרְת֖וּ יִגְוָ֑עוּ וְהַשְּׁלִשִׁ֖ית יִוָּ֥תֶר בָּֽהּ׃ 9 וְהֵבֵאתִ֤י אֶת־הַשְּׁלִשִׁית֙ בָּאֵ֔שׁ וּצְרַפְתִּים֙ כִּצְרֹ֣ף אֶת־הַכֶּ֔סֶף וּבְחַנְתִּ֖ים כִּבְחֹ֣ן אֶת־הַזָּהָ֑ב ה֣וּא ׀ יִקְרָ֣א בִשְׁמִ֗י וַֽאֲנִי֙ אֶעֱנֶ֣ה אֹת֔וֹ אָמַ֨רְתִּי֙ עַמִּ֣י ה֔וּא וְה֥וּא יֹאמַ֖ר יְהוָ֥ה אֱלֹהָֽי׃ ס
1 ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့သားတို့၏ ဒုစရိုက်အပြစ် အညစ်အကြေးကို ဆေးကြောစရာဖို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။ 2 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏နာမများကို နောက်တစ်ဖန် အဘယ်သူမျှ မမှတ်မိစေခြင်းငှာ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက်လုပ်သော သူတို့ကိုလည်းကောင်း၊ ညစ်ညူးသော ဝိညာဉ်ကိုလည်းကောင်း ပြည်တော်မှ နှင်ထုတ်မည်။ 3 လူတစ်စုံတစ်ယောက်သည် ပရောဖက်ပြုသေးလျှင်၊ ဖွားမြင်သော မိဘတို့က၊ သင်သည် ထာဝရဘုရား၏ နာမကိုအမှီပြု၍ မုသားစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟု ဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘတို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည်။ 4 ထိုကာလ၌ ပရောဖက်သည်ဟောပြောသောအခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည်။ သူတစ်ပါးကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကိုလည်း မဝတ်ရ။ 5 အကျွန်ုပ်သည် ပရောဖက်မဟုတ်၊ လယ်လုပ်သောသူဖြစ်ပါ၏။ ငယ်သောအရွယ်မှစ၍ သူတစ်ပါး၌ ကျွန်ခံရပါပြီဟု ဝန်ခံလိမ့်မည်။ 6 သူတစ်ပါးကလည်း၊ သင့်လက်၌ပေါ်သောဒဏ်ရာကား အဘယ်သို့နည်းဟုမေးလျှင် ဤဒဏ်ရာကား၊ ကျွန်ုပ်၏ အဆွေခင်ပွန်းအိမ်၌ ခံရသော ဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြောလိမ့်မည်။
သိုးထိန်းကိုသတ်ရန်အမိန့်တော်
7 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဓား၊ ငါ၏သိုးထိန်းတစ်ဖက်၊ ငါ၏အပေါင်းအဖော်ဖြစ်သောသူ တစ်ဖက်၌ နိုးလော့။ သိုးထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့လက်ကို တင်ဦးမည်။မ၊ ၂၆:၃၁။ မာ၊ ၁၄:၂၇။8 ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစ်စုသာကျန်ကြွင်းရလိမ့်မည်။ 9 ထိုတစ်စုကို မီးအလယ်သို့ ငါလျှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပတ္ထနာပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။