1 פְּתַ֥ח לְבָנ֖וֹן דְּלָתֶ֑יךָ וְתֹאכַ֥ל אֵ֖שׁ בַּאֲרָזֶֽיךָ׃ 2 הֵילֵ֤ל בְּרוֹשׁ֙ כִּֽי־נָ֣פַל אֶ֔רֶז אֲשֶׁ֥ר אַדִּרִ֖ים שֻׁדָּ֑דוּ הֵילִ֨ילוּ֙ אַלּוֹנֵ֣י בָשָׁ֔ן כִּ֥י יָרַ֖ד יַ֥עַר הבצור׃ 3 ק֚וֹל יִֽלְלַ֣ת הָרֹעִ֔ים כִּ֥י שֻׁדְּדָ֖ה אַדַּרְתָּ֑ם ק֚וֹל שַׁאֲגַ֣ת כְּפִירִ֔ים כִּ֥י שֻׁדַּ֖ד גְּא֥וֹן הַיַּרְדֵּֽן׃ ס 4 כֹּ֥ה אָמַ֖ר יְהוָ֣ה אֱלֹהָ֑י רְעֵ֖ה אֶת־צֹ֥אן הַהֲרֵגָֽה׃ 5 אֲשֶׁ֨ר קֹנֵיהֶ֤ן יַֽהֲרְגֻן֙ וְלֹ֣א יֶאְשָׁ֔מוּ וּמֹכְרֵיהֶ֣ן יֹאמַ֔ר בָּר֥וּךְ יְהוָ֖ה וַאעְשִׁ֑ר וְרֹ֣עֵיהֶ֔ם לֹ֥א יַחְמ֖וֹל עֲלֵיהֶֽן׃ 6 כִּ֠י לֹ֣א אֶחְמ֥וֹל ע֛וֹד עַל־יֹשְׁבֵ֥י הָאָ֖רֶץ נְאֻם־יְהוָ֑ה וְהִנֵּ֨ה אָנֹכִ֜י מַמְצִ֣יא אֶת־הָאָדָ֗ם אִ֤ישׁ בְּיַד־רֵעֵ֨הוּ֙ וּבְיַ֣ד מַלְכּ֔וֹ וְכִתְּתוּ֙ אֶת־הָאָ֔רֶץ וְלֹ֥א אַצִּ֖יל מִיָּדָֽם׃ 7 וָֽאֶרְעֶה֙ אֶת־צֹ֣אן הַֽהֲרֵגָ֔ה לָכֵ֖ן עֲנִיֵּ֣י הַצֹּ֑אן וָאֶקַּֽח־לִ֞י שְׁנֵ֣י מַקְל֗וֹת לְאַחַ֞ד קָרָ֤אתִי נֹ֨עַם֙ וּלְאַחַד֙ קָרָ֣אתִי חֹֽבְלִ֔ים וָאֶרְעֶ֖ה אֶת־הַצֹּֽאן׃ 8 וָאַכְחִ֛ד אֶת־שְׁלֹ֥שֶׁת הָרֹעִ֖ים בְּיֶ֣רַח אֶחָ֑ד וַתִּקְצַ֤ר נַפְשִׁי֙ בָּהֶ֔ם וְגַם־נַפְשָׁ֖ם בָּחֲלָ֥ה בִֽי׃ 9 וָאֹמַ֕ר לֹ֥א אֶרְעֶ֖ה אֶתְכֶ֑ם הַמֵּתָ֣ה תָמ֗וּת וְהַנִּכְחֶ֨דֶת֙ תִּכָּחֵ֔ד וְהַ֨נִּשְׁאָר֔וֹת תֹּאכַ֕לְנָה אִשָּׁ֖ה אֶת־בְּשַׂ֥ר רְעוּתָֽהּ׃ 10 וָאֶקַּ֤ח אֶת־מַקְלִי֙ אֶת־נֹ֔עַם וָאֶגְדַּ֖ע אֹת֑וֹ לְהָפֵיר֙ אֶת־בְּרִיתִ֔י אֲשֶׁ֥ר כָּרַ֖תִּי אֶת־כָּל־הָעַמִּֽים׃ 11 וַתֻּפַ֖ר בַּיּ֣וֹם הַה֑וּא וַיֵּדְע֨וּ כֵ֜ן עֲנִיֵּ֤י הַצֹּאן֙ הַשֹּׁמְרִ֣ים אֹתִ֔י כִּ֥י דְבַר־יְהוָ֖ה הֽוּא׃ 12 וָאֹמַ֣ר אֲלֵיהֶ֗ם אִם־ט֧וֹב בְּעֵינֵיכֶ֛ם הָב֥וּ שְׂכָרִ֖י וְאִם־לֹ֣א ׀ חֲדָ֑לוּ וַיִּשְׁקְל֥וּ אֶת־שְׂכָרִ֖י שְׁלֹשִׁ֥ים כָּֽסֶף׃ 13 וַיֹּ֨אמֶר יְהוָ֜ה אֵלַ֗י הַשְׁלִיכֵ֨הוּ֙ אֶל־הַיּוֹצֵ֔ר אֶ֣דֶר הַיְקָ֔ר אֲשֶׁ֥ר יָקַ֖רְתִּי מֵֽעֲלֵיהֶ֑ם וָֽאֶקְחָה֙ שְׁלֹשִׁ֣ים הַכֶּ֔סֶף וָאַשְׁלִ֥יךְ אֹת֛וֹ בֵּ֥ית יְהוָ֖ה אֶל־הַיּוֹצֵֽר׃ 14 וָֽאֶגְדַּע֙ אֶת־מַקְלִ֣י הַשֵּׁנִ֔י אֵ֖ת הַחֹֽבְלִ֑ים לְהָפֵר֙ אֶת־הָֽאַחֲוָ֔ה בֵּ֥ין יְהוּדָ֖ה וּבֵ֥ין יִשְׂרָאֵֽל׃ ס 15 וַיֹּ֥אמֶר יְהוָ֖ה אֵלָ֑י ע֣וֹד קַח־לְךָ֔ כְּלִ֖י רֹעֶ֥ה אֱוִלִֽי׃ 16 כִּ֣י הִנֵּֽה־אָנֹכִי֩ מֵקִ֨ים רֹעֶ֜ה בָּאָ֗רֶץ הַנִּכְחָד֤וֹת לֹֽא־יִפְקֹד֙ הַנַּ֣עַר לֹֽא־יְבַקֵּ֔שׁ וְהַנִּשְׁבֶּ֖רֶת לֹ֣א יְרַפֵּ֑א הַנִּצָּבָה֙ לֹ֣א יְכַלְכֵּ֔ל וּבְשַׂ֤ר הַבְּרִיאָה֙ יֹאכַ֔ל וּפַרְסֵיהֶ֖ן יְפָרֵֽק׃ ס 17 ה֣וֹי רֹעִ֤י הָֽאֱלִיל֙ עֹזְבִ֣י הַצֹּ֔אן חֶ֥רֶב עַל־זְרוֹע֖וֹ וְעַל־עֵ֣ין יְמִינ֑וֹ זְרֹעוֹ֙ יָב֣וֹשׁ תִּיבָ֔שׁ וְעֵ֥ין יְמִינ֖וֹ כָּהֹ֥ה תִכְהֶֽה׃ ס
1 အို လေဗနုန်တောင်၊ သင်၏အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှာ သင်၏တံခါးတို့ကို ဖွင့်လော့။ 2 အို ထင်းရှူးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည်တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အို ဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသောကြောင့် မြည်တမ်းကြလော့။ 3 သိုးထိန်းတို့သည် မိမိတို့အသရေပျက်သောကြောင့်၊ မြည်တမ်းသောအသံကို ပြုကြ၏။ ယော်ဒန်မြစ်၏ ဂုဏ်အသရေပျက်သောကြောင့်၊ ခြင်္သေ့ပျိုဟောက်သောအသံကို ကြားရ၏။
မိုက်သောသိုးထိန်း
4 ငါ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သတ်ဖို့ရာထားသော ဤသိုးစုကို ကျွေးမွေးလော့။ 5 ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည်ကို မသိကြ။ ရောင်းစားသော သူတို့ကလည်း၊ ငါရတတ်သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။ 6 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တစ်ဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့လည်းကောင်း၊ ရှင်ဘုရင်လက်သို့လည်းကောင်း အပ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးကို နှိပ်စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲနေမည်ဟု မိန့်တော်မူ၏။
7 ထိုသို့ သတ်ဖို့ရာထားသော သိုးစုတည်းဟူသော၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ၏။ သိုးထိန်း တောင်ဝှေးနှစ်စင်းကိုယူ၍၊ တစ်စင်းကို ကျေးဇူးဟူ၍လည်းကောင်း၊ တစ်စင်းကို အနှောင်အဖွဲ့ဟူ၍လည်းကောင်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။ 8 သိုးထိန်းသုံးယောက်ကိုလည်း တစ်လတွင် ငါပယ်ဖြတ်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ၏။ 9 နောက်တစ်ဖန် သင်တို့ကို ငါမကျွေး။ သေသော အကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသောအကောင်တို့သည် တစ်ကောင်ကိုတစ်ကောင် စားပါလေစေဟု ငါဆိုလျက်၊ 10 ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏တောင်ဝှေးကို ယူ၍ ချိုး၏။ 11 ထိုပဋိညာဉ်သည် ထိုနေ့၌ပျက်သောကြောင့်၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။ 12 တစ်ဖန် ငါက၊ ငါရထိုက်သော အခကိုပေးအံ့သောငှာ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလိုမရှိလျှင် မပေးကြနှင့်ဟု ဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှာ ငွေသုံးဆယ်ကို ချိန်ကြ၏။မ၊ ၂၆:၁၅။13 ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်းသမားရှေ့မှာ ပစ်ချလော့။ ငါ့ကို အဖိုးဖြတ်၍ ငွေများလှသည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ်ကို ငါယူ၍ ထာဝရဘုရား၏ဗိမာန်တော်၌ အိုးထိန်းသမားရှေ့မှာ ပစ်ချ၏။မ၊ ၂၇:၉-၁၀။14 ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့သော မိတ်သဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိသော အခြားတောင်ဝှေးကို ငါချိုး၏။
15 တစ်ဖန် ထာဝရဘုရားက၊ မိုက်သော သိုးထိန်း၏တန်ဆာတို့ကို သိမ်းယူလော့။ 16 အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတစ်ဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသော အကောင်ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသောအကောင်ကို အနာပျောက်စေခြင်းငှာ မပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့်မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။ 17 သိုးစုကို စွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာ ရှိစေသတည်း။ သူ၏လက်ရုံးနှင့် လက်ယာမျက်စိ၌ ဓားဘေး ရောက်လိမ့်မည်။ လက်ရုံးသည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ယာမျက်စိသည် အကုန်အစင်မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။