1 מַשָּׂ֖א בָּבֶ֑ל אֲשֶׁ֣ר חָזָ֔ה יְשַׁעְיָ֖הוּ בֶּן־אָמֽוֹץ׃ 2 עַ֤ל הַר־נִשְׁפֶּה֙ שְֽׂאוּ־נֵ֔ס הָרִ֥ימוּ ק֖וֹל לָהֶ֑ם הָנִ֣יפוּ יָ֔ד וְיָבֹ֖אוּ פִּתְחֵ֥י נְדִיבִֽים׃ 3 אֲנִ֥י צִוֵּ֖יתִי לִמְקֻדָּשָׁ֑י גַּ֣ם קָרָ֤אתִי גִבּוֹרַי֙ לְאַפִּ֔י עַלִּיזֵ֖י גַּאֲוָתִֽי׃ 4 ק֥וֹל הָמ֛וֹן בֶּֽהָרִ֖ים דְּמ֣וּת עַם־רָ֑ב ק֠וֹל שְׁא֞וֹן מַמְלְכ֤וֹת גּוֹיִם֙ נֶֽאֱסָפִ֔ים יְהוָ֣ה צְבָא֔וֹת מְפַקֵּ֖ד צְבָ֥א מִלְחָמָֽה׃ 5 בָּאִ֛ים מֵאֶ֥רֶץ מֶרְחָ֖ק מִקְצֵ֣ה הַשָּׁמָ֑יִם יְהוָה֙ וּכְלֵ֣י זַעְמ֔וֹ לְחַבֵּ֖ל כָּל־הָאָֽרֶץ׃ 6 הֵילִ֕ילוּ כִּ֥י קָר֖וֹב י֣וֹם יְהוָ֑ה כְּשֹׁ֖ד מִשַּׁדַּ֥י יָבֽוֹא׃ 7 עַל־כֵּ֖ן כָּל־יָדַ֣יִם תִּרְפֶּ֑ינָה וְכָל־לְבַ֥ב אֱנ֖וֹשׁ יִמָּס׃ 8 וְֽנִבְהָ֓לוּ ׀ צִירִ֤ים וַֽחֲבָלִים֙ יֹֽאחֵז֔וּן כַּיּוֹלֵדָ֖ה יְחִיל֑וּן אִ֤ישׁ אֶל־רֵעֵ֨הוּ֙ יִתְמָ֔הוּ פְּנֵ֥י לְהָבִ֖ים פְּנֵיהֶֽם׃ 9 הִנֵּ֤ה יוֹם־יְהוָה֙ בָּ֔א אַכְזָרִ֥י וְעֶבְרָ֖ה וַחֲר֣וֹן אָ֑ף לָשׂ֤וּם הָאָ֨רֶץ֙ לְשַׁמָּ֔ה וְחַטָּאֶ֖יהָ יַשְׁמִ֥יד מִמֶּֽנָּה׃ 10 כִּֽי־כוֹכְבֵ֤י הַשָּׁמַ֨יִם֙ וּכְסִ֣ילֵיהֶ֔ם לֹ֥א יָהֵ֖לּוּ אוֹרָ֑ם חָשַׁ֤ךְ הַשֶּׁ֨מֶשׁ֙ בְּצֵאת֔וֹ וְיָרֵ֖חַ לֹֽא־יַגִּ֥יהַ אוֹרֽוֹ׃ 11 וּפָקַדְתִּ֤י עַל־תֵּבֵל֙ רָעָ֔ה וְעַל־רְשָׁעִ֖ים עֲוֺנָ֑ם וְהִשְׁבַּתִּי֙ גְּא֣וֹן זֵדִ֔ים וְגַאֲוַ֥ת עָרִיצִ֖ים אַשְׁפִּֽיל׃ 12 אוֹקִ֥יר אֱנ֖וֹשׁ מִפָּ֑ז וְאָדָ֖ם מִכֶּ֥תֶם אוֹפִֽיר׃ 13 עַל־כֵּן֙ שָׁמַ֣יִם אַרְגִּ֔יז וְתִרְעַ֥שׁ הָאָ֖רֶץ מִמְּקוֹמָ֑הּ בְּעֶבְרַת֙ יְהוָ֣ה צְבָא֔וֹת וּבְי֖וֹם חֲר֥וֹן אַפּֽוֹ׃ 14 וְהָיָה֙ כִּצְבִ֣י מֻדָּ֔ח וּכְצֹ֖אן וְאֵ֣ין מְקַבֵּ֑ץ אִ֤ישׁ אֶל־עַמּוֹ֙ יִפְנ֔וּ וְאִ֥ישׁ אֶל־אַרְצ֖וֹ יָנֽוּסוּ׃ 15 כָּל־הַנִּמְצָ֖א יִדָּקֵ֑ר וְכָל־הַנִּסְפֶּ֖ה יִפּ֥וֹל בֶּחָֽרֶב׃ 16 וְעֹלְלֵיהֶ֥ם יְרֻטְּשׁ֖וּ לְעֵֽינֵיהֶ֑ם יִשַּׁ֨סּוּ֙ בָּֽתֵּיהֶ֔ם וּנְשֵׁיהֶ֖ם תשגלנה׃ 17 הִנְנִ֛י מֵעִ֥יר עֲלֵיהֶ֖ם אֶת־מָדָ֑י אֲשֶׁר־כֶּ֨סֶף֙ לֹ֣א יַחְשֹׁ֔בוּ וְזָהָ֖ב לֹ֥א יַחְפְּצוּ־בֽוֹ׃ 18 וּקְשָׁת֖וֹת נְעָרִ֣ים תְּרַטַּ֑שְׁנָה וּפְרִי־בֶ֨טֶן֙ לֹ֣א יְרַחֵ֔מוּ עַל־בָּנִ֖ים לֹֽא־תָח֥וּס עֵינָֽם׃ 19 וְהָיְתָ֤ה בָבֶל֙ צְבִ֣י מַמְלָכ֔וֹת תִּפְאֶ֖רֶת גְּא֣וֹן כַּשְׂדִּ֑ים כְּמַהְפֵּכַ֣ת אֱלֹהִ֔ים אֶת־סְדֹ֖ם וְאֶת־עֲמֹרָֽה׃ 20 לֹֽא־תֵשֵׁ֣ב לָנֶ֔צַח וְלֹ֥א תִשְׁכֹּ֖ן עַד־דּ֣וֹר וָד֑וֹר וְלֹֽא־יַהֵ֥ל שָׁם֙ עֲרָבִ֔י וְרֹעִ֖ים לֹא־יַרְבִּ֥צוּ שָֽׁם׃ 21 וְרָבְצוּ־שָׁ֣ם צִיִּ֔ים וּמָלְא֥וּ בָתֵּיהֶ֖ם אֹחִ֑ים וְשָׁ֤כְנוּ שָׁם֙ בְּנ֣וֹת יַֽעֲנָ֔ה וּשְׂעִירִ֖ים יְרַקְּדוּ־שָֽׁם׃ 22 וְעָנָ֤ה אִיִּים֙ בְּאַלְמנוֹתָ֔יו וְתַנִּ֖ים בְּהֵ֣יכְלֵי עֹ֑נֶג וְקָר֤וֹב לָבוֹא֙ עִתָּ֔הּ וְיָמֶ֖יהָ לֹ֥א יִמָּשֵֽׁכוּ׃
ဗာဗုလုန်ကိုဒဏ်ခတ်မည်
1 ဗာဗုလုန်မြို့ကိုရည်ဆောင်၍ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊ဟေရှာ၊ ၄၇:၁-၁၅။ ယေ၊ ၅၀:၁-၅၁:၆၄။2 ရှင်းလင်းသောတောင်ပေါ်မှာ အလံကိုထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။ သူတို့သည် မင်းတို့နေရာ တံခါးများကို ဝင်ကြစေ။ 3 ငါသန့်ရှင်းစေသောသူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှာ ငါခေါ်ပြီ။ 4 ကြီးစွာသော အလုံးအရင်း၏အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် စစ်တိုက်ခြင်းငှာ၊ အလုံးအရင်းကို စီရင်ခင်းကျင်းတော်မူ၏။ 5 ထာဝရဘုရားနှင့် အတူတကွ အမျက်တော်လက်နက်တို့သည် တစ်ပြည်လုံးကို ဖျက်ဆီးခြင်းငှာ၊ ဝေးသောပြည်၊ ကောင်းကင်စွန်းမှလာကြ၏။
6 ထာဝရဘုရား၏နေ့ရက်သည် နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင်စီရင်တော်မူသော ဘေးအန္တရာယ်ကဲ့သို့ လာလိမ့်မည်။ယောလ၊၁:၁၅။7 ထိုကြောင့်၊ ရှိသမျှသောလက်တို့သည် ကျကြလိမ့်မည်။ လူအပေါင်းတို့သည် စိတ်ပျက်၍ ကြောက်လန့်ခြင်းသို့ ရောက်ကြလိမ့်မည်။ 8 နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဖွားသောမိန်းမကဲ့သို့ ဝေဒနာကိုခံရလျက်၊ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု၍ မှိုင်တွေသဖြင့်၊ သူတို့မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။ 9 ထိုပြည်ကို ဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ၊ ထာဝရဘုရား၏ ကြမ်းကြုတ်သော နေ့ရက်သည် ပြင်းထန်သောဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။ 10 မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး။ နေသည်လည်း ထွက်သောအခါမိုက်လျက်၊ လသည်လည်း မထွန်းမလင်းဘဲလျက် ရှိလိမ့်မည်။ယေဇ၊ ၃၂:၇။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။ ဗျာ၊ ၆:၁၂-၁၃။ ၈း၁၂။11 ထိုလောကီနိုင်ငံ၏အပြစ်ကိုလည်းကောင်း၊ မတရားသောသူတို့၏ဒုစရိုက်များကိုလည်းကောင်း ငါစစ်ကြောမည်။ မာနကြီးသောသူတို့၏ထောင်လွှားခြင်းကို ငါနှိပ်စက်၍၊ ကြမ်းကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။ 12 လူသည် ရွှေစင်ထက် အဖိုးထိုက်မည်အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဖိုးထိုက်မည်အကြောင်း ငါပြုမည်။ 13 သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ ဒေါသအမျက်တော်ပြင်းစွာထွက်သောနေ့ရက်၌၊ မိုးကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီးလည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။ 14 ပြည်သားတို့သည် ကြောက်၍ ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ဖြစ်၍၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။ 15 တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေးလျက်ရှိသော သူအပေါင်းတို့လည်း ဓားဖြင့်ဆုံးကြလိမ့်မည်။ 16 သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့အိမ်များကို လုယက်၍၊ သူတို့မယားများကို အဓမ္မပြုကြလိမ့်မည်။
17 ကြည့်ရှုလော့။ ငွေကို ပမာဏမပြု၊ ရွှေကို အလိုမရှိသော မေဒိလူများကို သူတို့တစ်ဖက်၌ ငါနှိုးဆော်မည်။ 18 သူတို့သည် လူပျိုတို့ကို လေးနှင့် ရိုက်ခတ်ကြလိမ့်မည်။ အကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။ 19 တိုင်းနိုင်ငံတို့၏ အထွတ်၊ ခါလဒဲအမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။က၊ ၁၉:၂၄။20 ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှမဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ။ 21 တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့်ရှိကြလိမ့်မည်။ ကုလားအုတ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။ဟေရှာ၊ ၃၄:၁၄။ ဇေ၊ ၂:၁၄။ ဗျာ၊ ၁၈:၂။22 တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌လည်းကောင်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌လည်းကောင်း၊ အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သောကာလနီးလှပြီ။ ထိုမြို့၏အသက်တာ မရှည်ရ။