1 כִּקְדֹ֧חַ אֵ֣שׁ הֲמָסִ֗ים מַ֚יִם תִּבְעֶה־אֵ֔שׁ לְהוֹדִ֥יעַ שִׁמְךָ֖ לְצָרֶ֑יךָ מִפָּנֶ֖יךָ גּוֹיִ֥ם יִרְגָּֽזוּ׃ 2 בַּעֲשׂוֹתְךָ֥ נוֹרָא֖וֹת לֹ֣א נְקַוֶּ֑ה יָרַ֕דְתָּ מִפָּנֶ֖יךָ הָרִ֥ים נָזֹֽלּוּ׃ 3 וּמֵעוֹלָ֥ם לֹא־שָׁמְע֖וּ לֹ֣א הֶאֱזִ֑ינוּ עַ֣יִן לֹֽא־רָאָ֗תָה אֱלֹהִים֙ זוּלָ֣תְךָ֔ יַעֲשֶׂ֖ה לִמְחַכֵּה־לֽוֹ׃ 4 פָּגַ֤עְתָּ אֶת־שָׂשׂ֙ וְעֹ֣שֵׂה צֶ֔דֶק בִּדְרָכֶ֖יךָ יִזְכְּר֑וּךָ הֵן־אַתָּ֤ה קָצַ֨פְתָּ֙ וַֽנֶּחֱטָ֔א בָּהֶ֥ם עוֹלָ֖ם וְנִוָּשֵֽׁעַ׃ 5 וַנְּהִ֤י כַטָּמֵא֙ כֻּלָּ֔נוּ וּכְבֶ֥גֶד עִדִּ֖ים כָּל־צִדְקֹתֵ֑ינוּ וַנָּ֤בֶל כֶּֽעָלֶה֙ כֻּלָּ֔נוּ וַעֲוֺנֵ֖נוּ כָּר֥וּחַ יִשָּׂאֻֽנוּ׃ 6 וְאֵין־קוֹרֵ֣א בְשִׁמְךָ֔ מִתְעוֹרֵ֖ר לְהַחֲזִ֣יק בָּ֑ךְ כִּֽי־הִסְתַּ֤רְתָּ פָנֶ֨יךָ֙ מִמֶּ֔נּוּ וַתְּמוּגֵ֖נוּ בְּיַד־עֲוֺנֵֽנוּ׃ 7 וְעַתָּ֥ה יְהוָ֖ה אָבִ֣ינוּ אָ֑תָּה אֲנַ֤חְנוּ הַחֹ֨מֶר֙ וְאַתָּ֣ה יֹצְרֵ֔נוּ וּמַעֲשֵׂ֥ה יָדְךָ֖ כֻּלָּֽנוּ׃ 8 אַל־תִּקְצֹ֤ף יְהוָה֙ עַד־מְאֹ֔ד וְאַל־לָעַ֖ד תִּזְכֹּ֣ר עָוֺ֑ן הֵ֥ן הַבֶּט־נָ֖א עַמְּךָ֥ כֻלָּֽנוּ׃ 9 עָרֵ֥י קָדְשְׁךָ֖ הָי֣וּ מִדְבָּ֑ר צִיּוֹן֙ מִדְבָּ֣ר הָיָ֔תָה יְרוּשָׁלִַ֖ם שְׁמָמָֽה׃ 10 בֵּ֧ית קָדְשֵׁ֣נוּ וְתִפְאַרְתֵּ֗נוּ אֲשֶׁ֤ר הִֽלְל֨וּךָ֙ אֲבֹתֵ֔ינוּ הָיָ֖ה לִשְׂרֵ֣פַת אֵ֑שׁ וְכָל־מַחֲמַדֵּ֖ינוּ הָיָ֥ה לְחָרְבָּֽה׃ 11 הַעַל־אֵ֥לֶּה תִתְאַפַּ֖ק יְהוָ֑ה תֶּחֱשֶׁ֥ה וּתְעַנֵּ֖נוּ עַד־מְאֹֽד׃ ס
1 ကိုယ်တော်သည် မိုးကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။ 2 မီးသည် အမှိုက်ကိုလောင်သကဲ့သို့လည်းကောင်း၊ ရေကို ဆူစေသကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ရန်သူတို့သည် နာမတော်ကိုသိ၍၊ ရှေ့တော်၌ လူအမျိုးမျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။ 3 အကျွန်ုပ်တို့ မျှော်လင့်သည်ထက်၊ အံ့ဖွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။ 4 ကိုယ်တော်ကို မျှော်လင့်သော သူတို့အဖို့အလိုငှာ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့် မမြင်စဖူးပါ။၁ကော၊ ၂:၉။5 ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့်သောသူ၊ တရားတော်လမ်းတို့၌ ကိုယ်တော်ကို အောက်မေ့သောသူတို့နှင့် ကိုယ်တော်သည် မိတ်သဟာယဖွဲ့တော်မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ်သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါမည်လော။ 6 အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့် တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။ 7 နာမတော်ကို ပတ္ထနာပြုသောသူ၊ ကိုယ်တော်ကိုမှီဝဲခြင်းငှာ ကိုယ်ကိုကိုယ် နှိုးဆော်သောသူ တစ်ယောက်မျှမရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။ 8 သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။ 9 အို ထာဝရဘုရား၊ ပြင်းစွာအမျက်ထွက်တော်မမူပါနှင့်။ ပြစ်မှားမိသောအပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ရှိသမျှသည် ကိုယ်တော်၏လူဖြစ်ကြပါ၏။ 10 သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါပြီ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ။ ယေရုရှလင်မြို့လည်း ပျက်စီးပါပြီ။ 11 ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ်၊ အကျွန်ုပ်တို့၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ။ အကျွန်ုပ်တို့ နှစ်သက်ဖွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက် ရှိကြပါ၏။ 12 အို ထာဝရဘုရား၊ ဤအမှုတို့ကို သည်းခံတော်မူမည်လော၊ အောင့်လျက်နေ၍ အကျွန်ုပ်တို့ကို အလွန်ဆင်းရဲစေတော်မူမည်လော။